"ငါးမုတ်ငါးများအကြောင်း"

05/10/2020 11:45 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

     မြန်မာနိုင်ငံရှိ အရသာကောင်းမွန်သော ငါးများတွင် ငါးမုတ်ငါးသည်လည်းပါဝင်သည်။ ငါးမုတ်ဖြူ၊ ငွေရောင်ငါးမုတ်နှင့် ငါးမုတ်မဲဟူ၍ ငါးမုတ်(၃)မျိုးရှိရာ ငါးမုတ်ငါးများအများဆုံးရမိရာ ရခိုင်၊ တနင်္သာရီကမ်းရိုးတမ်းဘက်၌ ငါးမုတ်ဖြူနှင့် ငါးမုတ်မဲကိုသာ တွေ့ရများပါသည်။ 

     ငါးမုတ်ငါးမှာ အလယ်ရိုးတစ်ရိုးသာပါပြီး ကြော်စားပါက ကြွပ်ကြွပ်ရွရွလေးနှင့် အရမ်းအရသာရှိသော ငါးတစ်မျိူးဖြစ်သည်။ အသားများပြီး နူးညံမှုရှိသည်။ အကြေးခွံသေးသေးလေး အနည်းငယ်သာပါရှိကြပြီး အရိုးနည်းသဖြင့် အရိုးစူးမှာလည်း မပူရပေ။ ငါးမုတ်မျိူးစိတ် (၃) မျိူးအနက်

     မြန်မာနိုင်ငံတွင်တွေ့ရများသော ငါးမုတ်ဖြူနှင့် ငါးမုတ်မဲအကြောင်းကို ဦးစွာပထမတင်ပြပါ့မည်။

ငါးမုတ်ဖြူငါး

         ငါးမုတ်(၃)မျိူးတွင်ငါးမုတ်ဖြူငါးမှာ အရသာအရှိဆုံး ငါးဖြစ်သည်။ ငါးမုတ်ဖြူငါးမှာ ကမ်းနီးပိုင်းတွင် ကျက်စားနေထိုင်ကြသလို ရွှံ့နွံထူသော ပင်လယ်ကြမ်းပြင်တွင်လည်း အုပ်စုလိုက်နေထိုင်ကြပါသည်။

       ငါးမုတ်ဖြူ၏ ကိုယ်ထည်သည် ခိုင်မာသည့်ပုံစံရှိပြီး ဘေးတိုက်အလွန်ပြားပြီး ဘဲဥပုံစံရှိပါသည်။ အမြီးရေယက်သည် ခရင်းခွပုံစံထင်ရှားစွာရှိကြပြီး ကျောဘက်အရောင်မှာ မီးခိုးရောင်ဖြစ်ပြီး ဝမ်းဗိုက်ပိုင်းတွင် ငွေရောင်တောက်ပကြပါသည်။ ငါးမုတ်ဖြူငါးများမှာ အကောင်မျှောလှေ (Zooplankton) များကို သူတို့အစာအဖြစ် စားသုံးကြပါသည်။

      အမြင့်ဆုံး ခန္ဓာကိုယ်အလျား (60)cm အထိတွေ့ရပြီး ပုံမှန် (30)cm ရှိကြပါသည်။ ငါးမုတ်ဖြူမှာ ဈေးကွက်တွင် အရေးပါပြီး နိုင်ငံခြားပို့ကုန်ငါးတစ်မျိူးလည်း ဖြစ်သည်။ ငါးမုတ်ဖြူကို လတ်လတ်ဆတ်ဆတ်ကြော်စားခြင်းဖြင့် Protein (ပရိုတင်းဓာတ်)ပြည့်ဝစွာရရှိပြီး ကျန်းမာရေးကောင်း၍ ဉာဏ်ရည်ဖွံ့ဖြိုးစေသည်ဟု ဖတ်မှတ်ရဖူးပါသည်။

ငါးမုတ်မဲငါး

    ငါးမုတ်မဲငါးကို တနင်္သာရီဘက်တွင် ငါးမုတ်ဖြူဟုပင်ခေါ်ကြသည်။ ရခိုင်ဒေသတွင်မူ 'ယုဇနသမ်ဘူ'ဟူ၍ခေါ်ကြသည်ဟု သိရပါသည်။ ငါးမုတ်ဖြူနှင့် ငါးမုတ်မဲမှာ အသွင်ချင်းတူပြီး အရောင်သာကွဲပြားကြသည်။ ငါးမုတ်မဲ၏ အရောင်မှာ အညိုရင့်ရောင် (သို့မဟုတ်) မွဲပြာရင့်ရောင်ဖြစ်သည်။ အမြင့်ဆုံးအရွယ်အစား (40)cm ရှိကြပြီး ပုံမှန်အားဖြင့် (20)cm ရှိကြပါသည်။ ရေငန်နှင့် ရေချိူရေငန်စပ်ဒေသများတွင် ငါးမုတ်ဖြူရော၊ ငါးမုတ်မဲပါ ရမိကြပါသည်။

     ငါးမုတ်ငါးကိုကြော်စားခြင်း၊ ပဲဆီပေါင်းစားခြင်းများသာမက ငါးမုတ်ပဲငါးပိကြော်၊ ငါးမုတ်ကြက်ဥနှစ်ကြော်၊ ငါးမုတ်ထောပတ်ကင်၊ ငါးမုတ်သောက်ဆမ်း၊ ငါးမုတ်ပေါင်း၊ ငါးမုတ်အချဉ်ဆီပြန် စသည်ဖြင့် ချက်စားကြပါသည်။

    ငါးမုတ်ဖြူနှင့် ငါးမုတ်မဲငါးများမှာ ဈေးကွက်ဝင် တန်ဖိုးမြင့်ငါးများဖြစ်ကြပြီး  ပြည်ပဈေးကွက်တွင်လည်း မျက်နှာပန်းလှသည့် ငါးတစ်မျိူးဖြစ်ကြပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်