ငွေကြေးနှင့် အိမ်ထောင်ရေး ကောင်းမွန်ရေးအတွက် အကြံပေး (၇) ချက်။ 

02/10/2020 11:45 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

     ငွေကြေးနဲ့ အိမ်ထောင်ရေး ပေါင်းစည်းလိုက်ခြင်းက ပြဿနာတွေ ပေါင်းစည်းခြင်းလို့ သင်ထင်ပါသလား။ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ ငွေကြေးကိစ္စဟာ အိမ်ထောင်သည်တွေရန်ဖြစ်ရတဲ့ အဓိက နံပါတ်တစ်အချက်ပါ။ ကွာရှင်းပြတ်စဲခြင်းကို ဖြစ်ပေါ်စေတဲ့ ဒုတိယအချက်လည်း ဖြစ်ပါတယ်။ ဘယ်လိုပတ်သက် 

     ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ် ငွေးကြေးဆိုတာပါဝင်သက်ဆိုင်လာတိုင်း စိတ်ပူပန်မှုနဲ့  တင်းမာမှုကို ရရှိစေနိုင်တာမျိုးကြုံတွေ့ရပါတယ်။ 

     သင့်အိမ်ထောင်ဖက်ကို သင်ဘယ်လောက်ဘဲချစ်ချစ် သင့်ဘဝနဲ့ ငွေကြေးကို ပေါင်းစည်းတဲ့အခါ အနည်းငယ် အဖုအထစ်တော့ရှိနိုင်ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ သင်တို့နှစ်ယောက်လုံးက ဘဝအတွေ့အကြုံတွေ ပိုမိုသိမြင်ရလာပါလိမ့်မယ်။ အနောက်ခံမိသားစုအလေ့အထ ရလာတဲ့အတွေ့ အကြုံကို တစ်ယောက်နဲ့ တစ်ယောက် ခံယူပုံခြင်း ကွာခြင်းခြင်းကြောင့် တစ်ယောက်နဲ့တစ်ယောက် ငွေကြေးအပေါ်မြင်တဲ့ အမြင်မတူညီကြပါဘူး။ 

     အချင်းချင်းအတိုင်းအတာတစ်ခုအထိတော့  ခွင့်လွှတ်သည်းခံပေးကြပါ။ အိမ်ထောင်ရေးမှာငွေရေး ကြေးရေး ကြောင့် မထိခိုက်နိုင်အောင် အောက်ပါအချက်တွေကို အသုံးပြုပြီးကြိုးစားညှိနှိုင်းနိုင်ကြပါစေ။

     ၁။ တစ်ဦးချင်းလဲအကောင့်သီးသန့် ထားရှိသင့်ပါသလို joint (နှစ်ဦးသုံး) ဘဏ်အကောင့် တစ်ခုဖွင့်ထားပါ။ 

     တချို့ စုံတွဲတွေထင်တာက ငွေကြေးနဲ့ ပက်သက်ပြီး အငြင်းပွားရန်ဖြစ်တာကို ရှောင်ရှားဖို့က ဘဏ်အကောင့်တွေကို သီးသန့်စီထားကြဖို့လို့ ထင်ကြပါတယ်။ သူရဲ့ဝင်ငွေက ဘဏ်အကောင့်တခုကို ဝင် သူမရဲ့ ဝင်ငွေက နောက်ဘဏ်အကောင့်တစ်ခုကိုဝင် ပြီးတော့ သူတို့က ပေးစရာရှိတဲ့ ဘေလ်တွေကိုလည်း သီးသန့်စီ ပေးဆောင်ကြတယ်။ နစ်နာစရာမရှိရင် ပြဿနာတတ်စရာလည်း ရှိတာ မဟုတ်ဘူးလို့တွေးရင်မှားပါတယ်။ ဒါဟာ သင်ရဲ့ ငွေကြေးနဲ့ အိမ်ထောင်ရေးအတွက် အဓိကပြဿနာ ဖြစ်စေတဲ့ အခြေခံအကြောင်းအရာတွေဘဲ ဖြစ်ပါတယ်။ ဒါမဲ့ သိထားသင့်တာ တစ်ခုက လက်ထပ်တယ်ဆိုတာ အကျိုးတူပူပေါင်းခြင်းတစ်ခုပါဘဲ။ အရာရှိတယောက်ကတော့ ဒီလိုပြောတယ် "နှစ်ယောက်ကနေ တယောက်အနေနဲ့ပေါင်းစည်းလိုက်တာလို့"။ ငွေကြေးပိုင်းခြားခြင်းနဲ့ ဘေလ်ကို ခွဲခြား ပေးဆောင်ခြင်းက ငွေကုန်ကြေးကြပိုများစေခြင်းနဲ့ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးပြဿနာများကိုသာ ဖြစ်ပေါ်စေပါတယ်။ သီးသန့်ဘဏ်အကောင့်တွေ ခွဲထားမယ်ဆိုရင် စုစုပေါင်းဝင်ငွေကို joint အကောင့်ထဲမှာဘယ်လောက်ရာခိုင်နှုန်းလစဥ်သွင်းမယ်။ တစ်ဦးစီရဲ့ ကိုယ်ပိုင်အသုံးစရိတ်ကို ဘယ်လိုခွဲခြားထားမယ်။ အိမ်ကားဝယ်ရန် ငွေစုမယ်။ မိသားစုသားသမီးတွေရှိလာရင် ဘယ်လိုမျှတပေးဆောင်မယ်ဆိုတာတွေ ဆွေးနွေးထားသင့်ပါတယ်။ အပိုဝင်ငွေတွေကို ဖွက်ထားတာမျိုး အသုံးစရိတ်များတာတွေကို လျှို့ဝက်ထားတာမျိုးတွေလုံးဝမဖြစ်သင့်ပါဘူး။

