အပင်ရောဂါတွေ ဘယ်လိုကူးစက်ပျံ့နှံ့ကြသလဲ (၁)

17/02/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပင်ရောဂါဖြစ်စေသော သက်ရှိများသည် တစ်ပင်မှတစ်ပင်သို့ အောက်ဖော်ပြပါ နည်းအမျိုးမျိုးဖြ င့် ပျံ့နှံ့၍ ရောဂါကူးစက်ဖြစ်ပွားစေပါသည်။

  • ၁။ လေဖြင့်ကူးစက်ပျံ့နှံ့ခြင်း
  • ၂။ ရေဖြင့်ကူးစက်ပျံ့နှံ့ခြင်း
  • ၃။ အင်းဆက်ပိုးများဖြင့်ကူးစက်ပျံ့နှံ့ခြင်း
  • ၄။ အခြားတိရစ္ဆာန်များဖြင့်ကူးစက်ပျံ့နှံ့ခြင်း
  • ၅။ လူကြောင့်ကူးစက်ပျံ့နှံ့ခြင်း
  • ၆။ မျိုးစေ့ဖြင့်ကူးစက်ပျံ့နှံ့ခြင်း
  • ၇။ ပင်ပိုင်းမျိုးပွား အစိတ်အပိုင်းများဖြင့် ကူးစက်ပျံ့နှံ့ခြင်း
  • ၈။ ပင်ထွက်ပစ္စည်းများဖြင့် ကူးစက်ပျံ့နှံ့ခြင်း
  • ၉။ မြေ၊ အပင်အကြွင်းအကျန်၊ မြေဆွေးမြေဩဇာတို့ဖြင့် ကူးစက်ပျံ့နှံ့ခြင်းနှင့်
  • ၁၀။ စိုက်ပျိုးလုပ်ကိုင်စဉ် ကူးစက်ပျံ့နှံ့ခြင်းတို့ ဖြစ်သည်။

၁။ လေဖြင့်ကူးစက်ပျံ့နှံ့ခြင်း

လေဖြင့် ကူးစက်ပျံ့နှံ့သော ရောဂါများအနက် မှိုရောဂါသည် အများဆုံးဖြစ်သည်။

ရောဂါဖြစ်စေသော မှို၏မျိုးစေ့ (စပိုးမှုန်)များသည် ကူးစက်နိုင်သော အစိတ်အပိုင်းများ ဖြစ်ကြသည်။ ယင်းတို့သည် လေထဲတွင် မည်မျှပင်ကြာရှည်စွာ နေရသော်လည်း ရောဂါဖြစ်နိုင်စွမ်း ပျက်ပြယ်မသွားပေ။ မှိုစပိုးမှုန်များသည် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာဒေသသို့တိုင်အောင်ရောက်နိုင်ကြသည်။ မှိုတို့သည် တစ်ကြိမ်မျိုးပွားလျှင် စပိုးမှုန်များစွာ လေထဲသို့ ထုတ်လွှင့်ပျံ့နှံ့လျက်ရှိကြောင်း စပိုးမှုန်ဖမ်းထောင်ချောက်ဖြင့် ဖမ်းယူလေ့လာနိုင်သည်။

ဤနည်းဖြင့် လေထဲ၌ အများအပြားတွေ့ရသော စပိုးမှုန်အမျိုးအစားကို ကြည့်ကာ ယင်းလေ ကြောင်းတစ်လျှောက်ရှိ သီးနှံစိုက်ခင်းများတွင် မှိုရောဂါကျရောက်နိုင်ခြင်းကို ခန့်မှန်း၍ ကြိုတင်ကာကွယ်နိုင်သည်။

စပိုးမှုန်ဖမ်းထောင်ချောက်အမျိုးမျိုး

  • ဘက်တီးရီးယားများစွာသည်လည်း လေထဲတွင်ရှိနေတတ်၍ လေဖြင့်ပျံ့နှံ့နိုင်ကြသည်။
  • သို့ရာတွင် ဘက်တီးရီးယားတို့သည် အပင်၏ သဘာဝအလျောက်ဖြစ်ပေါ်နေသော လေပေါက်၊ ရေပေါက်များမှသာ ဝင်နိုင်သည်။ ထိုသို့ဝင်ရောက်ရာတွင် လေပေါက်၊ ရေပေါက်များအတွင်းသို့ လေအရှိန်ဖြင့်သာ ဝင်ရောက်ကာ ရောဂါဖြစ်ပွားစေနိုင်သည်။

ဥပမာ- စပါးဘက်တီးရီးယားရွက်စင်းရောဂါ၊ အပင်ရောဂါဖြစ်စေနိုင်သည့် အခြားသက်ရှိတစ်မျိုးဖြစ်သည့် နီမတုတ်သည် လေဖြင့်ကူးစက်ပျံ့နှံ့မှု နည်းပါးသည်။ သို့ရာတွင် နီမတုတ်ရောဂါ ကျရောက်ထားသော အပင်၏အင်္ဂါအစိတ်အပိုင်းငယ်များ လေတိုက်ရာပါသွားခြင်းဖြင့် တစ်ခါတရံ ရောဂါကူးစက် ပျံ့နှံ့တတ်သည်။

