သံပခြုပ် (Sea urchins)

13/07/2020 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    သံပခြုပ်များမှာ ရေအောက်ကြမ်းပြင်တွင် နေထိုင်ကြသော ဆူးချွန်များပါသော ကျောရိုးမဲ့ ရေနေသတ္တဝါ( Spiny Marine Invertabrate) အုပ်စုများ ဖြစ်ကြပါသည်။ သံပခြုပ်ကို အစိမ်းရောင်ကျောက်သွေးလို့လည်း ခေါ်ကြပါသည်။ အမဲရောင်လည်းရှိပြီး ထန်းသီးအသေးအရွယ်အစားနီးပါးရှိကြသည်။ တချို့သံပခြုပ်လေးများမှာ ကြက်မောက်သီးနှင့် ပုံစံရော၊ အရွယ်ပါဆင်တူကြပြီး ကျောက်တန်းတွေပေါ်၊ ကျောက်ခေါင်းတွေထဲမှာလည်း ခိုအောင်းနေတတ်လေ့ရှိကြပါသည်။

   မြိတ်ကျွန်းစု၊ ကော့သောင်းဒေသများတွင်လည်း သံပခြုပ်အမြောက်အမြားတွေ့ရတတ်သည်။ အပူပိုင်းဒေသတစ်လျှောက်မှာရှိသည့် သန္တာကျောက်တန်းများတွင်လည်း တွေ့ရတတ်သည်။ ရေကျချိန်တွင် သံပခြုပ်ကောင်လေးများမှာ ပင်လယ်အောက်ရှိ ကျောက်တုံးများတွင် ကပ်နေပြီး ကျောက်သွေးတွေကို စုပ်ယူပြီး အသက်ရှင်နေထိုင်လေ့ရှိကြသည်။

    သံပခြုပ် (Sea urchins)များသည် Echinoderms အုပ်စုဝင်များဖြစ်ကြပြီး ဆူးချွန် (spine)များပါရှိကြပြီး ထုလုံးပုံ ကျောရိုးမဲ့ ရေနေအကောင် (globular marine invertebrate) များ ဖြစ်ကြပါသည်။ မျိုးစိတ်ပေါင်း (၉၅၀)ခန့်ရှိပြီး သံပခြုပ်များသည် သူတို့၏ ပြွန်ပုံစံခြေထောက် (tube foot)များနဲ့ ဖြေးညင်းစွာသာ ရွေ့လျားသွားလာကြပြီး တစ်ခါတရံ သူတို့၏ ဆူးချွန်များနှင့် သူတို့ကိုယ်တိုင်ပွတ်ဆွဲ သွားလာတတ်ကြပါသည်။ သံပခြုပ်များတွင် ပါးစပ်မှ စအိုသို့ထွက်သော အပေါက် ()ပေါက် ပါရှိကြပါသည်။

    သံပခြုပ်အရွယ်အစားမှာ (-၁၀)စင်တီမီတာရှိကြသည်။ ဆူး(spines)များမှာ (-)စင်တီမီတာရှိပြီး (-)မီလီမီတာလုံးပတ်ရှိကြသည်။

    ညမှောင်မှအစာရှာထွက်လေ့ရှိကြပြီး သူတို့ဆူးချွန်များမှာ ရေသတ္တဝါများ၏ အန္တရာယ်မှကာကွယ်ဖို့ အသုံးဝင်ကြပါသည်။ ဆူးစူးမိလျှင် အသားထဲဆူးများမြုပ်ကျန်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်း အဆိပ်တက်ကာ ယောင်ကိုင်းလာပြီး နာလာသည်။ ရက်အနည်းငယ်တွင် ရောင်သောနေရာ ပုပ်သွားတတ်ပါသည်။

    သံပခြုပ်များသည် အခြေခံအားဖြင့် အသီးအရွက်စား ( herbivores) များဖြစ်ကြပြီး ရေညှိရေမှော် (algae) များကို အဓိကစားသုံးကြပြီး ကျောရိုးမဲ့ရေသတ္တဝါငယ်များ၊ ရေနေအပင်များကိုလည်း စားတတ်ကြပါသည်။

