ကြက်သွန်နီကို အမြစ်ထွက်ဟိုမုန်းအဖြစ် အသုံးချခြင်း 

20/09/2022 18:00 PM တွင် Aye Aye Aye Aye မှ ရေးသား

(ကြက်သွန်နီ - သဘာဝအမြစ်ထွက်စေသောဟိုမုန်း)

မြေထုပ်စည်းခြင်းနှင့် ကိုင်းကူးကိုင်းဆက်ခြင်းတို့တွင် အသုံးဝင်သော ဟိုမုန်းအမျိုးအစား(၂)မျိုးဖြစ်သည့် Auxin နှင့်Gibberellins တို့သည် ကြက်သွန်နီဥတွင် ပါဝင်နေသည်။

Auxin သည် ဆဲလ်ရှည်ထွက်ခြင်းကို အားပေးသော ဟိုမုန်းဖြစ်သည်။ ထို့အပြင် အပင်၏ ဘဝစက်ဝန်းတွင် ကြီးထွားမှုဆိုင်ရာ၊ အပြုအမူဆိုင်ရာ ဖြစ်စဉ်များတွင် ဟန်ချက်ညီအောင် ကောင်းစွာထိန်းချုပ်နိုင်မှု၌ အရေးကြီးဆုံးကဏ္ဍအနေဖြင့် ပါဝင်သည်။ ဆဲလ်ကွဲပွားခြင်း၊ ဆဲလ်အသွင်ပြောင်းခြင်းနှင့် ကိုင်းဖြတ်စိုက်ရာ၌ အမြစ်ထွက်စေခြင်းတို့ကို ဖြစ်စေသည်။

Gibberellins သည် ပင်စည်ရှည်လျားခြင်း/ဆန့်ထွက်ခြင်း၊ အညှောက်ပေါက်ခြင်း၊ အစေ့ငုပ်လျှိုးခြင်း၊   ပန်းပွင့်ခြင်း၊ အရွက်နှင့်အသီးများရင့်ရော်ခြင်း စသည့် ဖွံ့ဖြိုးမှုဆိုင်ရာ ဖြစ်စဉ်အမျိုးမျိုးကို ထိန်းချုပ်သော အပင်ဟိုမုန်းဖြစ်သည်။ 

အသုံးပြုပုံ

#မြေထုပ်စည်းခြင်းအတွက် 

ကြက်သွန်နီဥကို အခွံခွာ၍ ထိပ်တိပေးရမည်။ ထို့နောက်..

  • ပင်စည်၏ဒဏ်ရာပေးထားသောနေရာကို ကြက်သွန်နီထိပ်ဖွင့်ထားသာအပိုင်းနှင့် ပွတ်ပေးရပါမည်။ ဒဏ်ရာပေးထားသော ပင်စည်၏အပေါ်ပိုင်းကို ပွတ်ပေးလျှင် ရပါသည်။
  • ပြီးနောက် ပုံမှန် မြေထုပ်စည်းနည်းအတိုင်း ပြုလုပ်နိုင်ပါသည်။
  • (၂၂)ရက်ခန့်တွင် ထိုနေရာတို့မှ အမြစ်များ စတင်ထွက်လာပါမည်။
  • (၃၀ - ၄၅) ရက်ခန့်တွင် မြေထုပ်စည်းသောအပင်များအတွက် ကိုင်းဖြတ်၍ ရွှေ့ပြောင်းစိုက်ရန် သင့်တော်သော အချိန်ဖြစ်ပါသည်။

#ကိုင်းကူး/ကိုင်းဆက်ခြင်းအတွက်

  • ပင်စည်၏ဒဏ်ရာပေးထားသောနေရာကို ကြက်သွန်နီဥနှင့် ပွတ်ပေးရုံသာမက ကူးမည့်ကိုင်း(scion) ကိုလည်း ပွတ်ပေး၍  ကိုင်းဆက်ခြင်းဖြင့် ရှင်သန်နိုင်မှု ပိုကောင်းပါသည်။
  • ကြက်သွန်သည်callusing (အသားတက်ခြင်း) ဖြစ်စေမှု ပိုကောင်းစေသောကြောင့်ဖြစ်သည်။

#ပင်စည်ကိုင်းဖြတ်စိုက်ခြင်းအတွက်

  • ကြက်သွန်နီဥကို ကြိတ်စက်ဖြင့် ကြိတ်၍ မြေခံ media ထဲတွင် ရောမွှေ၍ စိုက်ခြင်းဖြင့် အမြစ်ထွက်မှုကို ပိုကောင်းလာစေပါသည်။

ကဲ... ကြက်သွန်နီဥရဲ့ အသုံးဝင်ပုံလေးတွေကို သိပြီဆိုတော့...

ကိုင်းကူး၊ ကိုင်းဆက်ရာမှာ ကြက်သွန်နီဥကို အကျိုးရှိရှိ အသုံးပြုနိုင်ကြတော့မယ်လို့ ယုံကြည်ပါတယ်ရှင့်။

Ref; https://bit.ly/3dsuXwA

https://bit.ly/3qP8LQf

https://bit.ly/3xAVWg6

https://fb.watch/fotcHy8CC8/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်