၂။ ရေဖြင့်ကူးစက်ပျံ့နှံ့ခြင်း

ရေကြောင့် အပင်ရောဂါများ ကူးစက်ပျံ့နှံ့မှုသည် လေလောက်တော့အရေးမကြီးလှပေ။

သို့ရာတွင် များစွာသော အပင်ရောဂါတို့သည် ရေဖြင့်ကူးစက်ပျံ့နှံ့နိုင်သည်။ မြစ်ရေ၊ ချောင်းရေ၊ သွင်းရေ၊ ထုတ်ရေ၊ လျှံရေတို့သည် အပင်ရောဂါဖြစ်စေ သက်ရှိများကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ပေးကြသည်။ ပြင်းထန်စွာ ရွာသွန်းစီးဆင်းလာသည့် မိုးရေနှင့်မိုးသက်တို့သည် အရှိန်အဟုန်ဖြင့် အပင်ရောဂါဖြစ်စေသော သက်ရှိများကို ပျံ့နှံ့စေလေ့ရှိသည်။ ရေဖြင့်ကူးစက်ပျံ့နှံ့ခြ င်းသည် အပင်ရောဂါဖြစ်စေသော ဘက်တီးရီးယားတို့အတွက် အရေးကြီးသော ကူးစက်ပျံ့နှံ့နည်းဖြ စ်သည်။ ဘက်တီးရီးယားတို့၏လှုပ်ရှားနိုးကြားမှုသည် ပတ်ဝန်းကျင် အစိုဓာတ်အပေါ်တွင် များစွာမူတည်လျက်ရှိသည်။

ဥပမာ။ စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ၊ အပင်ရောဂါဖြစ်စေသော၊ မြေတွင်းရှိ နီမတုတ်တို့သည် သွင်းရေ၊ ထုတ်ရေ စသည့် စီးဆင်းနေသောရေတို့ဖြင့် ကူးစက်ပျံ့နှံ့သည်။

၃။ အင်းဆက်ပိုးများဖြင့် ကူးစက်ပျံ့နှံ့ခြင်း

ဗိုင်းရပ်စ်ရောဂါများသည် ဤနည်းဖြင့် အများဆုံးကူးစက်ပျံ့နှံ့ကြသည်။ မှို၊ ဘက်တီးရီးယားနှင့် နီမတုတ်တို့မှာမူ အင်းဆက်ပိုးများဖြင့် အသင့်အတင့်သာ ကူးစက်ပျံ့နှံ့နိုင်ကြသည်။

အင်းဆက်ပိုးတို့သည် အပင်ရောဂါဖြစ်စေသော ဗိုင်းရပ်စ်တို့ကို ယင်းတို့၏ ခန္ဓာကိုယ်အတွင်း သို့မဟုတ် အပင်တွင် သယ်ဆောင်သွားပြီး လက်ခံပင်ဆီသို့ ရောက်ရှိသွားစေသည်။

အချို့ဗိုင်းရပ်စ်တို့ကား အင်းဆက်ပိုး၏ ခန္ဓာကိုယ်အတွင်း၌ ကြာရှည်စွာ ပွားများ အသက်ရှင်လျက်ရှိသည်။ ဗိုင်းရပ်စ်များကို ကူးစက်ပျံ့နှံ့စေသော ပိုးမွှားများမှာ ပျပိုး၊ ဖြုတ်စိမ်း၊ နှံကောင်၊ ကျိုင်း ကောင်၊ လှေးမွှား စသည်တို့ ဖြစ်ကြသည်။ ဗိုင်းရပ်စ်ရောဂါအများစုသည် အင်းဆက်ပိုးဖြင့် ကူးစက်ပျံ့နှံ့ကြသည်။ ခြွင်းချက်အားဖြင့် ဆေးရွက်ကြီး ရောင်မညီကွက်ကြား ဗိုင်းရပ်စ်နှင့် အာလူးရောင်မညီကွက်ကြားဗိုင်းရပ်စ်တို့ကဲ့သို့သော ဗိုင်းရပ်စ်ရောဂါ အနည်းငယ်သာ အင်းဆက်ပိုးများဖြင့် ကူးစက်ခြင်း မပြုကြပေ။ ဗိုင်းရပ်စ်ရောဂါတစ်ခု အင်းဆက်ပိုးဖြင့် ပြန့်ပွားကူးစက်ရန် အင်းဆက်ပိုးအမျိုးအစား၊ လက်ခံပင်အမျိုးအစား၊ ဗိုင်းရပ်စ်အမျိုးအစားအပြင် ပတ်ဝန်းကျင်အခြေအနေ ရာသီ ဥတုတို့အပေါ်၌လည်း မူတည်နေပါသည်။

၄။ အခြားတိရစ္ဆာန်များဖြင့် ကူးစက်ပျံ့နှံ့ခြင်း

ကြွက်၊ ငှက်၊ ပက်ကျိ၊ ခရု စသည်တို့သည် အပင်ရောဂါဖြစ်စေသော သက်ရှိတို့ကို သယ်ယူပို့ဆောင်နိုင်ကြ၏။ မုန်လာထုပ်အနက်ပုပ်ရောဂါသည် ပက်ကျိများဖြင့် ကူးစက်နိုင်သည်။

 

ကပ်ပါးပင်များဖြစ်ကြသော ရွှေနွယ်ပင်နှင့်ကျီးပေါင်းပင်တို့၏ မျိုးစေ့နှင့် အပင်အင်္ဂါ အစိတ်အပိုင်းများအား ငှက်များချီသွားခြင်းဖြင့် ကူးစက်ပျံ့နှံ့သည်။ မြင်း၊ ကျွဲ၊ နွားနှင့် ဝက်တို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကပ်ပါသွားခြင်းဖြင့်လည်း ရောဂါများကူးစက်ပျံ့နှံ့ကြသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်