ရေချိုပုစွန်ထုပ်ကြီးမွေးမြူရေး အောင်မြင်မှုတွင် အရေးပါသည့် ရေအရည်အသွေး (၁)

08/09/2022 15:00 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

ရေချိုပုစွန်တုပ်ကြီးတွေ ပုံမှန်ရှင်သန်နှုန်းကောင်းပြီး ကြီးထွားနှုန်း၊ အသားတိုးအောင်မြင်ဖို့ဆိုရင် မွေးမြူထားတဲ့ရေရဲ့ဂုဏ်သတ္တိ ကောင်းမကောင်းပေါ် များစွာမူတည်ပါတယ်။

မွေးမြူရေးကန်ရေထုရဲ့ ဂုဏ်သတ္တိ ပြောင်းလဲခြင်း၊ ကျဆင်းခြင်းများကို တွေ့မြင်နိုင်ဖို့ဆိုရင် ရေထုကို နေ့စဥ်တိုင်းတာစစ်ဆေးပေးဖို့ လိုပါတယ်။

ကန်အတွင်း ရေဖြည့်သွင်းပေးခြင်း၊ အောက်ရေထုတ်ပေးခြင်း၊ ရေပြန်သွင်းပေးခြင်း၊ ရေလှုပ်ကိရိယာများ၊ လေမှုတ်ကိရိယာများ မောင်းနှင်ပေးခြင်းကို အလျင်အမြန်ဆောင်ရွက်ရပါတယ်။ ဒါမှသာ မွေးပုစွန်တွေရဲ့ ရှင်သန်နှုန်း၊ ကြီးထွားနှုန်း ကောင်းမှာဖြစ်ပါတယ်။

(က) ရေထုတွင် ဂုဏ်သတ္တိများ ပါဝင်မှု

မွေးမြူရေးကန်တွေရဲ့ ရေထုဂုဏ်သတ္တိပါဝင်မှု အခြေအနေတွေဟာ ရေမြေသဘာဝပတ်ဝန်း ကျင် ဒါမှမဟုတ် ရာသီဥတုအခြေနေတွေကိုလိုက်ပြီး ပြောင်းလဲတတ်ပါတယ်။ အစဥ်သဖြင့်လည်း အနည်းနဲ့အများဆိုသလို ပြောင်းလဲမှုကတော့ ရှိပါတယ်။ 

မွေးမြူရေးကန်ရဲ့ မျက်နှာပြင်ရေထုနဲ့ အောက်ခြေကြမ်းပြင်ရှိ ရေထုတို့မှာ ရှိသင့်တဲ့ ဂုဏ်သတ္တိပါဝင်မှု အခြေအနေများကို ယေဘုယျအားဖြင့် အောက်ပါအတိုင်းရှိနေအောင် ဆောင်ရွက်နိုင်ပါတယ်။

  • ရေထုရဲ့အပူချိန်                 -  ၂၆ ဒီဂရီစင်တီဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ်အတွင်း
  • ရေ၏ချဥ်ဖန်နှုန်း(pH)         -  ၇.၈ မှ ၈.၂
  • အောက်ဆီဂျင်ပျော်ဝင်မှု     -  ၃ ပီပီအမ် အထက်
  • ရေထု၏အကြည်နှုန်း         -  ၁၄ မှ ၁၈ လက်မ

ရေကြည်နှုန်းကိုတော့ အကြမ်းအားဖြင့် ၇ ပေလောက်ရှိ တုတ်တစ်ချောင်းကို အဖျားမှာ အဖြူရောင်အပြားတပ်ဆင်၍ စမ်းသပ်တိုင်းတာနိုင်ပါတယ်။

တုတ်ကို ၁ လက်မကနေ ၁၈ လက်မအထိ အမှတ်အသားတွေလုပ်ပြီး ရေထဲနှစ်လိုက်ပါ။ ပြီးရင်ရေမျက်နှာပြင်ပေါ်ကနေ မျက်စိဖြင့် တုတ်ပေါ်ကနေ စူးစိုက်ကြည့်ရပါမယ်။

၁၈ လက်မ မတိုင်ခင် ၁၅ လက်မ၊ ၁၆ လက်မလောက်မှာ အဖြူပြား ပျောက်ဆုံးသွားတယ်ဆိုရင်ပျောက်ဆုံးသွားတဲ့နေရာကို ရေကြည်နှုန်းလို့ သတ်မှတ်ရပါတယ်။ ၁၄ လက်မကနေ ၁၈ လက်မအတွင်း ရှိနေမယ်ဆိုရင် အကောင်းဆုံးရေကြည်နှုန်း ဖြစ်ပါတယ်။

ရေချိုပုစွန်တုပ်ကြီးမွေးမြူရေးကန်ရဲ့ ရေအရည်အသွေးဟာ..

