ညသိပ်ရေနွေး သောက်သင့်လား

31/03/2022 16:30 PM တွင် Nan Su San Nan Su San မှ ရေးသား

“ညသိပ်ရေနွေး (ရေနွေးကြမ်း) သောက်သုံးရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေလား၊ ညသိပ်ရေနွေးသောက်သုံးသင့်လား”

ဒီမေးခွန်းတွေဟာ ရေနွေးသောက်သုံးသူတွေကြားမှာ အငြင်းပွားနေရတဲ့ မေးခွန်းတွေပါ။ 

လက်ဖက်ခြောက်ခပ်(ထည့်)ပြီးခါစဆို ရေနွေးရဲ့ အရောင်ကလည်း ဖျော့သလို အရသာလည်း သိပ်မပြင်းသေးပါဘူး၊၊ လက်ဖက်ခြောက်အမျိုးအစားပေါ်မူတည်ပြီး အချိန်ဘယ်လောက်နေမှ သောက်ရင် အကောင်းဆုံးဆိုတာ ရှိပါတယ်။ ဥပမာ ဂရင်းတီးဆိုရင်  လက်ဖက်ခြောက် ခပ်ပြီး ၂ မိနစ် ၃ မိနစ်ဆိုရင် သောက်လို့ရပါပြီ။ Herbal tea (ဟာဘယ်တီး) ဆိုရင် ၅-၇ မိနစ်လောက်နေမှ သောက်ရင် အနေတော်ဖြစ်ပါလိမ့်မယ်။

ရေနွေးထည့်ပြီး ၂ မိနစ်လောက်ဆိုရင် Caffeine (ကဖင်း) ဓာတ် စထွက်လာပြီမို့ ယေဘုယျအားဖြင့် ဒီလို အချိန်မှာ စသောက်လို့ရပါပြီ။  ၅ မိနစ်လောက်နေရင်တော့ Tannin (အရောင်) တွေထွက်လာပြီး ရေနွေးသောက်လေ Relax and calm (စိတ်လက်သက်သာ) ဖြစ်လေပေါ့။ ရေနွေးထည့်ပြီး တနာရီအတောအတွင်း သောက်နိုင်ရင် အရသာလည်းရှိ ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ ရေနွေးရဲ့ အကျိုးကျေးဇူးတွေခံစားရမှာ ဖြစ်ပါတယ်။

အရမ်းအကြာကြီးနေမှသောက်ရင်၊ ညသိပ်ထားတဲ့ ရေနွေးတွေသောက်မယ် ဆိုရင်‌ရော ဘာဖြစ်မှာလဲ..  

လက်ဖက်ခြောက်တွေကို ရေနွေးထဲမှာ ကြာကြာစိမ်လေ Tannin concentration တအားမြင့်လာလေပဲ။ Caffeine က လူကို alert and active (တက်ကြွလန်းဆန်း) ဖြစ်စေပြီး Tannin ကတော့  calm (စိတ်အေးသက်သာ) ဖြစ်စေပါတယ်။ Tannin က လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေပေးတယ် ဆိုပေမယ့် အရမ်းများလွန်းရင် အဆိုးဘက်ကို ရောက်သွားပါတယ်။ Tannin က Protein (ပရိုတိန်း) တို့  mineral molecule တို့တွေနဲ့ အလွယ်တကူကပ်သွားပြီး ခန္ဓာကိုယ်ကနေ အာဟာရဓါတ် စုပ်ယူမှုကို ဟန့်တားပါတယ်။

ရေနွေးကို ကြာကြာထားလိုက်မယ်ဆိုရင် လက်ဖက်တွေဟာ ဓာတ်တိုးခြင်းဖြစ်စဉ်တွေ ဖြစ်ပြီး အနံ့တွေ၊ အရသာတွေ ပြောင်းကုန်ပါတယ်။  ညသိပ်ထားတဲ့ ရေ‌နွေး/ရေနွေးကြမ်းရဲ့ အဓိက ပြဿနာကတော့ လက်ဖက်ခြောက်မှာ ပါဝင်တဲ့ ဗိုက်တာမင်ဓာတ်တွေ (ဥပမာ vitamin C and vitamin E) လျော့နည်းကုန်တယ်၊၊ ပိုလီဖီနောတွေ ဓာတ်တိုးခြင်းဖြစ်စဉ်ဖြစ်သွားမယ်။ ရေ‌နွေး အရောင်မည်းလာပါမယ်။ အဲဒါကြောင့် ရေ‌နွေး/ရေနွေးကြမ်းအရောင်တွေ မည်းနေမယ်ဆိုရင်တော့ မသောက်သင့်တော့ပါဘူး။

အခန်းအပူချိန်အတိုင်းမှာ ဒီအတိုင်းထားထားတဲ့ အေးနေတဲ့ ရေနွေးမှာ theophylline နဲ့ caffeine ဓါတ်တွေ အများကြီးထွက်လာတာမို့ ဒီလိုမျိုးရေနွေးအေးတွေသောက်သုံးတာကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။  ဒါ့အပြင် လက်ဖက်ခြောက်မှာပါတဲ့ ပရိုတိန်းနဲ့ သကြားဓါတ်တွေကလည်း ရေနွေးတွေ အေးသွားတဲ့အခါ အပြင်က  ဘတ်တီးရီးယားတွေ မှိုတွေကို လက်ယက်ခေါ်နေသလိုပဲမို့ ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။

အဲဒါကြောင့် ညသိပ်ထားတဲ့ ရေနွေးကြမ်း ဒါမှမဟုတ် အချိန်အကြာကြီး စိမ်ထားတဲ့ ရေနွေးကြမ်းတွေသောက်ခြင်းဟာ ဆေးလိပ်အနံ့ရှူနေသူတွေထက် ပိုဆိုးပါတယ်။ အဲဒါကြောင့် သောက်ခါးနီးမှ ရေနွေးကြမ်းအိုးလေး ပြင်သောက်တာ ပိုကောင်းပါတယ်၊၊ ရေနွေးလေးဖြည့်လိုက် ခဏနေသောက်လိုက်ပေါ့။ လက်ဖက်ခြောက်ကိုလည်း အကြာကြီး မသုံးပဲ မကြာခဏလဲပေးဖို့ အရေးကြီးပါတယ်။

နန်းစုစံ (စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်