မျိုးစေ့ဆောင်ရောဂါတွေကာကွယ်ဖို့ ရေနွေး၊ မှိုသတ်ဆေး၊ ဇီဝပိုးများဖြင့် မျိုးစေ့ဆေးစီရင်နည်း
တချို့မျိုးစေ့ဆောင်ရောဂါတွေက မျိုးစေ့အဆင့်မှာတင် မဖြစ်မနေ ကာကွယ်ဖို့ လိုအပ်ပါတယ်..။ ဒီလိုမျိုးစေ့က သယ်လာတဲ့ရောဂါတွေကို ဆေးစီရင်ခြင်းတွေနဲ့ ကာကွယ်တဲ့ နည်းလမ်းတွေက ရောဂါအားလုံးကို အပြည့်အဝ တားဆီးပေးနိုင်တာ မဟုတ်ပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ..။ မျိုးစေ့စီရင်ခြင်းနည်းလမ်းတွေမှာတော့ ..
(၁) ရေနွေးဖြင့် မျိုးစေ့စီရင်ခြင်း၊ သန့်ခြင်း
(၂) မှိုသတ်ဆေးဖြင့် မျိုးစေ့စီရင်ခြင်း၊ သန့်ခြင်း
(၃) ဇီဝပိုးအကူအညီဖြင့် မျိုးစေ့စီရင်ခြင်း၊ သန့်ခြင်း။
ဆိုပြီး နည်းလမ်းတွေရှိပါတယ်..။
ရေနွေးဖြင့် မျိုးစေ့စီရင်ခြင်း၊ သန့်ခြင်း
ဒီနည်းနဲ့ မုံလာမျိုးရင်းတွေ၊ ခါကျက်ဥ၊ တရုတ်နံနံမျိုးတွေ၊ ခရမ်းပင်၊ ဆလတ်မုံညင်း၊ ကြက်သွန်နီ၊ ငရုတ်၊ ဟင်း နုနယ်၊ ခရမ်းချဉ်မျိုးစေ့တွေကို ရေနွေးသုံးပြီး မျိုးစေ့သန့်နိုင်ပါတယ်။
Alternaria, Fusarium, Verticillium နဲ့ ဘက်တီးရီးယားရောဂါများ Xanthomonas နဲ. Pseudomonas တွေကို နှိမ်နင်းတဲ့ နေရာမှာ အထောက်အကူဖြစ်ပါတယ်။
မုံညင်းမုံလာမျိုးတွေမှာဆိုရင်တော့ မြစ်ဆွေးပုပ် မှိုရောဂါတွေမှာ ထိရောက်မှုရှိတယ်လို့ သိထားကြပါတယ်။ ရေနွေးနဲ့ မျိုးစေ့စီရင်၊ သန့်တဲ့ပုံစံကတော့..