     ၂။ သင်နေချင်တဲ့ ဘဝလူနေမှုပုံစံကို နှစ်ယောက်အတူ ဆွေးနွေးတိုင်ပင်ကြည့်ပါ။ 

     သင်ဟာ အဝတ်အစားအသစ်လိုအပ်လာတဲ့အခါ လျှော့စျေးနဲ့ဝယ်ဖို့ အမြဲလုံလောက်အောင်တွက်ချင်နေသော်လည်း သင့်အိမ်ထောင်ဖက်ကတော့ နာမည်ကြီးတံဆိပ်တွေကို စျေးကြီးဝယ်ရတာနှစ်သက်တယ် ဆိုပါစို့။ သင့်ဝင်ငွေက စျေးကြီးအဝတ်အစားတွေအတွက် မတတ်နိုင်ဘူးဆိုရင် ဒါဟာ ပြဿနာတစ်ခုဖြစ်လာတော့မှာပါ။ ထိမ်းမြားလက်ထပ်တယ်ဆိုတာ အပေးအယူလုပ်ပြီး ညှိနှိုင်းခြင်းတမျိုးပါဘဲ။ ဘာလို့ဆို အဓိက အခြေခံအချက်က သင့်ရဲ့ လူနေမှု ဘဝ ပုံစံက သင့် တကယ့်ဝင်ငွေနဲ့ ညီမျှနေဖို့ လိုပါတယ်။ သင်လိုချင်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ သင့်အနေနဲ့ အင်စတာဂရမ် ပုံစံမျိုး လုံးဝပြီးပြည့်စုံတဲ့ ပုံစံမျိုးနေချင်ကောင်း နေနိုင်ပါမယ်။ ဒါမဲ့ အထူးသဖြင့် သင့်ကိုသင် သူများတွေလိုကြွားပြ သွားပြ စားပြ လုပ်ပြ ဝယ်ပြ ချင်စိတ်တွေဒီလိုပုံမျိုး နဲ့ချေးငွေထောင်ချောက်ထဲ အကျမခံပါနဲ့။  

     ၃။ သူများနဲ့မတူတဲ့ ကိုယ်ရည်ကိုယ်သွေးကို သိနေပါစေ။ 

     ငွေကြေးနဲ့ပက်သက်ပြီး လူတိုင်းရဲ့ စိတ်နေသဘောထားက မတူညီကြပါသလို တပ်မက်ပုံချင်းကလည်းကွာခြားပါတယ်။ အခွင့်အရေးဆိုတာ သင်ချစ်တဲ့ သူတစ်ယောက်က ကိန်းဂဏန်းတွေနဲ့ အလုပ်လုပ်ပြီး ကျန်တယောက်က လွတ်လပ်စာ လုပ်ကိုင်ရတာကို ကြိုက်နှစ်သက်တာမျိုးပါ။ တစ်ယောက်က စုဆောင်းသူဖြစ်ပြီး ကျန်တယောက်က သုံးဖြုန်းရတာကို နှစ်သက်ပါလိမ့်မယ်။ 

