အစိုဓာတ်များရင် ဖြစ်ပေါ်တတ်တဲ့ ကြက်သွန်နီဂျိုလိမ်ရောဂါ ကာကွယ်ကုသနည်း

13/12/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

မြန်မာနိုင်ငံမှာ ကြက်သွန်နီ ပျမ်းမျှ  ဧက ၁.၇ သိန်း ​ကျော်စိုက်ပျိုးလေ့ရှိပြီး ကြက်သွန်တန်ချိန် ၁ သန်း​ကျော် ထုတ်လုပ်လျက်ရှိတယ်လို့ စီးပွားကူးသန်းဌာန အချက်အလက်များအရ သိရှိရပါတယ်။

ကမ္ဘာ တစ်ဝှမ်းမှာလည်း ကြက်သွန်သီးနှံဟာ စိုက်ဧက အများဆုံး သီးနှံထဲ ပါဝင်တယ်လိုဆိုပါတယ်။

ကျန်းမာ​ရေးရှု​ထောင့်အရလည်း​ကောင်း၊ စီးပွား​ရေးအရ​သော်လည်း​ကောင်း၊ စားဖို​ဆောင်သီးနှံထဲမှာ မရှိမဖြစ် သီးနှံဖြစ်​နေပါတယ်။

ဒါ​ကြောင့်လည်း ကမ္ဘာမှာ မီးဖိုချောင်၏ဘုရင်မ (Queen of the Kitchen) ဟု လူသိများ​စေတာဖြစ်ပါလိမ့်မယ်။

ယခင်က ကြက်သွန်ဖြူဂျိုလိမ်​ရောဂါ အဖြစ်များ​သော်လည်း ယခုနှစ်အတွင်း ကြက်သွန်နီဂျိုလိမ်​ရောဂါပါ အဖြစ်များလာတာ​တွေ့ရပါတယ်။

​တောင်သူ​တွေ မှည့်​ခေါ်ကြတဲ့အမည်ဖြစ်တဲ့ ကြက်သွန်နီဂျိုလိမ် ​ရောဂါဆိုတာ ရောဂါလား၊ ပိုး​ကြောင့်လား၊ အာဟာရ​ကြောင့်လားသိရှိထားဖို့လိုပါတယ်။ ရောဂါ​ကြောင့်ဆိုရင်လည်း မှိုလား၊ ဘက်တီးရီးယားလား၊ နီမတုပ်​ကြောင့်လား အပြင် ဗိုင်းရပ်​ရောဂါလား ..စသဖြင့် ဂဃနဏ သိထား စေရန်ရည်ရွယ်ပြီး ပညာရှင်များရဲ့ လက်​တွေ့စမ်းသပ်ချက်များ၊ ကိုယ်​တွေ့ အ​တွေ့အကြုံများ၊ ကြက်သွန်စိုက်​တောင်သူများနဲ့​ဆွေး​နွေး​မေးမြန်းချက်များအ​ပေါ်အ​ခြေခံပြီး ​ကောက်နုတ်တင်​ပြပါရစေ။

  • မြန်မာအမည်   = ကြက်သွန်နီ ဂျိုလိမ်​ရောဂါ
  • အင်္ဂလိပ်အမည် = Onion twister disease/Anthracnose twister
  • Causal organism = Collectotrichum  spp.

India ပညာရှင်များရဲ့ ယူဆချက်အရ ကြက်သွန်နီ ဂျိုလမ်​ရောဂါဟာ Anthracnose ​ခေါ်(Collectotrichum   gloeosporioides) မှိုတစ်မျိုးတည်း ကျ​ရောက်တာမဟုတ်ဘဲ Fusarium  oxysporum လို့​ခေါ်တဲ့ ဖျု​ဆေရိယန် ခါးရိ​ရောဂါပါ ပူးတွဲကျ​ရောက်တယ်လို့ ဆိုထားပါတယ်။

ရောဂါ လက္ခဏာ(Disease symptom)

ကြက်သွန်အရွက်များ ကောက်ကွေးခြင်း၊ လိမ်တွန့်ခြင်း၊ အစိမ်း​ရောင်ကလိုရိုဖီးများ ပျက်စီးကာ အဖြူ သို့မဟုတ် အဝါ​ဖျော့​ရောင် ရေစိုနာကွက်များ၊ ဘဲဥပုံသဏ္ဌာန် ​တွေ့ရပါတယ်။ အမြစ်များ လှီလာခြင်း၊ ကြက်သွန်ဥလည်ပင်းများ ပုံမှန်မဟုတ်သော ရှည်ထွက်ခြင်း ဖြစ်တတ်ပါတယ်။

အထူးသဖြင့် အမြစ်ထိပ်ဖျားများ ကြီးထွားလတ်ဆတ်ရာမှ မှိုစပိုးများ​ပေါက်ပွားပြီး အမြစ်များမည်းပုပ်နေသည်ကို တွေ့ရပါသည်။ ရောဂါရ အပင်များမှာ ကွက်တိကွက်ကြားဖြစ်တတ်ပါတယ်။

​ရောဂါ ကူးစက်ပျံ့နှံ့ပုံ (Disease spreads)

