တောက်လျှောက်ကျဆင်းသွားသည့် ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှု ပြန်မြင့်တက်လာ

05/06/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီကစလို့ တောက်လျှောက်ကျဆင်းသွားတဲ့ ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ပြီးခဲ့ တဲ့မေလအတွင်းမှာတော့ ပြန်လည်မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ်နိုင်ငံဘက်က ဆန်ဝယ်ယူမှုအများအပြားရှိခဲ့တဲ့ ယခုနှစ်အစ ဇန်နဝါရီလအတွင်းမှာ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၂၆၈၈၃၅ မက်ထရစ်တန်အထိ ရောက်သွားခဲ့ရာကနေ တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားတာဟာ ဧပြီလအတွင်းမှာတော့ စုစုပေါင်း တန်ချိန် ၈၇၆၄၈ မက်ထရစ်တန်သာ တင်ပို့ရတော့တဲ့အထိ ကျဆင်းသွားတာဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရမှု သိသိသာသာ လျော့ကျသွားခဲ့ပြီး နောက်ဆုံး ဧပြီ၊ မေလတွေမှာဆိုရင် ဆန်တင်ပို့မှုထိပ်ဆုံး ၅ နိုင်ငံစာရင်းတွေထဲမှာတောင် ပါဝင်လာတော့ခြင်း မရှိတော့ပါဘူး။ 

မေလအတွင်း ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှုစုစုပေါင်းအနေနဲ့ ၁၁၀၇၀၆ မက်ထရစ်တန်ရှိခဲ့ပြီး ဝင်ငွေအနေနဲ့ တော့ အမေရိကန်ဒေါ်လာ ၄၈ သန်းရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆန်အများဆုံးတင်ပို့ခဲ့ရတဲ့နိုင်ငံက တူရကီနိုင်ငံသို့ဖြစ်ပြီး ၁၁၃၇၆ မက်ထရစ်တန် တင်ပို့ခဲ့ရတာ ဖြစ်ပါတယ်။ ဆန်ကွဲအများဆုံးတင်ပို့ခဲ့ရတာကတော့ ဘယ်လ်ဂျီယံနိုင်ငံဖြစ်ပြီး စုစုပေါင်း ၂၅၉၂၅ မက်ထရစ်တန် တင်ပို့ ခဲ့ရတာဖြစ်ပါတယ်။

ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှုအနေနဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၂၀၂၁ ဧပြီမှ ၂၀၂၂ မတ်လထိ)မှာ တန်ချိန် ၂၁၆၈၆၈၁ တန် (ပို့ကုန်ဝင်ငွေ - အမေရိကန်ဒေါ်လာ ၈၀၉.၁၃၅ သန်း) ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဘဏ္ဍာနှစ် (၂၀၂၂ ဧပြီမှ ၂၀၂၃ မတ်လထိ) မှာတော့ တန်ချိန် ၂၂၆၁၂၀၃ တန် (ပို့ကုန်ဝင်ငွေ - အမေရိကန်ဒေါ်လာ ၈၅၃.၄၇၂ သန်း) ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွက်တော့ ဆန်တန်ချိန် (၂.၅) သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၁၀၀၀) ရရှိရန် ရည်မှန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဘက်က ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့နှစ်လအတွင်း ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှုကတော့ ၁၉၈၃၅၄ မက်ထရစ်တန်သာရှိခဲ့ပြီး ပို့ကုန်ဝင်ငွေအနေနဲ့လည်း အမေရိကန်ဒေါ်လာ ၈၄ သန်းပဲ ရှိထားသေးတာဖြစ်ပါတယ်။

Photo Crd_MRF

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်