မြန်မာ့ရေထွက်ပို့ကုန်များတွင် ရောဂါပိုးတွေ့ရှိသည်ဟုဆိုကာ ဆော်ဒီနိုင်ငံသို့တင်ပို့ခွင့် ယာယီရပ်ဆိုင်းခံထားရမှု သုံးလ ကြာမြင့်သည်အထိ ထူးခြားမှုမရှိ

27/06/2018 15:14 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆော်ဒီနိုင်ငံသို့ တင်ပို့နေသည့် မြန်မာ့ရေထွက်ပို့ကုန်များတွင် ရေဂါပိုးတွေ့ရှိသည်ဟုဆိုကာ ဧပြီ  ၁ ရက်မှစတင်ပြီး တင်ပို့ခွင့် ယာယီရပ်ဆိုင်းခံထားရမှုသည် လက်ရှိအချိန်ထိ ပြန်လည်တင်ပို့ခွင့် ထူးခြားမှုမရှိသေးကြောင်း မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ဆော်ဒီနိုင်ငံသို့ တင်ပို့နေသည့် အအေးခန်းနှင့်မွေးမြူရေးကန်များကို ဆော်ဒီဘက်မှ လာရောက်စစ်ဆေးရန် မေလ တွင် အကြောင်းကြားထားသော်လည်း လက်ရှိအချိန်တွင် စစ်ဆေးမည့်ရက် အတိအကျသိရှိရန် အကြောင်းကြား စာ မရောက်ရှိသေးကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

“မွေးမြူရေး ငါးဈေးကွက်အခြေအနေက ဈေးမကောင်းဘူး။ ဈေးမကောင်းဘူးဆိုပေမယ့် အဆိုးဆုံးအခြေအနေ ကို ထိုးကျမသွားတာက ပင်လယ်ငါးတွေက ငါးမဖမ်းရရာသီ ပိတ်ထားတယ်။ မေ ၁၅ ရက်ကနေ သုံးလတိတိ ပိတ်ထားတော့ ပင်လယ်ကငါးက ကုန်တက်သိပ်မရှိဘူး။ ခုချိန် မွေးမြူရေးငါးကိုပဲ ပြည်တွင်းမှာ အားကိုးနေရတယ်။ အဲ့ဒီအတွက်ကြောင့် ငါးရှားနေတော့ ဈေးကွက်က အဆိုးရွားဆုံးအခြေအနေအထိ ပြုတ်ကျမသွားဘူး။ မွေးမြူသူတွေအတွက်ကတော့ အကျိုးအမြတ်မရှိတော့ပဲ တွက်ခြေမကိုက်ဘူး။” ဟု ဦးဝင်းကြိုင်ကဆိုသည်။

ယခင်က မြန်မာ့မွေးမြူရေးငါး၏ နိုင်ငံခြားတင်ပို့မှု ၃၀ ရာခိုင်နှုန်းနှင့် ငါးမြစ်ချင်းတင်ပို့မှု ၄၁ ရာခိုင်နှုန်းသည် ဆော်ဒီနိုင်ငံသို့ တင်ပို့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

“တင်ပို့ခွင့်သာ ပြန်မဖွင့်ခဲ့ဘူးဆိုရင် ပင်လယ်ငါးကလည်း ငါးမဖမ်းရ ရာသီလွတ်သွားလို့ စက်တင်ဘာလလောက်မှာ ပင်လယ်ငါးကလည်း ပြန်တက်လာမယ်။ အင်း၊ အိုင်ငါးတွေလည်း ပြန်တက်လာရင် မွေးမြူရေး ငါးတွေက တင်ပို့ခွင့်လည်းမရှိဘူးဆိုရင် အခြေအနေက အများကြီးဆိုးသွားနိုင်တယ်။ ဆော်ဒီကပိတ်လိုက်တာက မွေးမြူရေးငါးတွေမှာ ငါးမြစ်ချင်းတွေဖြစ်တယ်။ ငါးမြစ်ချင်းအစား တခြားဈေးကွက်ဝင်ငါးတွေ ပြောင်းမွေးရမှာပေါ့။ အဲ့ဒါမျိုးတွေက ကြိုးစားနေတုန်းပဲ။ ချက်ချင်းကြီး အောင်မြင်မှုတော့ရမှာ မဟုတ်သေးဘူး။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့တော့ ငါး၊ ပုစွန်မွေးမြူရေးမှာ နိုင်ငံတကာဈေးကွက်တွေကဝယ်တဲ့ ဈေးကွက်ဝင် အမျိုးအစားတွေကို မွေးဖို့၊ မွေးမြူ ရေးကာလတိုပြီး ကုန်များများထွက်တာတွေမွေးဖို့၊ ပြောင်းပြီးမွေးဖို့ ကြိုးစား နေပါတယ်။ ငါး၊ ပုစွန်မွေးမြူရေး စီမံကိန်းတွေမှာ အမျိုးအစားတွေပြောင်းဖို့အတွက်  ကြိုးစားနေတယ်” ဟု ဦးဝင်းကြိုင်က ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ နှစ်နိုင်ငံသံအမတ်များ တွေ့ဆုံမှုတွင် ဆော်ဒီမှ ကုန်သွယ်မှု ပိတ်ထားမှုတွင် မည်သည့်နိုင်ငံမှ ကုန်သွယ်မှု ခွင့်ပြုခြင်းမရှိခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှု ပြန်လည်ခွင့်ရန်ကြာမြင့်မည့် အခြေအနေတွင်ရှိသည်ကို မှတ်ချက်ပြုထားကြောင်း သိရသည်။ ဆော်ဒီနိုင်ငံက ရေထွက်ပစ္စည်းတင်သွင်းခွင့် ပိတ်မှုသည် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့ကိုပါ တင်သွင်းခွင့်ပိတ်ထားသည်ဟု သိရသည်။

Source – Eleven Media 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်