     သင်တို့နှစ်ဦးဟာ ဘယ်လိုလူမျိုးလဲ။ လုံခြုံမှုကို တန်ဖိုးထားတာလား အဆောင်အယောင်တွေကိုလား။ လူနေမှုပုံစံ ကွာခြားတဲ့အခါ အချို့သော အိမ်ထောင်ရေးပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါဟာ ငွေကြေးနဲ့ အိမ်ထောင်ရေးအတွက် အဓိက ကျတဲ့ပြဿနာတောင် မဟုတ်သေးပါဘူး။ ပြဿနာရဲ့အဓိက အချက်က တစ်ယောက်ပြောတာကို ကျန်တစ်ယောက်ကလျစ်လျူရူတဲ့ အခါ (သို့) တစ်ယောက်ထဲကသာ ငွေကြေးပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ဖြစ်ပါတယ်။ နားထောင်ပါ။ ငွေကြေးနဲ့ပက်သက်သမျှအားလုံးကို သင်တစ်ယောက်ထဲ မထိန်းသိမ်းထားပါနဲ့။ တခုခုဆို အမြဲခေါင်းညိတ်ပြီး မလုပ်ပါနဲ့။ သင့်မှာ ငွေကြေးနဲ့ပက်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဝေဖန်ပါ။ ထောက်ပြပါ။ အားပေးပါ။ ရေရှည်ပေါင်းသင်းမယ့်စိတ်နဲ့ တွေးခေါ်ပေးပါ။

     ၄။ လစာ ကွာခြားခြင်းကိစ္စတွေ သင်တို့နှစ်ယောက်ကြားထဲ မဝင်လာပါစေနဲ့။

စုံတွဲအများစုမှာ တစ်ယောက်ကတော့ ကျန်တစ်ယောက်ထက် ငွေပိုရှာနိုင်စမြဲပါ။ တူညီတဲ့လစာကို နှစ်ယောက်အတူရှာနိုင်တယ်ဆိုတာ တော်တော်ရှားပါတယ်။ ဒါမဲ့လည်းပမာဏက တနှစ်ကို ဒေါ်လာ ၅၀၀ (သို့) ၅,၀၀၀ ဆိုရင် တူညီတဲ့ ပြဿနာက ပေါ်လာနိုင်ပါသေးတယ်။ တခါတလေငွေပိုရှာနိုင်သူဘက်ကအိမ်ထောင်ဖက်အပေါ်သြဇာလွှမ်းမိုးမှုရှိတယ်လို့ ထင်နေပါလိမ့်မယ်။ ဒါဟာ သူ့ပိုက်ဆံလည်းမဟုတ်သလို သင့်ပိုက်ဆံလည်းမဟုတ်ပါဘူး။ သင်တို့အိမ်ထောင်စုဝင်ငွေလို့ သုံးသပ်ပါ။ လစာနည်းတဲ့သူကအိမ်အလုပ်ပိုလုပ်သင့်တဲ့ စိတ်ထားမျိုး မထားရှိပါနဲ့။ တခြားတစ်ယောက်ထက်ပိုရှာနိုင်ရမယ်ဆိုပြီး မရှိပါဘူး။ သင်တို့ဟာ တစ်သင်းထဲပါ။ 

     တခြားတဖက်မှာတော့ ဝင်ငွေရှာနိုင်တာနည်းပြီး အိမ်မှာဘဲ ကလေးတွေနဲ့နေရတဲ့သူကတော့ သူတို့အများကြီး မပြောသင့်ဘူးလို့ထင်မှာပါ။ အိမ်မှာနေတဲ့ မိခင်အများစုက သူတို့အနေနဲ့ ငွေကြေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ တစ်ခုခုဝင်ပြောတာ(သို့) လိုအပ်တာထက်ပိုပြီး ပိုက်ဆံသုံးဖို့ကို အပြစ်ရှိတယ်ခံစားရတယ်လို့ မြင်ကြားဖူးမှာပါ။ သားသမီးတွေကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရတာလဲ အလုပ်ပါဘဲ လခမဲ့သာဖြစ်တာပါ။ သူအပြင်အလုပ်ထွက်လုပ်မယ်ဆိုရင်ရော ကလေးတာဝန်တွေဘယ်သူ့ကို အပ်နှံမှာလဲ။ အကူတွေရော ဌားဖို့ဝင်ငွေရှာနိုင်မှာလား။ မိခင်အနေနဲ့ ငွေကြေးနဲ့ လက်ထပ်ခြင်းကို တန်းတူရပိုင်ခွင့်ရှိပါတယ်။ တတ်နိုင်သလောက် နည်းလမ်းပေါင်းစုံကနေ ငွေကြေးစုဆောင်းထားပြီးသားပါ။ 

