မှိုသတ်ဆေးများအကြောင်း (၄) မျိုးစေ့ဆောင် မှိုသတ်ဆေးများ

07/07/2022 11:37 AM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

အစကောင်းမှ အနှောင်းသေချာ ဆိုတဲ့ စကားပုံလို စိုက်ပျိုးရေးမှာလည်း မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုးဖို့ အရေးကြီးလာပါတယ်။ 

အစကောင်းဆိုတာ ဒါတင်မက မိမိတို့ စိုက်ပျိုးလိုက်တဲ့ မျိုးကောင်းမျိုးစေ့တွေမှာ မှိုရောဂါတွေ ပါလာနိုင်ပါတယ်။ ဒီလို အစကတည်းက ဖြစ်လာမယ့် မှိုရောဂါတွေကို ကာကွယ်ဖို့ကလည်း အစကောင်းခြင်းတစ်မျိုးပါပဲ။ 

တစ်ချို့သော မှိုတွေဟာ ရာသီတစ်ရာသီ နှစ်ရာသီ တစ်နှစ် နှစ်နှစ်မက အစေ့တွေရဲ့ အပေါ်ယံ ဒါမှမဟုတ် အတွင်းထဲမှာ ခိုအောင်းနေကြပါတယ်။ 

မြေကြီးထဲချ စိုက်လိုက်တဲ့အခါ မြေတွင်းအစိုဓာတ်နဲ့ ခိုအောင်းနေတဲ့ မှိုတွေက ပေါက်ပွားလာပြီးတော့ ခံနိုင်ရည်နုသေးတဲ့ ပျိုးပင်တွေကိုတိုက်ခိုက်ပါတယ်။ အဲ့ဒီမှာ ပြဿနာက စတာပဲ။ အပင်ငယ်တွေ သေတယ် သေတယ်။ အကွက်လိုက်သေတယ်။ ခါးရိတယ်။ ပြီးတော့လည်း သေကြပါတယ်။ 

တစ်ချို့ မှိုရောဂေါတွေကတော့ အပင်ကြီးဖြစ်တော့မှ လက္ခဏာ စပြပါတယ်။

  • ဥပမာ စပါးရွက်ဖုံးခြောက် sheath rot of rice ရောဂါတို့၊ ကြံ မှိုနှံ့ whip smut of sugarcane ရောဂါတွေလိုမျိုးပါ။  ဒီ့အတွက် အစေ့တွေကို အစကတည်းက မှိုသတ်ဆေးတွေနဲ့ လူးနယ် စီမံစိုက်ပျိုးသင့်ပါတယ်။ 

ဖရဲ သခွားလို နိုင်ငံခြားကလာတဲ့ မျိုးစေ့တွေ  ဥပမာ ထိုင်းကလာတဲ့ မြားနီ East west ကအစေ့တွေ၊ Seed Energy တို့လို ကုမ္ပဏီတွေက ဈေးနည်းနည်းမြောက်တဲ့အစေ့တွေမှာတော့ လူးနယ်ဆေးတွေနဲ့ စီမံပြီးသားဖြစ်ပါတယ်။  အနီ အပြာ အဝါ စသည်ဖြင့် အရောင်လေးတွေ ပါပါတယ်။ အကယ်၍ မိမိ မျိုးကောင်းအစေ့တွေက ဆေးမလူးထားဘူးဆိုရင်တော့ အောက်ပါ AI တွေပါတဲ့ မှိုသတ်ဆေးတစ်မျိုးမျိုးကို လူးနယ်ဆေးတွေအနေနဲ့ အသုံးပြုနိုင်ပါတယ်။

  • ၁။ မန်ကိုဇက် Mancozeb
  • ၂။ ကပ်ပတန် Captan
  • ၃။ သီရမ် thiram
  • ၄။ သိုင်အိုဖီနစ်မီသိုင်း thiophente methyl
  • ၅။ မတလိုင်ဇီ metalaxyl
  • ၆။ မီဖန်နိုဇမ် mefenoxam
  • ၇။ အေဇောက်စတိုဘင် azoxystrobin

စသော အေအိုင်များဖြစ်ပါတယ်။

ကျမ်းကိုး - USDA နှင့် စိုက်ဆေးကုမ္ပဏီဝန်ထမ်းများ၏ပြောကြားချက်အချို့

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်