  • အမိုနီးယား - ၀.၀၁ ပီပီအမ်အောက်နည်းရပါမယ်။
  • နှိုက်တြိုက် - ၀.၁၀ ပီပီအမ်အောက်နည်းရပါမယ်။
  • ဟိုက်ဒရိုဂျင်ပါရောဆိုဒ် - လုံးဝမပါရင်ကောင်းပါတယ်။

အဲ့ဒါတွေဘယ်လောက်ပါနေလဲဆိုတာကိုတော့ ရေလုပ်ငန်းသုံး ဓာတ်ခွဲခန်းပစ္စည်း ရောင်းချတဲ့ ဆိုင်များမှာ လိုအပ်တာတွေ ဝယ်ယူတိုင်းတာနိုင်ပါတယ်။

ပုစွန်မွေးမြူရေးကန်အတွင်း ရေသွင်းခြင်း၊ ရေထုတ်ခြင်း

အသားတိုးကန်များထဲကို ပြုစုပြီး ရေချိုပုစွန်တုပ်ကြီး သားလောင်းများထည့်ပြီးပြီဆိုရင် သန့်စင်ကြည်လင်တဲ့ ရေသစ်များ တဖြည်းဖြည်း ထည့်ပေးရပါမယ်။

ရေသွင်းပေးခြင်း ဆောင်ရွက်သလို ရေထုတ်ခြင်းများကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်ပါတယ်။ ရေထုတ်တဲ့အချိန်မှာ ကန်အောက်ခြေရှိ အညစ်ကြေးများပါဝင်စေရပါတယ်။ ပြီးရင် ရေသစ်ထပ်မံထည့်သွင်းလိုက်မယ်ဆိုရင် ပြည့်ဝသောရေသြဇာများကို ရရှိပြီး ပုစွန်တုပ်ကြီးများ ကြီးထွားသန်မာလာမှာ ဖြစ်ပါတယ်။

မွေးမြူရေးကန်အတွင်းကနေ ရေထုတ်မယ်ဆိုရင် ရေသစ်ထည့်ပြီး (၇)ရက်ခန့်ကြာမှ ဆောင်ရွက်ရပါမယ်။ ရေထုတ်တယ်ဆိုတာဟာ အဓိကအားဖြင့် မွေးမြူရေးကန်အောက်ခြေရှိ ရေထုကို အဓိကထား ထုတ်ပေးရတာ ဖြစ်ပါတယ်။ 

မွေးမြူရေးကန်အတွင်းရှိ ရေသြဇာသက်ရှိဖြစ်တဲ့ အပင်မျှောဂျေး (Phytoplankton)များ အဆမတန်ပေါက်ဖွားလာပြီး ရေရဲ့မျက်နှာပြင်မှာ ငှက်ပျောရွက်အစိမ်းရောင်သန်းနေခဲ့မယ်ဆိုရင် ကန်အတွင်းရှိ ရေ (၆)လက်မကနေ (၁)ပေခန့်အထိ ထုတ်ပေးပြီး ရေသစ်လဲပေးရမှာဖြစ်ပါတယ်။

ရေထုတ်ခြင်းနဲ့ ရေသွင်းခြင်းလုပ်ငန်းကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဆောက်ရွက်ဖို့ လိုအပ်ပါတယ်။

ဒီလို ရေသွင်းရေထုတ်တစ်ပြိုင်တည်း ဆောင်ရွက်ပေးခြင်းအားဖြင့် ရေထုညစ်ညမ်းမှု လျော့နည်းစေပြီး ရေထုရဲ့ဂုဏ်သတ္တိများ ပါဝင်မှုမြင့်မားလာစေလို့ ပုစွန်တုပ်ကြီးများ ကျန်းမာသန်စွမ်းနိုင်ပါတယ်။

ပုစွန်ထုပ်ကြီးတွေ သန်စွမ်းကြီးထွားစေဖို့ ရေလှုပ်ကိရိယာ(Paddle Wheel)များကို အသုံးပြုခြင်း၊ ရေချိုပုစွန်တုပ်ကြီးများ ကြီးထွားမှုနှင့်ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းနဲ့ ဖမ်းဆီးပြီး ဈေးကွက်တင်ပို့မယ် ဆိုရင် လုပ်ဆောင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို အပိုင်း(၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်