မွေးထူနီကောင်

08/11/2019 12:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

 အင်္ဂလိပ်အမည် – Red Hairy Caterpillar
သိပ္ပံအမည် – Amsacta albistriga (Walker [1865]), A. moorei (Butler, 1875)
မျိုးရင်း – Erebidae
မျိုးစဉ် – Lepidoptera

ဖျက်ဆီးပုံလက္ခဏာများ
ခူကောင်
များသည် မြေပဲပင်၏ အရွက်အားလုံးကို စားပစ်ပြီး ပင်စည်သာကျန်တော့သည်။

ဖျက်ပိုး၏ ဝိသေသလက္ခဏာများ

လောက်ကောင် – အမွှေးထူလောက်ကောင်သည် နီညိုရောင်ကိုယ်ခန္ဓာရှိကာ အစွန်းပိုင်းတစ်ဖက်စီတွင် အနက်ရောင်အရစ်ပါပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို နီညိုရောင် အမွှေးများ ဖုံးလွှမ်းထားသည်။

အရွယ်ရောက်ကောင် – ဖလံတွင် အဖြူရောင်တောင်ပံများပါသည်။ ရှေ့တောင်ပံများသည် အဖြူရောင်ရှိကာ တောင်ပံတစ်ခုလုံး အညိုစင်းများပါရှိပြီး အတွင်းပိုင်းအနားသားနှင့် ဦးခေါင်းတစ်လျှောက်တွင် အဝါအစင်းများပါသည်။ နောက်တောင်ပံများသည် အဖြူရောင်ရှိကြပြီး အနက်ရောင်အမှတ်အသားများ ပါရှိသည်။

A.Moorei မျိုးစိတ်

* ရှေ့တောင်ပံ – ရှေ့တောင်ပံတစ်ခုလုံးတွင် အညိုရောင်အစင်းများနှင့်အတူ အဖြူရောင်ရှိသည်။ အတွင်းပိုင်းအနားသားနှင့် ဦးခေါင်းတို့တစ်လျှောက်တွင် အနီရောင်သန်းသည့် အစင်းများပါရှိသည်။

ကာကွယ်နှိမ်နင်းခြင်း

မိုးမကျမီ စိုက်ခင်းကန်သင်းများနှင့် အရိပ်ရနေရာများမှ ရုပ်ဖုံးများကို တူးယူဖျက်ဆီးပါ။
မိုးကျကျပြီးအချိန်နှင့် မိုးရာသီ မြေပဲစိုက်ပြီးနောက်တွင် ဖလံများကို ဆွဲဆောင်ရန်နှင့် ၎င်းတို့၏ မျိုးဆက်ထွက်ပေါ်လာမှုကိုလည်း သိရှိရန် အလင်းရောင်ထောင်ချောက် ၃-၄ ခုနှင့် မီးပုံရခြင်းကို ပြုလုပ်ပါ။
ပဲစဉ်းငုံနှင့် ပဲလွန်းတို့ကဲ့သို့သော သီးညှပ်သီးနှံများမှ အငမ်းမရစားသောက်သည့် ပထမလောက်ကောင်အဆင့်များကို ကောက်ယူဖျက်ဆီးပါ။
သီးနှံစိုက်ဧရိယာမှ ဥမြုံများကို ကောက်ယူဖျက်ဆီးပါ။ ဤဖျက်ပိုးကျရောက်နေသော မြေပဲခင်းတစ်ဝိုက်တွင် အနက် ၃၀ စင်တီမီတာနှင့် အကျယ် ၂၅ စင်တီမီတာရှိပြီး ထောင့်မတ်ကျသော ကတုတ်ကျင်းတူးခြင်းဖြင့် လောက်ကောင်ဝင်ရောက်ခြင်းကို ရှောင်ရှားပါ။
အောက်ပါပိုးသတ်ဆေးကို ပိုးသတ်ဆေးဗူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
ဒိုင်ကလိုဗော့စ် (Dichlorvos)

ဒေါက်တာကိုကို

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်