(၁) ရေအပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက်မှာ ၁၀ မိနစ်ခန့်စိမ်ပါ။
(၂) ရေအပူချိန် တသမတ်တည်း ၁၂၂ ဒီဂရီ ဖာရင်ဟိုက်မှာ သတ်မှတ်အချိန်အလျောက် စိမ်ပါ။(ဥပမာ- မုံညင်းမုံလာမျိုးတွေကို မိနစ် ၂၀ ခန့်စိမ်ပေးပါ။)
(၃) ၅ မိနစ်စာမျှရေ အေးအေးဖြင့် လောင်းပေးပါ။
(၄) မျိုးစေ့များကို အခြောက်ခံ ပေးပါ။
သတိပြုစရာများ
(1) မျိုးစေ့ပေါက်နှုန်းကို ထိခိုက်မှု မရှိစေရန် သတ်မှတ်အပူချိန်ထက် မပိုစေရအောင် သတိပြုပါ။
ရောဂါဖြစ်စေသောသက်ရှိများကို အအေးဓာတ်အပူချိန်ဖြင့် သတ်မရပါ။
(2) မျိုးစေ့အတွင်း ရှိနေ၊ တွယ်ကပ်နေသော ရောဂါဖြစ်စေတဲ့ သက်ရှိ အရေအတွက် တော်တော်များများကို သင့်လျော်တဲ့ အပူချိန် ရေနွေးဓာတ်ဖြင့် မျိုးစေ့သန့်ထားခြင်းကနေ သုတ်သင်လိုက်သောကြောင့် မျိုးစေ့ ပေါက်နှုန်းကိုလဲ ထိန်းသိမ်းပေးပါတယ်။
မှိုသတ်ဆေးဖြင့် မျိုးစေ့စီရင်ခြင်း၊ သန့်ခြင်း
(၁) မျိုးစေ့ အနည်းငယ်ကို ဆေးစီရင်ရာမှာ အညွှန်းစာပြည့်စုံသော မှိုသတ်ဆေးကို အသုံးပြုပါ၊ ဖန်ဘူး၊ သံဘူးထဲ တွင် တဝက်မပြည့်တပြည့်ဖြည့်ထားသော မှိုသတ်ဆေး+မျိုးစေ့များကို ၃-၅ မိနစ်ခန်. အဖုံးလုံလုံထားပြီး လှုပ်ပေးပါ။
(၂) အထုပ်ဖြင့်လာပါက အထုပ်ထဲတွင် မှိုသတ်ဆေးအနည်းငယ်ထည့်ပီးမှ လှုပ်ပေးပါ။
(၃) မျိုးစေ့ပမာဏများပြားပါက လှည့်စက်၊ အရောမွှေစက်များဖြင့် သေသေချာချာ အချိန်သတ်မှတ် လှည့်မွှေပေးပါ။
(၄) မျိုးစေ့စီရင်ရန် အရည်ပျစ်များဖြင့်လာပါက မျိုးစေ့ခပ်များများကို ပိုမိုအဆင်ပြေ ပြေ မွှေလှုပ်ပေးနိုင်ပါတယ်။
(၅) မျိုးစေ့စီရင်ပီးသားဖြစ်ပါက ထပ်မံ မျိုးစေ့စီရင်ရန် အကြံမပြုပါ။
သတိပြုစရာများ
(၁) ဆေးစီရင်ပြီး မျိုးစေ့များနဲ့ မှိုသတ်ဆေးအများစုဟာ အဆိပ်သင့်ရန် အလားအလာရှိလို့ ဂရုတစိုက် သတိ ထားကိုင်တွယ်ပါ၊ အညွှန်းစာကို သေချာစွာဖတ်ရှုပါ၊ လိုအပ်ပါက ကျွမ်းကျင်လယ်ယာစိုက်ပျိုးရေး ပညာရှင်များနဲ. တိုင်ပင်ဆွေးနွေးပါ။
(၂) အငွေ့အမှုန်များကို ရှူမိခြင်းကနေ ရှောင်ကြဉ်နိုင်ရန် မျက်နှာဖုံး အကာအကွယ်ပစ္စည်းများ တပ်ဆင်ထားပါ။
ကလေးသူငယ်များ ၊ အိမ်မွေးတိရစ္ဆာန်များ၊ အိမ်မွေး ကြက်ငှက်များ ဝေးရာတွင် ဆေးစီရင်ပြီး မျိုးစေ့များ၊ မှိုသတ် ဆေးများကို ထားသိုရာမှာလည်း လက်လှမ်းမမီအောင် သော့ခတ်ပါ၊ ဆေးစီရင်ပြီး မျိုးစေ့များကို တိရစ္ဆာန်များကို မကျွေးရပါ။
ဇီဝပိုးအကူအညီဖြင့် မျိုးစေ့စီရင်ခြင်း၊ သန့်ခြင်း။