      ၅။ ဝယ်ယူမှုများကို စာရင်းပြုမှတ်ထားပါ။

     သင့်အိမ်ထောင်ဖက်ကို သစ္စာမဲ့ခြင်း ကိစ္စတိုင်းမှာ ဖောက်ပြန်မှဖြစ်တာ မဟုက်ပါဘူး။ နှစ်ဦးသဘောတူငွေကြေးယုံကြည်ချက်တွေကို မလိုက်နာရင်လဲဖောက်ပြန်သလိုပါဘဲ။ ပမာဏအနည်းအများပေါ်မှာမူတည်ပါတယ်။ တခါတလေ ငွေကြေးရည်မှန်းချက်ခြင်း မတူညီတဲ့အခါ တခြားဘဏ်အကောင့်တခု အပိုဖွင့်ပြီး ငွေကြေးသုံးစွဲခြင်းဖြင့် သစ္စာမဲ့တတ်ပါတယ်။ ဒါဟာ လှည့်စားခြင်းပါ။ သင့်အိမ်ထောင်ဖက်မသိဘဲ အကြွေးဝယ်ကတ် သုံးတဲ့အခါမှာလဲ ဒီလိုပါဘဲ။ သင့်မှာ ရှိတဲ့ အကြွေးဝယ်ကတ်၊ ငွေစုအကောင့်တွေကို ပွင့်ပွင့်လင်းလင်း ပြောရတာဟာ ရက်စက်ရာတော့ကျပါတယ်။ ဒါမဲ့ ဒီအချိန်က အမှန်တိုင်းပြောပြီး ရှင်းလင်းရမယ့်အချိန်ပါ။ သင့်ရဲ့ ရည်ရွယ်ချက်နဲ့ သင်ဘာကြောင့် ငွေကြေးရည်မှန်းချက်ထားထားလည်းဆိုတာ သတိရပြီး ပြန်စုပါ။ 

     ၆။ မျှော်လင့်ချက် တူတူထားပါ။ 

     လူနှစ်ယောက်ဆက်ဆံရေးဟာ ပိုက်ဆံနဲ့ ပက်သက်လာတဲ့အခါ မျှော်လင့်မထားတဲ့ အရာတွေကြောင့် အငြင်းပွားမှုတွေ ဖြစ်နိုင်ပါတယ်။ သင့် အိမ်ထောင်ဖက် အနေနနဲ့ မပြည့်စုံခြင်းနှင့်မကျေနပ်မှုခံစားရရန်အမြန်ဆုံးနည်းလမ်းက သင်မျှော်လင့်ထားတာတွေက ပုံမှန်ထက် မထူးခြားလာတာမျိုးပါ။ တကယ့်လက်တွေ့မှာတော့ နည်းနည်းခက်ခဲတတ်ပါတယ်။ လက်ထပ်ပြီးတာနဲ့ အိမ်ချက်ချင်းဝယ်ရမယ်လို့ သင်ထင်နေရင် သင်ငှားထားတဲ့အိမ်မှာ ပထမဆုံးအကြိမ် နှစ်ပတ်လည်ကျင်းပရတာက သင့်အတွက် စိတ်ပျက်စရာဖြစ်နေပါလိမ့်မယ်။ သင့်ရဲ့လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေကြောင့် ငွေကြေးနဲ့ အိမ်ထောင်ရေးကို ပြဿနာမဖြစ်ပါစေနဲ့။

     ၇။ ကလေးတွေကြောင့်ဆိုပြီး မဖြစ်ပါစေနဲ့။

     သင့်ကလေးတွေက နောက်ဆုံးပေါ်ဂိမ်းကို တောင်းဆိုနေမယ်။ သင်ကတော့ သူတို့တွေဘယ်လိုပြုမူမလဲဆိုတာကို တွေးပူနေပါမယ်။ သင့်အိမ်ထောင်ဖက်ကတော့ ဝင်ငွေနဲ့မကိုက်ညီတာမို့လို့ စိတ်မချမ်းမြေ့ဖြစ်နေပါလိမ့်မယ်။ အရုပ်ဝယ်ပေးတယ်၊ မုန့်ဖိုးပေးတယ် (သို့) အားကစားပစ္စည်းဝယ်ပေးသည်ဖြစ်စေ ကလေးအနေနဲ့ ငွေကြေးအပေါ် မြင်တဲ့အမြင်ကတော့ ကွဲပြားပါလိမ့်မယ်။ သင့်အနေနဲ့ တူတူတိုင်ပင်ဆွေးနွေးပြီး အစီအစဥ်တစ်ခုချဖို့ လိုပါတယ်။ သင်ကလေးလိုအပ်ချက်တွေအတွက် ဘယ်လိုမျိုးငွေကြေးအစီအစဥ်ဆွဲမလဲဆိုတာ။ ဒါမဲ့ သူတို့ရဲ့ ဂဂျီဂျောင်ကျတာတွေရော...သူတို့ကူညီပေးတဲ့အလုပ်တိုင်းအတွက် အကျိုးခံစားခွင့်ပေးပါ။ ဒါဟာသူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကို တိုးတတ်လာစေပြီး ဘဝမှာ သင်လိုချင်တဲ့အရာတွေကို စောင့်ဆိုင်းဖို့က ဘယ်လောက်ထိ အရေးကြီးကြောင်း သင်ပေးရာလည်းရောက်ပါတယ်။ 

အားလုံးသတိပြုထားနိုင်ကြပါစေ။ Wishing everyone happy relationship and satisfied marriage!

Mother Finance

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်