ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများ အပိုင်း(၁) စိုက်ခင်းစီမံခန့်ခွဲမှု

18/12/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Helvetas မြန်မာ Helvetas မြန်မာ မှ ပေးပို့ထားပါသည်။

       ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများအကြောင်းကို မိတ်ဆက်ပေးပြီးပြီးဆိုတော့ ခုတစ်ခေါက်မှာတော့ SRPစံချိန်စံညွှန်းရဲ့ ပထမဦးဆုံးအခန်းဖြစ်တဲ့ စိုက်ခင်းစီမံခန့်ခွဲမှုအကြောင်းကို ပြောပြပေးသွားပါမယ်

      စိုက်ခင်းစီမံကောင်းတစ်ခု လက်ထဲမှာ ရှိထားမယ်ဆိုရင် (၁) ဘယ်လိုသီးနှံတွေကို ဘယ်အချိန်မှာ စိုက်သင့်တယ်ဆိုတာနဲ့  စိုက်ရေးပျိုးရေးအတွက် လိုအပ်တဲ့ အစီအမံတွေကို တိတိကျကျ ရေးဆွဲနိုင်ဖို့ အတွက် ကူညီပေးပါလိမ့်မယ်  (၂) ဘယ်အချိန်မှာ ဘယ်လိုကုန်ကျမှုရှိမယ် ဘယ်လိုသွင်းအားစုတွေ ထည့်သွင်းရမယ် ရလဒ်အားဖြင့် ဘာတွေရရှိမယ်  စတာတွေကို သိနိုင်မယ့် ကွင်းဆင်းစစ်ဆေးမှုစနစ်ဖြစ်လာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ (၃) နောက်ဆုံးအနေနဲ့ အထွက်တိုးရေး၊ ဈေးကွက်ရရှိရေး၊ အကျိုးအမြတ်ဖြစ်ထွန်းစေရေး အပေါ်လွှမ်းမိုးထားတဲ့ သွင်းအားစုတွေကို ဘယ်လိုအကျိုးရှိအောင် အသုံးချရမလဲဆိုတာတွေကို သိသိသာသာမြင်သာလာစေနိုင်ပါတယ်။ 

စိုက်ခင်းစီမံခန့်ခွဲမှုအတွက် လိုအပ်တဲ့ စံချိန်စံညွှန်းတွေမှာ 

(၁) သီးနှံပြက္ခဒိန်၊ 

(၂) ကွင်းဆင်းမှတ်တမ်းများ သိမ်းဆည်းခြင်း၊ 

(၃) သင်တန်းများ စတာတွေ ပါဝင်ပါတယ်။

      SRPအသိအမှတ်ပြုလက်မှတ်ကို ရယူဖို့အတွက်ဆိုရင်  အထက်ပါအချက်တွေကို မရှိမဖြစ် သိထားဖို့လိုအပ်သလို အောက်ပါအချက်တွေကိုလည်း သိရှိလာနိုင်ပါတယ်နော်

- တောင်သူဦးကြီးတွေအနေနဲ့ သီးနှံပြက္ခဒိန်ကို ဘာကြောင့် ရေးဆွဲဖို့ လိုအပ်တာလဲ

- သီးနှံပြက္ခဒိန်မှာ ဘာတွေကို ထည့်သွင်းရေးဆွဲသင့်တာလဲ

- သီးနှံပြက္ခဒိန်မှာ ဘယ်လိုလုပ်ငန်းတွေကို တိုင်းတာမှတ်သားနိုင်ပါသလဲ 

- သီးနှံပြက္ခဒိန်ရေးဆွဲခြင်းက ဘာအကျိုးကျေးဇူးတွေရနိုင်ပါသလဲ

- ကွင်းမှတ်တမ်းထားရှိဖို့ ဘာကြောင့်အရေးကြီးတာလဲ 

- ကွင်းမှတ်တမ်းများကို ဘယ်လိုမှတ်သားသိမ်းဆည်းရမလဲ 

- - ကွင်းမှတ်တမ်းများမှတ်သား သိမ်းဆည်းရာမှာ ဘယ်လိုအခက်အခဲ ရှိသလဲ

- ဘာအကြောင်းအရာတွေကို ဦးစားပေး မှတ်သားရမလဲ 

- တိကျစွာ မှတ်သားထားတဲ့ မှတ်တမ်းများကနေ ရရှိနိင်တဲ့ အကျိုးကျေးဇူးတွေ အပြင် 

အကယ်၍ SRPအသိအမှတ်ပြုလက်မှတ်ရရှိဖို့ လုပ်ဆောင်နေတဲ့ တောင်သူဦးကြီးတွေဆိုရင် စစ်ဆေးရေးအဖွဲက ကွင်းမှတ်တမ်းကို အဓိကထားပြီး စစ်ဆေးမှာဖြစ်တဲ့အတွက် ကွင်းမှတ်တမ်းထားရှိခြင်းက SRPအသိအမှတ်ပြုလက်မှတ်ရယူဖို့အတွက် မရှိမဖြစ် အထောက်အကူပြုမယ့်အရာဖြစ်တယ်ဆိုတာကို သိသိသာသာမြင်သာစေလာနိုင်ပါတယ်

- မှတ်တမ်းမှတ်ရာထားရှိရာမှာ တိတိကျကျ၊မှန်မှန်ကန်ကန်နဲ့ ပုံမှန်မှတ်တမ်းတင်ထားဖို့  အထူးအရေးကြီးပါသည်။ 

-  SRPအသိအမှတ်ပြုလက်မှတ်ကို ရယူဖို့အတွက် ဆိုရင် SRPစံနှုန်းနဲ့ပတ်သက်တဲ့ သင်တန်းတွေမဖြစ်မနေတက်ရောက်ဖို့၊ သတင်းအချက်အလက်တွေ စုဆောင်းဖို့လိုအပ်သလို လေ့လာမှတ်သားထားတဲ့အချက်အလက်တွေကိုလည်း လက်တွေ့အသုံးချဖို့လိုပါတယ်

     အောက်က ဗီဒီယိုလေးကတော့ SRPအသိအမှတ်ပြုလက်မှတ်ကို ရယူဖို့အတွက် လိုအပ်တဲ့အခြေခံအချက်အလက်တွေအကြောင်းကို အသေးစိတ်ရှင်းပြပေးထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ လေ့လာကြည့်ပေးကြပါဦးရှင်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်