(၁) မျိုးစေ့အနည်းငယ်ကို ဆေးစီရင်ရာမှာ အညွှန်းစာပြည့်စုံသော ဇီဝပိုးမွှားပါ ဆေးမှုန့်များကိုသာ အသုံးပြုပါ။ ဖန်ဘူး၊ သံဘူးထဲမှာ တဝက်မပြည့်တပြည့်ဖြည့်ထားသော ဇီဝပိုးမွှားပါ ဆေးမှုန့် + မျိုးစေ့များကို ၃-၅ မိနစ်ခန့် အဖုံး လုံလုံထားပီး လှုပ်ပေးပါ။
(၂) အထုပ်ဖြင့်လာပါက အထုပ်ထဲမှာ ဇီဝပိုးမွှားပါ ဆေးမှုန့်အနည်းငယ်ထည့်ပီးမှ လှုပ်ပေးပါ။
(၃) မျိုးစေ့ပမာဏများပြားပါက လှည့်စက်၊ အရောမွှေစက်များဖြင့် သေသေချာချာ အချိန်သတ်မှတ် လှည့် မွှေပေးပါ။
(၄) မျိုးစေ့စီရင်ရန် အရည်ပျစ်များဖြင့်လာပါက မျိုးစေ့ခပ်များများကို ပိုမိုအဆင်ပြေ ပြေ မွှေလှုပ်ပေးနိုင်ပါတယ်။
(၅) ဇီဝပိုးမွှားပါ ဆေးများကို မြေပြင်နဲ့ စိုက်သားပြင်တွေကို အသုံးချဖို့ ထုတ်လုပ်ကြတာများပါတယ်။
(၆) ဆေးစီရင်ပြီးသား မျိုးစေ့များဖြစ်ပါက ထပ်မံ မျိုးစေ့စီရင်ရန် အကြံမပြုပါ။
သတိပြုစရာများ
(၁) ဇီဝပိုးမွှားဖြင့် နှိမ်နင်းကြရာတွင် သဘာဝပတ်ဝန်းကျင်အ ခြေ အနေများအတွက် အကဲဆတ် အထိမခံ ဖြစ်တတ် ပါတယ်။ သိုလှောင်ရာမှာ၊ ကိုင်တွယ်ရာမှာ သတိထားပြီး ဂရုတစိုက် ရှိရပါမယ်။ ခပ်ပြင်းပြင်းအပူချိန်များတွင် မထားသိုရပါ။
(၂) အငွေ့အမှုန်များကို ရှူမိခြင်းကနေ ရှောင်ကြဉ်နိုင်ရန် မျက်နှာဖုံး အကာအကွယ်ပစ္စည်းများ တပ်ဆင်ထားပါ။
(၃) ကလေးသူငယ်များ ၊ အိမ်မွေးတိရစ္ဆာန်များ၊ အိမ်မွေး ကြက်ငှက်များ ဝေးရာတွင် ဆေးစီရင်ပြီး မျိုးစေ့များ၊ ဇီဝပိုးမွှားဆေးများကို ထားသိုရာတွင်လည်း လက်လှမ်းမမှီအောင် သော့ခတ်ပါ။ ဆေးစီရင်ပြီး မျိုးစေ့များကို တိရစ္ဆန်များအား မကျွေးရပါ။
(၄) အညွှန်းစာကိုသေချာစွာဖတ်ရှုပါ။ လိုအပ်ပါက ကျွမ်းကျင်လယ်ယာစိုက်ပျိုးရေးပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘက်တီးရီးယားဆေးကော့ပါးပတ်ပြီးဘယ်နှစ်ရက်နေရင်အောက်ဆေးပုလဲပိုတက်ကျွေးရလဲခဗျ
kyaw zin • ဖြေကြားချက် 1 ခု
ဘာဆေးသုံးရမလဲဆရာတို့လမ်းညွန်ကြပါအုံး
Aung Nay Linn • ဖြေကြားချက် 2 ခု
ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေးဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။
ko naing phyo wai • ဖြေကြားချက် 1 ခု
ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ
စည်သူလွင် • ဖြေကြားချက် 6 ခု
မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား
Sawsamson • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Rob G Parker
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....