ဆန်ဈေးများ ဆက်တက်နေဆဲ..အမြင့်ဈေးမှာဆက်ရှိနေဆဲ..

27/06/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကမ္ဘာ့ဆန်ဈေးကွက်မှာ ဝယ်လိုအားဟာ ရောင်းလိုအားထက်များနေပါတယ်။ အာရှနိုင်ငံဆန်ဈေးကွက်ဟာ လည်း ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အမြင့်ဆုံးအနေအထားထိ ဖြစ်လာနေပါတယ်။

အလားတူ ရန်ကုန်၊ ဝါးတန်းဆန်ဈေးကွက်မှာလည်း ဆန်ဈေးတွေဟာ တောက်လျှောက်အတက်မှာချည်း ရှိနေတာပါ။ ယခုလအစ ဇွန် ၁ ရက်နဲ့ ဒီနေ့ ဇွန် ၂၇ ရက်နေ့အတွင်းမှာတင် ဆန်အမျိုးအစား အတော်များများ ဟာ ဈေးတက်သွားပါတယ်။ 

ဈေးမတက်ဘဲ ကျန်နေတာဆိုလို့ ဆန် (ငစိန် - သစ်) ၊ ဆန် (ဧည့်မထ - ၂၅% သစ်)၊ ကြားပျံရှယ်(သစ်)၊ တောင်ပျံ(ဖျာပုံ-သစ်) နဲ့ တောင်ပျံ (မော်ကျွန်း-သစ်) တွေပဲ ရှိပါတော့တယ်။ 

ဘယ်ဆန်အမျိုးအစားတွေ ဘယ်လောက်ဈေးအပြောင်းအလဲဖြစ်သွားလဲ၊ ဘယ်ဆန်အမျိုး အစားတွေ အရင်ဈေးအတိုင်းငြိမ်နေလဲဆိုတာကိုတော့ အောက်ပါဇယားကွက်မှာ ကြည့်နိုင်ပါတယ်။

အပြောင်းအလဲဖြစ်သွားတဲ့အမျိုးအစားတွေကို အနီရောင်နဲ့ ဖော်ပြပေးထားပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်