ကြက်သွန်တောက်တဲ့မြီး ရောဂါ (Onion Purple Blotch)နှင့် ကာကွယ်နှိမ်နင်းနည်း

10/01/2018 16:53 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရောဂါဖြစ်စေသော သက်ရှိ- Alternaria porri

ကျရောက်သည့် အချိန်- ရေသွင်းစိုက်ချိန်

ရောဂါလက္ခဏာ

ကြက်သွန် အမြိတ်ပေါ်တွင် အညိုရောင် အပြောက် အလယ်၌ ခရမ်းရောင်များ ဖြစ်ပေါ်နေခြင်းသည် ဤရောဂါ၏ ထင်ရှားသော လက္ခဏာ ဖြစ်သည်။ ရာသီဥတု အခြေအနေ ပေးပါက ၎င်းကွက်ပြောက်သည် ခရမ်းရောင် ဘဲဥပုံ ဗဟိုတူ စက်ဝိုင်းရစ်များ ဖြစ်ပေါ်လာပါသည်။ အမြိတ်ရင့်များပေါ်တွင် ရောဂါ ကျရောက်မှု ပိုမို တွေ့ရှိရပါသည်။ ရောဂါ ကျရောက်မှု ပြင်းထန်ပါက အမြိတ်တွင် ရောဂါ တစ်ပတ်ပတ်မိပြီး ကျိုးကျ စေပါသည်။ ကြက်သွန်ဥ တူးဖော်ချိန် ရောဂါ ကျရောက်ပါက ဥများပေါ်တွင် ရေစိုနာကွက် ဖြစ်ပြီး ပျော့ပုပ်စေနိုင်ပါသည်။ အမြိတ်နှင့် ဥ ဆက်သည့် နေရာတွင် အဝါရင့်ရောင်၊ နီညိုရောင် အနာကွက်များပေါ်၌ အညိုရောင် မှိုမျှင်စုများ တွေ့ရပြီး ရောဂါရ တစ်သျှူးသားမှာ စက္ကူကဲ့သို့ပါးပြီး ညိုခြောက်သွားသည်။

ရောဂါသံသရာ

ပူနွေး စွတ်စိုသော ရာသီဥတု(၁၈ဒီဂရီ- ၃၀ဒီဂရီ  စင်တီဂရိတ်) တွင် ပိုမို၍ ရောဂါ ကျစေပါသည်။ ရေသွင်းစိုက် ဧရိယာများတွင် ဤရောဂါ ပြင်းထန်စွာ ကျရောက်လေ့ရှိပါသည်။ ရောဂါ ကျစေသာ အစိတ်အပိုင်းနှင့် ကြက်သွန်စေ့များပေါ်တွင် ရောဂါ ဖြစ်စေသော မှိုသည် ခိုအောင်း နေနိုင်သည်။ အင်းဆက်ပိုး၊ သွင်းရေ၊ လေ တို့အားဖြင့် ကူးစက် ပျံ့နှံ့စေပါသည်။ ကြက်သွန်မြိတ်ပေါ်တွင် လေဝင်ပေါက်နှင့် ဒဏ်ရာများမှ တဆင့် ရောဂါ ဝင်ရောက် နိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) ခြောက်သွေ့ပြီး ကောင်းမွန်စွာ သိုလှောင်ထားသော မျိုးကို အသုံးပြုပါ။

(၂) ရောဂါကျ အခင်းမှ ပင်ကြွင်း ပင်ကျန်များကို စုပုံ၍ မီးရှို့ခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ပါ။

(၃) ကြက်သွန်ခင်းတွင် ပုလဲ (နိုက်ထရိုဂျင်) မြေသြဇာကို လွန်ကဲစွာ မသုံးရ။

(၄) ကြက်သွန်ခင်းတွင် ရေမဝပ်စေရ။

(၅) သီးနှံ အလှည့်ကျ စိုက်ပျိုးပါ။

(၆) ရောဂါ ကျရောက်ပါက မှိုသတ်ဆေးများ ဖြစ်သော လာဘီလိုက်(Labilite) ဆေးကို (၂၀၀ဂရမ်/ဧက) PHI မှာ (၁၄)ရက် ၊  ဒက်ကိုနေး( Deconil) PHI (၇) ရက် ၁၄၃-၁၆၇ ဂရမ်/ ဧက၊ ကိုဆိုက်ဒ်( Kocide) PHI (၁၄) ရက် ၁ကီလို/ဧက နှုန်းဖြင့် (၁၀-၁၄)ရက် ခြား ပက်ဖျန်းပါ။

မှတ်ချက်။ PHI (Pre Harvest Interval)ဆိုသည်မှာ ပိုးသတ်ဆေးဖြန်း အသုံးပြုပြီးနောက် သီးနှံများ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလ။

ပိုးသတ်ဆေး တစ်မျိုးချင်း သီးနှံအမျိုးအစားပေါ် မူတည်၍ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလသည် ကွာခြားမှု ရှိပါသည်။

အစိမ်းရောင်လမ်း

မှတ်ချက်- စိုက်ပျိုး မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်  စိုက်ပျိုးရေး ဦးစီးဌာန (www.doa.gov.mm)မှ စိုက်ပျိုးရေး နည်းပညာများ ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်။

ဓာတ်ပုံ- ကြက်သွန်တောက်တဲ့မြီးရောဂါ လက္ခဏာ


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်