"ငါးများတွင် အဖြစ်များသော ကပ်ပါးရောဂါ"

27/08/2020 16:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

Saprolegnia

ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်း

     Saprolegnia spp; Achlya spp; နှင့် Aphanomyces spp; ကြောင့် ဖြစ်ပါသည်။

ရောဂါလက္ခဏာများ

     - ငါး၏ ခန္ဓာကိုယ်ပေါ်တွင် ဝါဂွမ်းပုံ အဆုပ်လိုက် ဖြစ်လာသည်။

     - အရောင်အားဖြင့် အဖြူရောင်မှိုအစုမှ တဖြည်းဖြည်းအညိုရောင် ပြောင်းလာမည်။

     - အရောင်ပေါ်မူတည်၍ ဖြစ်ပေါ်နေသော မှိုအစုအဝေးအား သိရှိနိုင်ပါသည်။

ရောဂါဖြစ်ပွားတတ်သည့် ငါးအမျိုးအစားများ

     - ငါးကြင်း၊ ငါးသိုင်းအုပ်စု၊ ရွှေငါးနှင့် ရေချိုငါးအမြောက်အများတွင် ဖြစ်ပွားတတ်ပါသည်။

ရောဂါဖြစ်ပွားနိုင်သည့်အချိန်ကာလ

      - မိုးတွင်းကာလနှင့် ဆောင်းအကူးကာလများတွင် ဖြစ်ပွားတတ်ပါသည်။

ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

     - ငါးအစာများကို ()လထက်ကြာအောင် မထားရ။

     - ငါးစာများကို လေဝင်လေထွက်ကောင်းသော နေရာများတွင် ထားရပါမည်။

    - ရောဂါကျရောက်သော ငါးများအား Sodium Chloride 20g/1 for (30min) ခန့် စိမ်ပေးရပါမည်။

     - Formalin 0.4 – 0.5 ml / 1 for 1 hour ခန့် စိမ်ပေးထားခြင်းဖြင့် ရောဂါကာကွယ်နိုင်ပါသည်။

Ref: ငါးလုပ်ငန်းဦးစီးဌာန၏ ငါးရောဂါများအကြောင်း သိကောင်းစရာစာစုမှ ကောက်နုတ်တင်ပြပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)


(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်