စန္ဒကူးပင်(Sandalwood)အကြောင်း သိကောင်းစရာ

03/09/2020 11:30 AM တွင် Sandakue Aung Sandakue Aung မှ ရေးသား

      စန္ဒကူးပင်သည် အလွန်မွှေးကြိုင်၍ တန်ဖိုးကြီးသော သစ်တစ်မျိုးဖြစ်သည်။ ပူနွေးစိုစွတ်သော ရာသီဥတုတွင် ပေါက်ရောက်သော အပင်ဖြစ်သည်။ အမျိုးအစားပေါင်းများစွာရှိသော်လည်း အိန္ဒိယစန္ဒကူး နှင့် ဩစတြေးလျစန္ဒကူးတို့သည် ပို၍တန်ဖိုးကြီးကြသည်။ မြေချဉ်ငန်ဓာတ်၆.၅ မှ ၇.၅ တွင် ကောင်းစွာကြီးထွားနိုင်သည်။ စန္ဒကူးပင်သည် အပင်ကြီးမျိုးဖြစ်၍ အရွက်သည် ပြောင်လက်၍ အောက်ဖက်တွင် အဖြူရောင်သန်းပါသည်။ ပန်းပွင့်များသည် နီညိုရောင်ရှိပြီး အလယ်တွင် လိ‌မ္မော်ရောင်ဗဟိုရှိပါသည်။ အပင်သက်တမ်း ၄နှစ်ခန့်တွင် ပန်းများစတင်ပွင့်ပါသည်။

     သဘာ၀အလျောက်ပေါက်သော စန္ဒကူးပင်များသည် သက်တမ်းနှစ်၃၀ကြာမှ အပင်တွင်းအဆီအနှစ်များကို ထုတ်ယူနိုင်ပါသည်။ နည်းစနစ်မှန်မှန် စနစ်တကျစိုက်ပျိုးထားသော အပင်များသည် သက်တမ်း ၁၅နှစ်ခန့်တွင် အဆီအနှစ်များကို ထုတ်နိုင်သည်။ စန္ဒကူးပင်သည် ပင်စည်လုံးပတ် ၁၀၀စင်တီမီတာ မှ ၂၀၀စင်တီမီတာ အထိရှိနိုင်သည်။ အမြင့်မှာ ၁၈မီတာ အထိမြင့်နိုင်သော်လည်း ပေါက်ရောက်ရာနေရာအလိုက် ပြောင်းလဲနိုင်ပါသည်။ စန္ဒကူးပင်စိုက်ပျိုးရာတွင် သဘာ၀မြေဩဇာများကိုသာ အသုံးပြုပြီး ဓာတုဆေးများကို အသုံးမပြုသင့်ပါ။ စန္ဒကူးပင်သည် အခြားအပင်များထက် ကြီးထွားမှုနည်းသော အပင်ဖြစ်သည်။ အာဟာရပြည့်၀သောမြေတွင် စိုက်ပျိုးပါက တစ်နှစ်လျှင် ပျှမ်းမျှ ပင်စည်လုံးပတ် ၅စင်တီမီတာနီးပါး ကြီးလာပါသည်။ 

     စန္ဒကူးပင်၏ အဆီအနှစ်သည် လိမ္မော်ရောင် သို့မဟုတ် ဝါညိုရောင်ရှိသည်။ မွှေးကြိုင်၍ အဆီအနှစ်ပါသော စန္ဒကူးသား တစ်ပိဿာကို ကျပ်နှစ်သိန်း မှ သုံးသိန်းအထိ ရှိသည်ဟု သိရပါသည်။

    • စန္ဒကူးသားကို သေတ္တာ၊ ယပ်တောင်၊ ရုပ်ထု ထုလုပ်ခြင်းတို့တွင် အသုံးပြုကြသည်။ 

    • အမွှေးနံ့သာများ ထုတ်လုပ်ရာတွင် အဓိက အသုံးပြုသည်။

    • စန္ဒကူးအဆီကို အသည်းရောဂါ၊ ဆီးအိတ်ရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်းရောဂါကူးစက်ခြင်း၊ ၀မ်းရောဂါ၊ အစာမကြေခြင်း၊ အရေပြားရောဂါ၊ အစာအိမ်ရောဂါ စသည့်ရောဂါများအတွက်ဆေးအဖြစ် အသုံးပြုကြသည်။

    • ဒဏ်ရာများ အနာကျက်လွယ်စေရန်လည်း စန္ဒကူးအဆီကို အသုံးပြုသည်။

စန္ဒကူးအောင်

ကိုးကားချက်  - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်