ကြက်သွန်နီအဝင်များပြီး ဈေးဆက်တိုက်ကျ၊ ပြည်ပအဝယ်ကြောင့် ငရုတ်ဈေးများ မြင့်တက်

14/01/2023 09:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ယခုသီတင်းပတ်အတွင်း ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်နီက အဝင်များပြီး ဈေးဆက်တိုက်ကျနေကာ ငရုတ်သီးဈေးတွေကတော့ ပြည်ပအဝယ်ရှိနေလို့ ဈေးတွေမြင့်တက်လာတယ်လို့ သိရပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် ကားအဝင် အစီးရေ ၄၀ နီးပါးရှိပြီး ပိဿာချိန် ၂၅၀၀၀၀ နီးပါးအဝင်ရှိနေတာဖြစ်လို့ ဈေးက ဆက်တိုက်ကျဆင်းနေတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၁၆၀၀ ကနေ ၂၁၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

မော်လမြိုင်ဈေးကွက်မှာလည်း ကြက်သွန်နီက တစ်ပိဿာကို ၁၈၀၀ ကနေ ၂၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးကျဆင်းပါတယ်။

ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၁၁၀၀ ကနေ ၁၇၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀၀ လောက်ဈေးကျဆင်းပါတယ်။

ငရုတ်

ငရုတ်ကတော့ ပြည်ပအဝယ်ရှိနေတဲ့အတွက် ဈေးတွေ မြင့်တက်လာပါတယ်။ ငရုတ်သီးအစိမ်းတွေ အဝင်ရှိနေတဲ့ အတွက် ငရုတ်အခြောက်တွေ ဈေးကောင်းရရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၁၇၅၀၀ ကနေ ၁၈၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀၀ ကျပ်၊ ပန်းရဲ ငရုတ်ကတော့ တစ်ပိဿာကို ၁၄၀၀၀ ကနေ ၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်၊ မိုးထောင်ပျော်ဘွယ်ကတော့ တစ်ပိဿာကို ၁၄၀၀၀ ကနေ ၁၅၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀၀ ကျပ် အသီးသီး ဈေးတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်