ရန်ကုန်မြစ်အတွင်း တရားမဝင်ငါးဖမ်းဆီးခြင်းကို တားမြစ်ခြင်း

25/06/2018 10:37 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့အာဏာပိုင်အဖွဲ့အစည်းများမှ ရေသယံဇာတနှင့် ငါးသယံဇာတ ပျက်စီးခြင်းမှ ကာကွယ်ရန်အတွက်  ရန်ကုန်မြစ်အတွင်း တရားမဝင် ငါးဖမ်းဆီးခြင်းကို အတိအလင်းတားမြစ်ထားကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့တဲ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့ပါသည်။

မြစ်သုံးစင်းပေါင်းဆုံရာ ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် လှိုင်မြစ်ကြောင်းတစ်လျှောက် အတွင်းတွင်လဲ အဆိုပါ တရား မဝင် ငါးဖမ်းဆီးခြင်းကို တားမြစ်ထားသည်။ မြန်မာ့ပင်လယ်ပြင်တွင် ငါးအလွန်အကျွံဖမ်းဆီးခြင်းမှ ကာကွယ်ရန်အတွက် ထိုတားမြစ်ချက်ကို ဇွန်လမှ သြဂုတ်လအထိ သတ်မှတ်ထားပါသည်။

မြန်မာ့ငါးလုပ်ငန်းအဖွဲ့ချုပ်မှ လျှပ်စစ်ဓါတ်ဖြင့် ငါးဖမ်းခြင်း၊ ပေါက်ကွဲစေတတ်သည့်ပစ္စည်းဖြင့် ငါးဖမ်းခြင်း စသည့် တရားမဝင် ငါးဖမ်းဆီးခြင်းလုပ်ငန်းများကို ပပျောက်စေရန် ဆောင်ရွက်လျက်ရှိပါသည်။

လျှပ်စစ်ရှော့တိုက် ငါးဖမ်းခြင်း၊ ပေါက်ကွဲစေတတ်သည့်ပစ္စည်းဖြင့် ငါးဖမ်းခြင်း စသည်တို့သည် ငါးမျိုးပွာခြင်း၊ ရေလုပ်ငန်းအရင်းအမြစ်များ၊ ဇီဝမျိုးကွဲမျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိခိုက်ပျက်စီးစေသဖြင့် ပြင်းပြင်း ထန်ထန် တားမြစ်ထားပါသည်။ ထိုသို့ တရားမဝင် ဖမ်းဆီးခြင်းလုပ်ငန်းများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နှင့် တနင်္သာရီတိုင်း တို့တွင် အများဆုံးတွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် ငါးနှင့် ပုစွန်မွေးမြူရေးကန် ဧရိယာပေါင်း ၄၈၀၀၀၀ ဧက (၁၉၄၂၄၉ ဟက်တာ) ရှိပြီး မြန်မာ့ ငါးလုပ်ငန်းအဖွဲ့ချုပ်က တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ငါးနှင့် ပုဇွန် မွေးမြူရေးဇုန်များ ဖြစ်ပေါ်လာရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၇ − ၁၈ ဘဏ္ဍာရေးနှစ်၏ မတ်လကုန်အထိ ကိန်း ဂဏန်းများအရ နိုင်ငံခြားသို့တင်ပို့သော ရေထွက်ကုန်ပစ္စည်းတန်ချိန် (၅၆၈.၂၂၇ တန်) ကျော်မှ အမေရိကန် ဒေါ်လာ  ၇၁၇.၇ သန်းခန့် ရရှိခဲ့သည်ဟုသိရသည်။

Source – Xinhua News (20.6.2018)

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်