အသီးကိုစားရတဲ့ သီးစားမုံညှင်း

09/12/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

   ဟုမ္မလင်းက ခေါ်တာ မုန်ညှင်းသီး၊ ကောလင်းဒေသ အခေါ်ကတော့  သီးစားမုံညှင်း၊ ကန့်ဘလူဒေသက ခေါ်တော့ မုံလာသီး အသီးသီးခေါ်ကြတယ်၊ ဒါတောင် ရှမ်းနီ လို ခေါ်တာမပါသေး၊ အခုအချိန်မှာ အဝါရောင်သန်းသော မုန်ညှင်းဖူး ပန်းတွေလည်းပေါ်နေတဲ့အချိန်ဆိုတော့ အသီးအမည် ၂ ခု မရောစေချင်ပါဘူး၊ အဝါရောင်ပန်းပွင့်သော မုန်ညှင်းက အရွက်နဲ့ ပန်းကို ကြော်စားရတာ၊ အသီးက အရမ်းသေးတယ် သူ့ရဲ့အစေ့ကနေ အဆီထုတ်တယ်၊ မုန်ညှင်းဆီပေါ့၊ မုံလာသီးကြပြန်တော့လည်း မုန်လာဥပင်နဲ့ရောနိုင်တယ်၊ ဒီအသီးက မုန်လာဥပင်က ရတာမဟုတ်ပြန်ဘူး။ သူ့ကို အသီးကို စားရဖို့ အဓိက စိုက်ကြတာဖြစ်တယ်။  

   ကောလင်းဒေသ အခေါ် "သီးစားမုံညှင်း" ဆိုတာကတော့ ဘဝင်ကျစရာဖြစ်ပြီး အတော်လေးပြည့်စုံတယ်။ အမည်ကိုက အသီးကိုဘဲစားရတဲ့ မုန်ညှင်း လေ၊ အသီးအတွက်ဘဲစိုက်ကြတယ်၊ သူ့အရွက်က ခါးတယ် သက်တယ်၊ သိပ်မကြိုက်ကြဘူး၊ ဒါပေမဲ့ သူ့အသီးတော့ ချိုနေပြန်ရော၊ ဒီဇင်ဘာလဆိုရင် ကောလင်း ဟုမ္မလင်း ခန္တီး  ကန့်ဘလူ ဝန်းသို တဝိုက်မှာ ဒီအသီးတွေ လှိုင်လှိုင်ပေါ်နေပြီ၊ ဒါတင်မကဘူး ဒီအပင်က ရှမ်းပြည်နယ် တစ်ခွင် တောင်ကြီး ကလော ဟဲဟိုး မှာလည်း အလွန်ပေါဆိုဘဲ၊ အအေးကြိုက်သော အပင် ဖြစ်တယ်။ ကောလင်းဖက်မှာ အသီးတွေချည်း သီးသန့်ရောင်းပေမဲ့ ဟုမ္မလင်းကြတော့ အရွက်အသီး ရောပြီး အခိုင် အစည်းလေးနဲ့ ရောင်းကြတယ်။ 

   မုံလာသီးအပင်လေးတွေကို တော်သလင်း၊ သီတင်းကျွတ် လဆန်းလောက်မှာ စိုက်တယ် တန်ဆောင်မုန်း နတ်တော်လဆို အသီးဆွတ်လို့ရပြီ၊ မျိုးစေ့ကို ရှမ်းပြည်နယ် နောင်ချို ကလော၊ နဲ့ ကောလင်းမှာ ဝယ်လို့ရတယ်၊ ရှေးယခင်ကတည်းက စိုက်လာသော အပင်ဖြစ်ပြီး အခုအချိန်မှာတော့ စီးပွားဖြစ် အပင်တပင်အဖြစ် စိုက်လို့နေပါတယ်။ အသီးသီးချိန်ဆို ဗိုလ်စားပဲသီးတောင့်လောက်ရှိတဲ့ အသီးကြီးတွေရတယ်၊ နုနုဖတ်ဖတ် အသီးတွေကို ဆွတ်ပြီး စျေးကွက်တင်ရောင်းကြတယ်။

   ဒီအပင်ကိုသိသာစေတဲ့အချက်က ပန်းပွင့်တွေပါ၊ အဖြူရောင် ခရမ်းဖျော့ဖျော့ အရောင်ပန်းတွေက သာမန် မုန်ညှင်း ကိုက်လန်တွေထက်ကြီးတယ်၊ ပိုပြီးလည်းနူးညံ့ နေပြန်ရော၊ အသီးတောင့် အစ ၂ ဖက်ကိုချိုး ၃ ဆစ်လောက်ပိုင်းပြီး သူ့ချည်းကြော်စားရင် အလွန်ကောင်းလှသလို၊ အချဥ်ဟင်းချက်စား၊ ကြိက်တတ်ရင် ဝက်သားလေးနဲ့ရောကြော်ရင် တကယ်ကို ကောင်းပါတယ်။ ရာသီစာမို့ လူနဲ့လည်းတည့်ပါတယ်။

   ရှမ်းနီရိုးရာမှာ အရေးပါဆုံးသော အစားအစာ တခုကတော့ ဟင်းပေါင်းပါ၊ ဟင်းပေါင်းထဲမှာ မုန့်ညှင်း၊ မုန့်ညှင်းသီး၊ မုံလာသီး၊ ပဲ‌တောင့်ရှည်၊‌ ကန်စွန်းရွက်၊ ဟင်းနုနယ်၊ ဟင်းပြင်းရွက်၊ ဟင်းပြင်းဖူး၊ ဟင်းပြင်းသီး၊ မုန်လာထုပ်၊ ဆူးပုတ်ရွက်၊ ရွှေဖရုံသီး၊‌ ကစော့သီး၊ ပိန္နဲသီးနုနု၊ ပင်စိမ်း၊ နံနံ စသည့် ​ရာသီအလိုက်ထွက်သော အရွက်တွေကို ပေါင်းစားခြင်းဖြစ်ပါတယ်။ ဟင်းပေါင်းမှာ မုန်ညှင်းသီးပါရင် အလွန်ကို ကောင်းပါတယ်။

ကဲ့ ဒီတော့ မုံလာသီး ခေါ် မုန်ညှင်းသီး ကို မိတ်ဆွေတို့ စားဖူးကြပြီလား၊ ရာသီစာ အသီးအနှံတစ်ခုပါ။

Kothet Naing Oo 

ဟုမ္မလင်း


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်