တစ်နေ့ငါးရာ မသိသာဘူးဆိုပေမယ့်...
ကျန်းမာရေးဆိုတာ ရာသီအကူးအပြောင်းမှာ၊ ကူးစက်ရောဂါတွေ ဖြစ်နေတဲ့အချိန်မှာ ဒါမဟုတ် မတော်တဆဆိုတဲ့အရာကြီးနဲ့ ကြုံလာတဲ့အခါ မရင်ဆိုင်လို့နေမရတဲ့ အခြေနေဆိုးတစ်ခုပါ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဒေါ်မြမြရဲ့ သားလေးတစ်ယောက် ရာသီအကူးပြောင်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပြီး ဆေးရုံတက်လိုက်ရပါတယ်။
သာမန်သမရိုးကျ ဆင်းရဲသားမိသားစုအတွက်ဆို နယ်ကနေ ဆေးရုံတက်ပြီး ကုဖို့ဆိုတာ ကုန်ကျစရိတ်မတက်နိုင်တာမို့ အခက်တွေ့မယ့်အခြေအနေပါ။ ဒါပေမယ့် ဒေါ်မြမြတစ်ယောက်တော့ ဆင်းရဲသားမိသားစုပေမယ့် ငွေကြေးပိုင်းအခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ခဲ့ပါတယ်။
သားလေးအတွက် ဆေးကုသခဲ့ရတဲ့ စုစုပေါင်းကုန်ကျစရိတ် ပိုက်ဆံ (၇၀,၀၀၀) ကို ပြီးခဲ့တဲ့ နွေရာသီမှာ အအေးဆိုင်လေး ရောင်းကောင်းတုန်းက တစ်ရက်ကို ၅၀၀ နဲ့ စုခဲ့တာ ၄ လအကြာမှာ စုစုပေါင်း ၆ သောင်းလောက် စုထားနိုင်ခဲ့ပါတယ် (၅၀၀ ကျပ် x ၁၂၀ ရက်)။ တစ်ရက်ကို ငါးရာ မများပေမယ့် ရက်ကြာလာတော့ မနည်းတဲ့ ငွေပမာဏတစ်ခုကို စုထားနိုင်ခဲ့ပါတယ်။ အရေးကြုံလာတဲ့အခါမှာ သူများဆီက ချေးငှားပြီး အတိုးပြန်ဆပ်ရတဲ့ ဒုက္ခက သေးတာမဟုတ်ပါဘူး။ ဒီကြားတဲ့ ချေးတဲ့သူက အပေါက်ဆိုးရင် အဆဲတွေပါလာတတ်သေးတယ်။
ဒီတော့ ဒေါ်မြမြရဲ့ နည်းစနစ်ကို လူနာလာမေးတဲ့ အမျိုးတွေကို ပြောပြလိုက်တော့ အချို့လည်း သူ့နည်းအတိုင်းပဲ တစ်ရက်ကို ၅၀၀ နှုန်းနဲ့ စုနေကြပါပြီ။ ကျန်းမာရေးအတွက် စုတဲ့ပိုက်ဆံကို အချို့က သက်စောင့်ပိုက်ဆံလို့လည်း ခေါ်ကြပါသေးတယ်။ ကံကြောင်းမလှရင် မလွှဲမရှောင်သာ ကြုံတတ်တာမို့ သက်စောင့်ပိုက်ဆံလေး စုထားသင့်ပါတယ်။
ကဲ ကျွန်တော်တို့ တောင်သူတွေရော...
Source - Mango Magazine
ဆက်စပ်ဆောင်းပါးများ
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ငရုပ်သီးမှာပိုးတွေ့လို့ပါ ဘာလုပ်သင့်ပါလဲ
နှင်းစုလှိုင် • ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးမှာ အထွက်တိုးစေမယ့် အခြေံနည်းလမ်းတွေကို ဆွေးနွေးပေးပါ
mt • ဖြေကြားချက် 2 ခု
လွတ်ကျောင်းဝက်မွေးမြူနည်းအကြောင်းဆွေးနွေးပေးပါ..မိတ်ဆွေတို့
latdan aung • ဖြေကြားချက် 2 ခု
ဝါပိုးရှိနေလို့
zin Phyo naung • ဖြေကြားချက် 4 ခု
သံပယိုပင်ရဲ့အရွက်က ပုံထဲကလို အမဲစက်တွေဖြစ်နေလို့ပါ။ အဲ့ဒါက ပိုးကျတာလားရှင့်။ အသီးက အခွံထူပြီး အရည်မရွှမ်းလို့ပါ။ အိမ်မှာ တနိုင်တပိုင်စိုက်တာမို့ ပညာရှင်ကြီးများ လွတ်လပ်စွာ အကြံပြုပေးပါဦးရှင့်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကျေးဇူးတင်လျက်ပါရှင့်။
ဒေါ်ဋေးကြွယ် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
More from Green Way
အားလုံး
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026