"မောင်းညို" ဆိုတာ.. (တောင်သူပညာပေးဆွေးနွေးပွဲအတွေ့အကြုံများ - ၉ )

28/11/2022 11:00 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

​စပါးရိတ်သိမ်းပြီးတာနဲ့ ​ဆောင်းသီးနှံဖြစ်တဲ့ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး တို့ကို စိုက်ကြ​တော့မှာ ဖြစ်ပါတယ်။

စာ​ရေးသူလည်း မ​ကွေးတိုင်း၊ စလင်း၊ မင်းဘူး​ဒေသ ဧရာဝတီမြစ်န​ဘေး၊ ​မြေနုကျွန်း​ဒေသ​တွေကို ​တောင်သူ​ဆွေး​နွေးပွဲ ခရီးဆက်ခဲ့ပါတယ်။

  • ငရုတ်နဲ့ စား​တော်ပဲ စိုက်ကြတာများလို့...
  • ငရုတ်ရွက်​သေးထိုးရခြင်းအ​ကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်ခြင်း၊
  • ပဲ ရွက်စားပိုး၊ သီးလုံး​ဖောက်ပိုးများ  ကာကွယ်နှိမ်နင်းနည်းများ
  • ခါးရိ/ပင်ညှိုး ​ရောဂါ ကာကွယ်နှိမ်နည်းများ
  • အသီးအပွင့် ​ကြွေရခြင်း ၊အသီးအရည်အ​သွေးမမီခြင်းရဲ့ အ​ကြောင်းရင်းများနဲ့ ပြုစုနည်းများ

အ​ကြောင်းတွေကို အ​သေးစိတ် ဆွေး​နွေး​ဟော​ပြောဖြစ်ပါတယ်။

​ဟော​ပြောပွဲမှာ..

​တောင်သူတ​ယောက်က မတ်တပ်ထပြီး

​"မေးခွန်းတခု ​မေးပါရ​စေဆရာ.. စပါးရိတ်သိမ်းချိန်ကို မောင်းညိုချိန်မှာ ရိတ်ပါ" လို့ စိုက်ပျိုး​ရေးစာ​စောင်​တွေမှာ တွေ့ရပါတယ်။

​"မောင်းညိုဆိုတာ ဘာကိုဆိုလိုတာပါလဲ?... ဆိုပြီး.

ဟော​ပြောပွဲမေးမြန်းခန်းမှာ မေးလာပါကော။

စာ​ရေးသူကလည်း စိုက်ပျိုး​ရေးသမားဆို​တော့ စိုက်ပျိုး​ရေးနည်းပညာနဲ့ပဲ ​ဖြေ​ပေးလိုက်ပါတယ်။

​မောင်းညိုဆိုတာ...

စပါးပင်အနှံထွက်ပြီး ရက် ၃၀ ကြာတဲ့အချိန်ကို ​ခေါ်ပါတယ်။

တနည်းအားဖြင့် စပါးနှံမှ အ​စေ့များဟာ ၈၀ - ၈၅ ရာခိုင်နှုန်း အဝါ​ရောင်​ပြောင်းလာတဲ့အချိန်ကို ​မောင်းညိုချိန်လို့ ​ခေါ်ပါတယ်.... လို့​ ဖြေလိုက်​တော့...

အဲဒါကို သိတယ်ဆရာ...

"ဟောဗျာ..ဒါဆို  ဘာလို​သေးတုန်း..ဦးကြီးရဲ့" လို့ ဆိုမှ..

"မောင်းညို"  ဆိုတဲ့ စကားလုံး အဓိပ္ပာယ်ကို သိချင်တာတဲ့  ဗျာ။

မထင်ထား​တဲ့​မေးခွန်း၊ ​မေး​လေ့​မေးထမရှိ​တဲ့​မေးခွန်းဆို​တော့... စာ​ရေးသူ ရုတ်တရက် ​ကြောင်သွားပါတယ်။

လျှပ်တပြက်အတွင်းမှာ ​မောင်းညိုအ​ကြောင်းစဉ်းစားရင်း ရွာမှာ ရယ်စရာ ​ပြောကြတာ​လေး သတိ ရမိလိုက်​သေးတယ်။

၇ ရက် တရားစခန်းက ပြန်လာတဲ့ ​ယောက်ျားဖြစ်သူကို မိန်းမက ​မေးသတဲ့။

"ကိုအဝှာ(​ယောကျားကို မိန်းမက ​ချစ်စနိုး​ခေါ်ခြင်း)..

၃၂ ကောဌာသ ဆိုတာ ဘာလဲဟင်" လို့ ​ကောက်ကာငင်ကာ ​မေးလိုက်​ရော...

ယောက်ျားဖြစ်သူကလည်း ​ရောက်​ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို ဗြုန်းစားကြီး ​မေးခံရ​တော့မ​ပြောတတ်ဘူး​ပေါ့..

မသိဘူး ​ပြောရင်လည်း တရားစခန်းပြန်ခါစ သိက္ခာကျမှာစိုး​တော့..

မိန်းမ​ကို ရုတ်တရက် သိုင်းဖက်ပြီးသကာလ..

တိုးတိုး​လေး အနားကပ်​ပြောလိုက်သတဲ့။

" မိန်းမ​ရေ... မှတ်ထား.. ၃၂ ကောဌာသဆိုတာ ၃၂ ခါ ကွတ်တာကို ​ခေါ်တယ်ကွဲ့" တဲ့ဗျား...

စာ​ရေးသူလည်း..စိတ်ထဲက​နေပြီး "မောင်းညို" ဆိုတာ..​မောင်းတဲ့​နေရာ ညိုနေတာကို​ခေါ်တယ်"လို့ ​တွေးရင်း ပြုံးမိသွားတယ်။

ပြီးမှ တဖြည်းဖြည်းစဉ်းစားလိုက်ပြီး..

မြတ်စွာဘုရားရဲ့ ​ရောင်ခြည် ၆ သွယ်မှာ ညို​မောင်း​သော ​ရောင်ခြည်တော်ကို သတိရမိတယ်။..

​မောင်းညိုဆိုတာ... ညို​မောင်းဆိုတဲ့ ​​ပေါရာဏစကားလုံး ဖြစ်နိုင်​​ကြောင်း....

​နောက်ပြီး...မြန်မာအဘိဓာန်မှာ  ​ရှာကြည့်လိုက်​တော့...

မောင်းညို ဆိုတာ...

ညို​မောင်း(စု​ပေါင်းနာမ်)

ညို​မောင်း(နာမဝိ​သေသန)+ ညို(နာမဝိ​သေသန)=

"စပါးရင့်မှည့်ကာစအချိန် ဖြစ်​ပေါ်လာ​သော မှိုင်းညိုသည့်အ​ရောင်"

လို့​ဖော်ပြထားပါတယ် ဗျာ။

ကဲ..ဦးကြီး​ရေ...

ဒီ​လောက်ဆို  ​မောင်းညိုအ​ကြောင်း သ​ဘော​ပေါက်နားလည်မယ်လို့ ယုံကြည်ပါတယ်။

​တောင်သူဦးကြီးများ..​.ဘေးဘယာ​ဝေးကွာပြီး... ကျန်းမာချမ်းသာကြပါ​စေ..

​စေတနာများစွာဖြင့်..

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်