ဟင်းသီးဟင်းရွက်တွေစိုက်ရင် မျိုးစေ့ဆေးလူးနယ်ကာကွယ်ပေးခြင်းက ဘာတွေအကျိုးရှိစေလဲ..

23/02/2022 16:00 PM တွင် Rob G Parker Rob G Parker မှ ရေးသား

 

ဟင်းသီးဟင်းရွက်ပေါ်မှာ ကျရောက်လေ့ရှိတဲ့ ရောဂါတွေက မျိုးစေ့နဲ့အတူ မျိုးစေ့ဆောင်အဖြစ်ပါလာခြင်း၊ သယ်ပို့ သယ်ယူရာမှာ ပါလာခြင်း စတဲ့ဖြစ်စဉ်တွေကနေ အစပြုတာပဲ ဖြစ်ပါတယ်။

 ဒီရောဂါတွေထဲကမှ ဘက်တီးရီးယား၊  မှို၊ oomycetes မှိုစပိုးများကြောင့် အဖြစ်များတတ်တာတွေကို တင်ပြသွားပါ့မယ်..။

ပြောင်းချို၊ ပြောင်းကြမ်းလို သီးနှံတွေက ရောဂါဖြစ်စေတဲ့သက်ရှိတွေကို သယ်ယူပို့ဆောင်ပေးမှု အမြင့်ဆုံးလို့ ဥပမာပေးကြပါတယ်။ တခြားပြောင်းမျိုးကွဲတွေကလည်း Fusarium (ပင်ညှိုးရောဂါဖြစ်စေသောမှို) လို မှိုမျိုးစိတ်တွေကို ပြောင်းမှာ ကျရောက်တတ်တဲ့ ရောဂါကွဲတွေနဲ့အတူ ရောနှောကူးစက် ကျရောက်တတ်ပါတယ်..။

 ရောဂါဝင်ရောက်ပြီးသား မျိုးစေ့တွေက မျိုးပေါက်၊ အညှောက်ပေါက်တွေဆီကို ကူးစက်သယ်ပို့ပေးကြတယ်လို့တော့ ကံသေကံမ မှတ်လို့မရပါဘူး၊ဘာလို့လဲဆိုတော့ မျိုးစေ့ဆောင်ရောဂါတွေရဲ့ လုပ်ဆောင်နိုင်ပုံကို ပတ်ဝန်းကျင်အခြေအနေများကပဲ လုံးလုံးလျားလျား ပံ့ပိုးပေးထားတာကြောင့်ပါ..။

 လက်ခံသီးနှံပင်များ၊  အခြားလက်ခံပေါင်းပင်များ၊ ကြားပင်များနဲ့ မျိုးစေ့ဆောင်ရောဂါဖြစ်စေတဲ့သက်ရှိတွေအပေါ် အပူချိန်နဲ့ ရောဂါဖြစ်နည်းလမ်းတွေက ဖြည့်ဆည်းအားကူခြင်း၊ မြေလွှာအစိုဓါတ်က ပံ့ပိုးလုပ်ဆောင်ခြင်း၊ အပင် စိုက်ပြီးနောက် အဏုဇီဝပိုးမွှားများ ယှဉ်ပြိုင်ကြခြင်း၊ မြေဆီဓာတ်ဖွဲ့စည်းပုံ၊ သီးနှံပိုးသတ်ဆေးများ သုံးစွဲခြင်းတွေက ရောဂါဖြစ်စေဖို့ ပိုပြီးအရေးပါနေတယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။

 ရေနွေးကိုသုံးပြီး ရောဂါသန့် ခြင်း၊ ဓါတုဆေးဖြင့် ရောဂါသန့်ခြင်းတွေက ဖြစ်လာမယ့် ရောဂါဖြစ်စေတဲ့ သက်ရှိတွေကို ကြိုတင်နှိမ်နင်းထားခြင်းဖြင့် ရောဂါကြောင့် ဆုံးရှုံးနိုင်ခြေအတွက် သီးနှံပင်ကို ကြိုတင်ကာကွယ်တဲ့ နေရာမှာရော၊ သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ ဧရိယာဝန်းကျင်အတွင်း ရောဂါဖြစ်စေတဲ့သက်ရှိတွေ မဝင်ရောက်နိုင်အောင်ကော တားဆီးပေးနိုင်ပါတယ်

