သုံးလအတွင်း ပြည်ပဆန်တင်ပို့နိုင်မှု တစ်နှစ်စာလျာထားချက်၏ ၁၀ ရာခိုင်နှုန်းကျော်သာရှိသေး

10/07/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ယခုဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန် (၂.၅) သန်းတင်ပို့ရန်လျာထားပေမဲ့ ပထမသုံးလပတ်အတွင်း ၁၀ ရာခိုင်နှုန်းကျော်သာ တင်ပို့နိုင်သေးတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ရဲ့ သတင်းထုတ် ပြန်ချက်တွေအရ သိရပါတယ်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန် (၂.၅) သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၁၀၀၀) ရရှိရန် ရည်မှန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဘက်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

ဒါပေမဲ့ ယခု ဘဏ္ဍာနှစ် ပထမသုံးလဖြစ်တဲ့ ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင် ပို့နိုင်မှုမှာတော့ ၂၆၁၀၇၉ မက်ထရစ်တန်သာရှိခဲ့တာဖြစ်လို့ တစ်နှစ်စာလျာထားတင်ပို့မှုရဲ့ ၁၁ ရာခိုင်နှုန်းခန့်သာ ရှိသေးတာဖြစ်ပါတယ်။ ပို့ကုန်ဝင်ငွေအနေနဲ့လည်း အမေရိကန်ဒေါ်လာ ၁၁၂ သန်းပဲ ရှိထားသေးတာဖြစ်ပါတယ်။

ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီကစလို့ တောက်လျှောက်ကျဆင်းသွား တာဖြစ်ပြီး ပြီးခဲ့တဲ့မေလအတွင်းမှာ ပြန်လည်မြင့်တက်လာခဲ့ပေမဲ့ ဇွန်လအတွင်းမှာတော့ ယခုဘဏ္ဍာနှစ်သုံးလအတွင်းမှာကို အနိမ့်ဆုံးအခြေအနေထိ ရောက်သွားတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တရုတ်နိုင်ငံဘက်က ဆန်ဝယ်ယူမှုအများအပြားရှိခဲ့တဲ့ ယခုနှစ်အစ ဇန်နဝါရီလအတွင်းမှာ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၂၆၈၈၃၅ မက်ထရစ်တန်အထိ ရောက်သွားခဲ့ရာကနေ တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားတာဟာ ဧပြီလအတွင်းမှာတော့ စုစုပေါင်း တန်ချိန် ၈၇၆၄၈ မက်ထရစ်တန်သာ တင်ပို့ရတော့တဲ့အထိ ကျဆင်းသွားတာဖြစ်ပါတယ်။ 

အထူးသဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရမှု သိသိသာသာ လျော့ကျနေပြီး နောက်ဆုံး ဧပြီ၊ မေ၊ ဇွန်လတွေမှာဆိုရင် ဆန်တင်ပို့ရမှုထိပ်ဆုံး ၅ နိုင်ငံစာရင်းတွေထဲမှာတောင် ပါဝင်လာတော့ခြင်း မရှိတော့ပါဘူး။ 

ဇွန်လအတွင်း ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှုစုစုပေါင်းအနေနဲ့ ၆၂၇၂၅ မက်ထရစ်တန်ရှိခဲ့ပြီး ဝင်ငွေအနေနဲ့ တော့ အမေရိကန်ဒေါ်လာ ၂၈ သန်းရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆန်အများဆုံးတင်ပို့ခဲ့ရတဲ့နိုင်ငံက ပိုလန်နိုင်ငံသို့ဖြစ်ပြီး ၅၆၂၅ မက်ထရစ်တန် တင်ပို့ခဲ့ရတာ ဖြစ်ပါတယ်။ ဆန်ကွဲအများဆုံးတင်ပို့ခဲ့ရတာကတော့ အရင်မေလကထိပ်ဆုံးဖြစ်ခဲ့တဲ့ ဘယ်လ်ဂျီယံနိုင်ငံသို့ပဲဖြစ်ပြီး စုစုပေါင်း ၁၄၇၀၀ မက်ထရစ်တန် တင်ပို့ ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှုတွေအနေနဲ့တော့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၂၀၂၁ ဧပြီမှ ၂၀၂၂ မတ်လထိ)မှာ တန်ချိန် ၂၁၆၈၆၈၁ တန် (ပို့ကုန်ဝင်ငွေ - အမေရိကန်ဒေါ်လာ ၈၀၉.၁၃၅ သန်း) ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဘဏ္ဍာနှစ် (၂၀၂၂ ဧပြီမှ ၂၀၂၃ မတ်လထိ) မှာတော့ တန်ချိန် ၂၂၆၁၂၀၃ တန် (ပို့ကုန်ဝင်ငွေ - အမေရိကန်ဒေါ်လာ ၈၅၃.၄၇၂ သန်း) ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd_MRF

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်