    သံပခြုပ်၏အတွင်းသားမှာ အလွန်နူးညံ့ပြီး ခွန်အားကိုတိုးစေသည်ဟု ဆိုကြပါသည်။ တချို့က အစိမ်းစားကြသည်။ သံပခြုပ်ကို ဓားလေးဖြင့် ခွဲ၊ အတွင်းမှအနှစ်များကို ဖန်ခွက်သေးသေးလေးထဲထည့်ပြီး သံပရာရည်ညှစ်ထည့်ကာ သမအောင်မွှေပြီး သောက်ကြပါသည်။ တချို့လည်း ပျားရည်၊ အရက်၊ သံပရာရည်တို့ဖြင့် သံပခြုပ်အနှစ်ကို ရောပြီး သောက်ကြပါသည်။

    သံပခြုပ်ကို အရက်နှင့်စိမ်လိုက်လျှင် သံပခြုပ်ကိုယ်မှ ကျောက်သွေးများကျပြီး အရက်အရောင်မှာ သံပခြုပ်သွေးအရောင်အတိုင်း ပြောင်းသွားလေ့ရှိပါသည်။ သံပခြုပ်ကောင်ကို ယောက်ျား၊ မိန်းမမရွေးသောက်သုံးနိုင်ပြီး ကိုယ်ခံစွမ်းအားကိုကောင်းစေတယ်လို့ ဆိုကြပါသည်။ အနည်းငယ်ညှီပြီး အလွန်ရှားပါး ဆေးစွမ်းထက်သည်ဟု အယူရှိကြသည်။

ဆေးဖက်ဝင်သော သံပခြုပ်ကို စားခြင်းဖြင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများ ရရှိလာနိုင်ပါသည်။ သံပခြုပ်တွင်-

() Protein ဓါတ်ကြွယ်ဝခြင်း

    သံပခြုပ်တွေဟာ အသား၊ ငါးတွေလိုပဲ ပရိုတိန်းဓါတ်ကြွယ်ဝလို့ အသားဓါတ်ရမယ့် အရင်းအမြစ်တစ်ခုအဖြစ် စားသုံးလို့ရပါသည်။ ဒါ့ကြောင့်လည်း သံပခြုပ်အနှစ် ဂျပန်ထမင်းလိပ်ကို တခြားနိုင်ငံတွေမှာ လူကြိုက်များကြပါသည်။ သံပခြုပ်အနှစ်ဆူရှီတစ်တုံးမှာ ပရိုတင်း (အသားဓါတ်) .၂ ဂရမ်ပါဝင်ပါသည်။

() Vitamin-A ပါဝင်ခြင်း

    မုန်လာဥနီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ သခွားမွှေးတို့တွင်သာ အဓိကတွေ့ရတတ်သော Vitamin-A ကို သံပခြုပ်မှ လုံလောက်သည့် ပမာဏအထိ ရနိုင်ပါသည်။

() Vitamin-C ပါဝင်ခြင်း

    သရက်သီး၊ လိမ္မော်သီး၊ အစိမ်းရောင်အသီးအရွက်များနှင့် အားဆေးမစားချင်ဘူးဆိုလျှင်လည်း သံပခြုပ်ကို စားသုံးနိုင်ပါသည်။ သံပခြုပ်တွင် Vitamin-C ပါဝင်တာကြောင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် အားဖြည့်ပေးနိုင်ပြီး ရောဂါများကို ခုခံနိုင်စွမ်း ကောင်းမွန်စေနိုင်ပါသည်။

() Fiber ဓါတ်ကြွယ်ဝခြင်း

    သံပခြုပ်တွင် အမျှင်ဓါတ်များများရနိုင်တာကြောင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ပြီး အစာခြေလမ်းကြောင်းကို ကျန်းမာစေပါသည်။ အမျှင်ဓါတ်လိုအပ်မှုကို အတော်ဖြည့်ဆည်းနိုင်ပါသည်။

() ခွန်အားတိုးစေခြင်း

    သံပခြုပ်ကို ကျားခွန်အားတိုးစေသည့် အာဟာရအဖြစ် ဂျပန်မှာ လူသိများသည့်အပြင် သံပခြုပ်ဆူရှီကိုလည်း လူကြိုက်များပါသည်။ သံပခြုပ်သည် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါသည်။

() Calories ရနိုင်ခြင်း

    အရမ်းပင်ပန်းထားတာ၊ အားကုန်နေတာဆိုရင် ကယ်လိုရီကြွယ်ဝတဲ့ သံပခြုပ်စားလိုက်ခြင်းအားဖြင့် အမြန် အားပြန်ပြည့်စေပါသည်။ ကိုယ်တွင်းကလီစာများ၏ လုပ်ဆောင်ချက်များကို မှန်ကန်သွားစေပြီး နှလုံးကို ကျန်းမာစေပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်