ပိုးသတ်​ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ (ဖော့စဖိတ်ဆေးအုပ်စုများ)

13/06/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

၂။ OPI(Organo Phosphate Insecticides - ဖော့စဖိတ်ပါ​သော ​ဆေးအုပ်စုများ)

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိ​သော​ဆေးများအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် အိုပီအိုင်​ဆေးအုပ်စုများ ဖြစ်ပါသည်။

OPI  ​ဆေးအုပ်စုအေအိုင်များ

အက်ဆီဖိတ်75 -SP (ဆေးအမည်များ - အက်​ကော့/အဆီဟီးရိုး/အော်တီမာ/ အဇီဖိတ်/ အဂရို​အေဆာ/ဟန့်တာဖိတ်/ပီလာသိန်း/​ကေဖိုးအဆီဖိတ်/အမ်ဖိတ်/ရန်ရှင်း/အက်စ်ဖိတ်စူပါ/​အေ့စ်ကင်း/အင်ပက်/တိုက်ဂါးဆီဖိတ်.....)

ဒိုင်မီသိုအိတ် (ကန့်သတ်ပြီး)

ကလိုပိုင်ရီ​​ဖော့(ကန့်သတ်ပြီး)

ပရိုဖီနို​​ဖော့ (ဆေးအမည်များ - ပရီဆိုက်/ပိုင်း​လော့/​ရွှေနို​ဖော့/ကျူရာဒရင်း/ကပ်​အော့ဖ်/အာမိုပရိုဖစ်/မက်နို​ဖော့/ရှပ်ပရိုဖန်/အန်​နေဗီ- ကီး/အီးတီ-ပရို/ပရိုဆယ်လီ..)

ဖန်သိုအိတ် (ဆေးအမည်များ - ကမ်မရွန်း/အယ်လ်ဆန်/ဗိုက်ဆန်/​ဖော်ဆန်/ဟီးရိုးဆန်/​ရွှေဖန်သို/ဖန်သိုကင်း/မာလာမြိုင်ဖန်သိုအိတ်..)

ဒိုင်ယာဇီနွန် (ဆေးအမည်များ - ဒိုင်ယာဒရင်း/ဒါရိုက်/​ဖော်ဒီနွန်/ပန်ဒီနွန်...)

ထရိုင်ယာဇိုဖော့ (ဆေးအမည်များ - ထရိုင်​ဖော့/တိုင်ဖွန်း/ရူပတိုက်ဂါး/ယူအပ်..)

မာလာသီယွန် (ဆေးအမည်များ - ဖိုင်ဖနွန်/ဟက်ဇာသီယွန်/မာလာနွန်/မာလာမြိုင်မာလာနွန်/​ရွှေမာလာ/အဂရိုမာလာသီယွန်...)

အိုမီသိုအိတ် (ဆေးအမည်များ - တိုးပွား/အိုမီ-40...)

ဖီနိုက်ထရိုသီယွန် (ဆေးအမည်များ - ရွှေသီယွန်....)

ထရိုင်ကလိုဖွန်း (ဆေးအမည်များ - ဖွန်း....)

အီသီယွန် (ဆေးအမည်များ - မီထရိုးMitrol)

၁။ Acephate(အက်ဆီဖိတ်-75 SP)

အဆိပ်သင့်လမ်း​ကြောင်း

- inhibit the enzyme acetylcholinesterase (AChE) 

အာနိသင် - ပင်လုံးပြန့်အာနိသင်

အဓိကနှိမ်နင်းနိုင်​သောဖျက်ပိုးများ

လယ်ယာသီးနှံစိုက်ခင်းများ၊ သစ်သီးခြံ၊ ပန်မာလ်၊ ဟင်းသီး/ဟင်းရွက် စိုက်ခင်းများတွင် ကျ​​ရောက်​သော ပျ၊ ဖြုတ်၊ ​လှေး ယင်ဖြူ စသည့်စုပ်စားပိုးများ၊ အရွက်စားပိုးများ ကြိုတင်ကာကွယ်ရာတွင်လည်း​ကောင်း၊ နှိမ်နင်းရာတွင်လည်း​ကောင်း အသုံးပြုနိုင်ပါသည်။

အထူးသဖြင့် ပန်းပွင့်ချိန်တွင် ပိုးကျ​​ရောက်၍ ဖျန်းပါက ပန်းပွင့်ဝတ်မှုန်ကူးမှုကို မထိခိုက်သည့်အပြင် ဖော့စဖိတ်ဓာတ်ပါဝင်မှု​ကြောင့် ဇီဝကမ္မကို မြှင့်တင်​ပေးပါသည်။

​မြေကြီးထဲ၊ အပင်ထဲ၊ ပိုး​ကောင်အတွင်း ​ရောက်သည်နှင့် အဆီဖိတ်သည် မီသာမီဒို​ဖော့ Methamidophos အဆိပ်အဖြစ် ပြောင်းလဲသွားပြီး အဆိပ်ပြင်းထန်​စေပါသည်။

အသုံးပြုရန်နှုန်းထား

​- ရေတဂါလံ = ၁၀ ဂရမ်နှုန်း

အဆိပ်သင့်နှုန်း

- သန(၅၀) = (၁၀၃၀-၁၄၄၇ မီလီဂရမ်/ကီလိုဂရမ်)

သီးနှံပင်​လောင်ကျွမ်းမှု

​- လောင်ကျွမ်းမှုမရှိပါ။

သတိပြုရန်

  • အက်ဆီဖိတ်ကို ပန်းပွင့်​ဆေးအဖြစ် ပိုးမကျဘဲ အကြိုက်ဖျန်းကြသည်ကို အချို့​ဒေသများမှာ ​တွေ့ရပါသည်။ ယင်းသို့ ပြုလုပ်ခြင်းသည် ပိုးများအနေဖြင့် အဆီဖိတ်ဆေးကိုယဉ်ပါးမှု Resistance ကို ဖြစ်​စေနိုင်ပါသည်။
  • ပန်းသီးပင်တွင် အသုံးပြုပါ အနည်းငယ် Phyto-toxic ဖြစ်​စေတတ်ပါသည်။

( OPI​ ဆေးအုပ်စုတမျိုးချင်းကို ဆက်လက်​ဖော်ပြပါမည်)

စေတနာများစွာဖြင့်..

ဦးသာပို

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်