​​နေ့အပူချိန်.၂၂°-၃၀°စင်တီဂရိတ်အတွင်းက ရောဂါပျံ့နှံမှုကိုအား​ပေးပါတယ်။ မျိုး​စေ့​ဆောင်​ရောဂါဖြစ်ပြီး တစ်ရာသီမှ တစ်ရာသီသို့ကူးပြောင်းချိန်တွင် ကျန်ခဲ့သည့်  ရိုးပြတ်များမှ လည်း​ကောင်း၊ မျိုးရိုးတူ လက်ခံပင်မှလည်း​ကောင်း၊ မိုး​ရေ၊​ လေနှင့် သွင်း​ရေများမှလည်း​ကောင်း ကူးစက်ပျံ့ပွားနိုင်ပါတယ်။ အထူးသဖြင့် ​မြေတွင်းအစိုဓာတ်များပြီး ရေဝပ်​သော စိုက်ခင်းများတွင် ဖြစ်တတ်ပါတယ်။

ကာကွယ်နှိမ်နင်းနည်းများ (Disease control methods)

၁။ စိုက်ပျိုး​ရေးနည်းဖြင့်ကာကွယ်ခြင်း (Cultural control)

  • ရိုးပြတ်များကို ချေမွပစ်ခြင်း၊ ​မြေမြှုပ်ပစ်ခြင်း၊ ​ဆွေး​မြည့်စေခြင်းစသည့် တစ်ခုခုပြုလုပ်ပါ။
  • မျိုးရိုးအုပ်စုမတူ​သော သီးနှံများ လှည့်စိုက်ပါ။
  • ဘောင်စနစ်ဖြင့်ပြင်ဆင်ပြီး Drip irrigationနည်းဖြင့် ​ရေ​ပေးပါ။
  • ​ရောဂါဖြစ်​​နေချိန် မိုးတုရွာခြင်း (Over head irrigation)မလုပ်သင့်ပါ။

၂။ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းနည်း (Biological management)

  • ကြက်သွန်ခင်းအပါအဝင် ရေမြုပ်တတ်​သော မည်သည့်စိုက်ခင်းမဆို အပင်များ ပြန်လည်ကောင်းမွန်လန်းဆန်းရန်အတွက် 1-aminocyclopropane-1-carboxylic acid (ACC) ပရိုတင်းမဟုတ်သော အမိုင်နိုအက်ဆစ်ကို အသုံးပြုပါ။  အပင်ဟော်မုန်း အီသလင်း၏တိုက်ရိုက်ရှေ့ပြေးအဖြစ် လုပ်ဆောင်သည့် အသီးအပွင့်နှင့် ကြီးထွားမှုဖြစ်စဉ်များစွာကို ထိန်းညှိပေးသည့်  ACC (အီသလင်းဇီဝပေါင်းစပ်မှု၏ ဗဟိုမော်လီကျုး) လိုမျိုး အပင်ကြီးထွားမှုကို လှုံဆော်ပေးသည့် ဟိုမုန်းများကိုလည်း အသုံးပြုနိုင်ပါတယ်။
  • ထရိုင်ကိုဒါးမား+ဆူဒိုမိုးနပ်စ်(အကျိုးပြုဘက်တီးရီးယား)ကို ​မြေကြီးထဲထည့်ခြင်း၊ အပင်ဖျန်းခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။

၃။ ဓာတုမှိုသတ်​ဆေးဖြင့် ကာကွယ်ကုသခြင်း (Chemical control)

  • သီရန်(thiran) သို့မဟုတ် ရိုဘရယ်(iprodione) ကို မျိုး​စေ့​ဆေး စိမ်ခြင်း၊ ပျိုးပင် ​ဆေးစိမ်ခြင်းပြုလုပ်စိုက်ပျိုးပါ။
  • မိုးများပြီး ​ရေဝပ်ရာမှ ​ရောဂါဖြစ်တတ်သဖြင့် အမြစ်သစ်များထွက်နိုင်​စေရန် ဟူးမစ်အက်ဆစ်အသုံးပြုခြင်း။
  • ဟိုက်ဒြိုဂျင်ပါ​ရောက်ဆိုက်ကို အသုံးပြုခြင်း။
  • Triazoleဇိုးအုပ်စု(ပရိုပီကိုနာဇိုး/ဟက်ဇာကိုနာဇိုး....) မှိုသတ်​ဆေး များကို အသုံးပြုခြင်းဖြင့် Anthracnose ​ရောဂါကို ​ကောင်းစွာ ထိန်းသိမ်းနိုင်ပါတယ်။

သို့သော် Fusarium​ရောဂါနဲ့ ဘက်တီးရီး​ရောဂါများပါ ပူးတွဲကျ​ရောက်နိုင်သဖြင့် ထရိုင်ကိုဒါးမား/အဇိုဇီစထရိုဘင်+ဒိုင်ဖန်နိုကိုနာဇိုး ကို အသုံးပြုသင့်ပါတယ်။

အထူးသတိပြု​စေရန်မှာ.. ကြက်သွန်နီဂျိုလိမ်​ရောဂါက မှို​ရောဂါတမျိုးတည်း​ကြောင့်မဟုတ်ဘဲ ​ရေဝပ်ခြင်းလိုမျိုး ရာသီဥတုနှင့် အပင်ဇီဝကမ္မ သဟဇာတ မညီမျှမှုတို့ ပူးတွဲ ကျ​ရောက်ခြင်း​ဖြစ်သဖြင့် ဘက်​ပေါင်းစုံကာကွယ်နည်းဖြင့် ဖြေရှင်းနိုင်ကြ​စေရန် ရည်ရွယ်၍ တင်ပြရခြင်းဖြစ်ပါတယ်။

​စေတနာများစွာဖြင့်...

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်