 ဓါတုနည်း၊ ဇီဝပိုးအကူအညီနည်းတွေနဲ့ မျိုးစေ့တွေပေါ်၊ ပျိုးခင်းထဲ ရောဂါနှိမ်နင်းခြင်းကလည်း မျိုးစေ့တွေကို ကာကွယ်ပေးသလို မြေကြီးထဲက မြေဆောင်ရောဂါပိုးတွေကြောင့် ပုပ်ရိခြင်း၊ ခါးရိတတ်ခြင်းတွေကိုလည်း တားဆီးပေးပါမယ်။

 ဒါပေမဲ့ မျိုးစေ့ဆေးစီရင်ခြင်း၊ ဓာတ်စီရင်ခြင်းတွေချည်းသက်သက်က ရောဂါအားလုံးကို နှိမ်နင်းပေးနိုင်တာတော့ မဟုတ်ပါဘူး။ မျိုးစေ့ဆေးစီရင်ခြင်းက ရံခါအကျိုးရှိစေတဲ့ ရောဂါကာကွယ်နှိမ်နင်းခြင်းနည်းတွေ အဆင့်တွေ ထဲက လုပ်သင့်လုပ်ထိုက်တဲ့ ကနဦး အလေ့အကျင့်ကောင်းတစ်ခုဆိုတာလောက်ပဲဆိုတာကိုတော့ အကြံပေးပါရစေ။

 ရောဂါဖြစ်စေတဲ့သက်ရှိတွေဆိုတာက ပျိုးခင်းတွေထဲ၊ ပျိုးကျန်အပင်၊ ပျိုးပင်ထားတဲ့ အဆောက်အအုံ၊ ပျိုးခြံသုံး ပစ္စည်းများ၊ ပျိုးဘောင်/ဘောင်ခံ များ၊ မြေကြီးထဲ၊ ပေါင်းပင်များ၊ နီးစပ်ရာသီးနှံများ၊ မျိုးရင်းတူ သီးနှံအပင်များ စတဲ့ ရောဂါဖြစ်စေတဲ့သက်ရှိနေနိုင်တဲ့ နေရာများမှာလည်း ရှိနေ အောင်းနေတတ်တာပါပဲ။

 တစ်ခုသတိထားရမှာက Fusarium (ဖျူစေရီယမ်) မြေဆောင်ရောဂါကိုတော့ မျိုးစေ့ဆေးမစီရင်ပဲ ရောဂါဝင်ရောက်မှုကို မတားဆီးနိုင်ပါဘူး..။

 ရောဂါတွေကင်းဖို့ဆိုရင် ဆေးစီရင်တာတစ်ခုတည်းနဲ့တော့ မလုံလောက်ဘဲ အောက်ပါအချက်တွေကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်..။

  •  စိုက်နည်းစနစ်များနဲ့ ရောဂါဖြစ်စေသက်ရှိများကို ဖြိုခွဲနှိမ်နင်းကြည့်ခြင်း။
  •            ပျိုးဘောင်ပျိုးခင်း၊  စိုက်ခင်းများက ရောဂါတွယ်ကပ်နေတတ်တဲ့ လမိုင်းပင်ကြွင်းအကျန်တွေကို ရှင်းလင်း ဖယ်ရှားခြင်း။
  •           အခြားနေရာတနေရာမှာ စုပီး မီးရှို့ဖျက်စီးပေးရခြင်း၊ သီးလှည့်ခြင်း၊ မြေလှပ်ခြင်း(ရံဖန်ရံခါ သီးနှံအမျိုး အစားပေါ် မူတည် ပြီး ရာသီခန့်အထိ လုပ်ပေးရ။)
  •        ပေါင်းမျိုးစေ့များကို နှိမ်နင်းပေးခြင်း။
  •         ဘက်စုံရောဂါနှိမ်နင်းရေး အစီအစဉ်ကို အောင်မြင်အောင် စနစ်တကျ ပူးတွဲ လုပ်ဆောင်ပေးရခြင်း။

 စတာတွေကိုလည်း လုပ်ဆောင်ပေးဖို့ လိုမှာ ဖြစ်ပါတယ်..။

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်