နှမ်းပင်ခြေပုတ်ရောဂါနှင့် ကာကွယ်နှိမ်နင်းနည်း

08/04/2022 15:54 PM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

အဓိကအားဖြင့် မြေနှင့်နီးသော နေရာများတွင် စဖြစ်သည်။ မဲညိုပုတ်နေသော အကွက်များစ၍ ပြပါသည်။ စိုစွတ်ထိုင်းမှိုင်းလျှင် ပိုဆိုးနိုင်ပါသည်။ 

အရွက်များနှင့် အကိုင်းအခက်များတွင်လည်း မဲညိုပုတ်သော အကွက်များဖြစ်နိုင်သည်။ နှမ်းရိုးမဲရောဂါနှင့် မှားတတ်ပါသည်။ 

အထက်ဖော်ပြပါ ဖိုက်တော့ပ်သိုရာ မှိုရောဂါသည် မိုးနှမ်း မြေအစိုဓာတ် ပတ်ဝန်းကျင်စွတ်စိုသော အခါ ပိုဆိုးပါသည်။ အပင်အပေါ်ပိုင်း အစိတ်အပိုင်းများတွင်လည်း ကျရောက်သည်။ အနက်အစက်သေးသေးလေးများကို ညိုမဲနေသော နေရာများတွင် မတွေ့ရပါ။

ရောဂါအားပေးသော ပတ်ဝန်းကျင်အခြေအနေ

ပေါင်းမြက်များခြင်း၊ အပင်များစိတ်၍စိုက်ထားခြင်း အပင်များကျပ်နေခြင်း၊ မိုးရွာပြီးခါစ သို့မဟုတ် ဆက်တိုက်မိုးရွာသောအခြေအနေများမှာ ရောဂါဖြစ်ပွားလွယ်ပါသည်။

မြေအရမ်းစေးသော စနယ်မြေများ၊ အ​ပေါ်ယံသဲများ၍ အောက်ဘက်တွင် မြေကျပ်လျှင်လည်းဖြစ်နိုင်ပါသည်။ 

ကာကွယ်နှိမ်နှင်းနည်း 

 စပါး၊ ပြောင်း၊ ဂျုံ စသော အပင်တစ်မျိုးမျိုးနှင့် သီးလှည့်စိုက်ပါ။ ရေသွင်းခြင်း၊ အစိုဓာတ်များခြင်းကိုရှောင်ကျဥ်ပါ။ 

ရောဂါဖြစ်နေစဥ် အားတိုးဆေး ရွက်ဖျန်းမြေသြဇာ ဟိုမုန်းများမသုံးရပါ။ သက်သာမှသာလျှင်သုံးရပါမည်။ 

အောက်ပါ ဇယား (၁) မှ မှိုသတ်ဆေး တစ်ခုခု နှင့် ဇယား (၂) မှ မှိုသတ်ဆေး တစ်ခုခုကို တစ်လှည့်စီ ၃ ရက်ခြား ဖျန်းပေးရပါမည်။ 

မှိုသတ်ဆေးများကို အောက်တွင် ရောဂါလက္ခဏာများနှင့်တွဲ၍ စျေးကွက်အမည်များ နှင့် ထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီအလိုက်ဖော်ပြပေးထားပါသည်။ 

- ရောဂါသက်သာပါက ဆေးဖျန်းခြင်းကို ရပ်နိုင်ပါသည်။ 

- ဆေးဖျန်းပြီးခါစ အနည်းဆုံး ၆ နာရီအတွင်း မိုးမရွာရပါ။ ရွာပါက ထပ်ဖျန်းရပါမည်။ 

မှတ်ချက် - နိုင်သောဆေးအေအိုင်များမှာ ကုမ္ပဏီအလိုက် ရာနှင့်ချီ၍ ကျန်ရှိပါသေးသည်။ ယခု ဖော်ပြသောဆေးများမှာ ရှာရလွယ်ကူခြင်းနှင့် မြန်မာပြည်တွင် လူသိများသော ဆေးများဖြစ်သောကြောင့်ဖော်ပြခြင်းဖြစ်ပါသည်။ ဆေး၏ အရည်အသွေးများမှာ ကုမ္ပဏီအလိုက်ကွာနိုင်ပါသည်။ 

ကျမ်းကိုး - Diseases of Oilseed crops and CABI 

ရေးသားသူ - ဖုန်းမာန်တိုး (ရေဆင်းရနံ့)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်