ဆီလီကွန်နဲ့ အပင်တွေ
ဦးကြီးတို့နေကောင်းကြလား ဗျ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါနော်
ခေါင်းစဉ်က ဆီလီကွန်နဲ့ အပင်တွေ ဆိုတော့ကာ အပင်တွေက ခွဲစိတ်တာတွေ ဆီလီကွန်တွေ ထည့်တာမျိုး မဟုတ်ဘူးနော်။
အမှန်တော့ ဆီလီကွန်ဆိုတာကလည်း အပင်တွေအတွက် လိုအပ်တဲ့ အပင်အာဟာရဓာတ်တစ်မျိုးပဲဖြစ်ပြီးတော့ စကြာဝဌာကြီးမှာဆိုရင် (၇)ခုမြောက်အများဆုံး သတ္တုဖြစ်ပါတယ်။ သူက မြေကြီးတွေကြားထဲမှာဆိုရင် (၂၅)ရာခိုင်နှုန်းတောင် ရှိပြီးတော့ အဲ့လိုကြောင့်လည်း အပင်တွေ က ကိုယ့်ဘာသာကိုယ် စုပ်ယူစားသုံးနိုင်ကြပါတယ်တဲ့။ သူတို့ စားသုံးတဲ့ ဆီလီကွန် ပုံစံကတော့ ဆီလီကာနဲ့ ဆီလီကိတ် ဆိုတဲ့ ပုံစံ (၂)မျိုးပဲဖြစ်ပါတယ်။
အပင်အမြစ်တွေကနေပြီးတော့ ဆီလီကွန်တွေကို ဆီလစ် အက်ဆစ် အနေနဲ့ စုပ်ယူပြီးတော့ အပင်တွေရဲ့ ကြီးထွားတဲ့နေရာတွေကို ပို့ဆောင်ပေးပါတယ်။ အဲ့နေရာတွေက အပင်ဆဲလ်တွေ တည်ဆောက်တယ်။ နောက် ဆဲလ်နံရံတွေ ခိုင်မာအောင်လုပ်ဆောင်နေတဲ့ နေရာဖြစ်ပြီးတော့ ဆီလီကွန်က ဆဲလ်နံရံတွေကို ကျန်းမာကြံခိုင်သန်စွမ်းအောင် လုပ်ပေးနိုင်ပါတယ်။
ဒါပဲလားဆိုတော့ မဟုတ်သေးဘူး ကျန်တာတွေကတော့ အောက်မှာ ဆက်ကြည့်ပါ။
(၁) ဟင်းသီးဟင်းရွက်ပင်တွေမှာ အထွက်ကို သိသိသာသာတိုးလာစေပါတယ်။
(၂) အထွက်က တိုးမှာပေါ့။ ကြီးထွားမှုကလည်း ကောင်းလာတာလေ။
(၃) ဆစ်ကြားတွေ လိုတာထက်ပိုပြီး မရှည်အောင် တားဆီးပေးတယ်။
(၄) ပင်စည်နဲ့ ကိုင်းတွေက ပိုပြီး တုတ်ခိုင်ကြီးမားလာတယ်။
(၅) အပင်တွေက လွယ်လွယ်နဲ့ လဲမကျတော့ဘူး။ အရွက်ကလေးတွေဆိုလည်း ပြန့်ကားလို့။
(၆) ဘက်တီးရီးယားနဲ့ မှိုရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိတယ်။
(၇) အပင်တွေမှာဖြစ်တတ်တဲ့ အပူချိန်၊ ဆားငန်၊ ဓာတ်အဆိပ်သင့်တာ စတာတွေကိုလည်း ခံနိုင်ရည်ရှိလာအောင် ဆီလီကွန်က လုပ်ပေးပါတယ်။
(၈) အလူမီနီယမ် အဆိပ်သင့်မှုတွေကိုလည်း လျော့ချပေးပါတယ်။
(၉) ပိုတက်စီယမ်၊ ဖော့စဖောရပ်စ်နဲ့ ကယ်လ်စီယမ် စုပ်ယူမှုတွေကိုလည်း အားကောင်းစေပါတယ်။
(၁၀) ရေငတ်တာကိုလည်း ခံနိုင်ရည် တိုးလာစေပါတယ်။
(၁၁) တွေ့ရှိချက်တွေအရဆိုရင် ဆီလီကွန်တွေဟာဆိုရင်တော့ ကြပ်ခိုးမှိုတွေလိုမျိုး၊ အပင်တွေမှာဖြစ်တတ်တဲ့ အနက်ရောင်အစက်အပျောက်တွေနဲ့ မျက်စိနာအကွက်လိုတွေနဲ့ ရောဂါ တစ်ချို့ကိုလည်း သက်သာစေတာကို တွေ့ထားပါတယ်တဲ့။
(၁၂) ရေလုံလုံလောက်လောက်မသွင်းးနိုင်တဲ့ နေရာမျိုးတွေမှာ ဆိုရင်လည်း ဆီလီကွန်ရတဲ့ အပင်တွေက ထုထည်နဲ့ ပမာဏက သူများတွေထက် ပိုများတာကို တွေ့ရမှာပါ။
(၁၃) ဆီလီကွန်ပြည့်ပြည့်ဝဝ ရတဲ့ အမြစ်တွေဟာဆိုရင်လည်း ထိုးဖောက်မှုပိုကောင်းပြီးတော့ ခြောက်သွေ့တဲ့ မြေကြီးမှာတောင် ရှင်သန်မှုပိုမြန်ပါတယ်။
သတိထားစရာတစ်ချက်ကတော့ ဆီလီကွန်တွေကို ပန်းပွင့်ချိန်မှာ မသုံးရပါဘူးတဲ့။ ပန်းပွင့်တွေ ကြွပ်ဆတ်ပြီး အလွယ်တကူ ပဲ့ကြွေနိုင်တာကြောင့်ပါ။ ခုတော့ ဆီလီကွန်မြေသြဇာတွေကို သိပ်မသုံးကြပေမဲ့လို့ လိုအပ်တဲ့နေရာတွေရှိလာပြီဆိုတော့ တင်ဆက်ပေးလိုက်ရပါတယ်နော်။
တောင်သူဦးကြီးများ စီးပွားဥစ္စာများ တိုးတက်ကောင်းမွန်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
ထွန်းဝင်းကျော်
Reference
https://blog.agrivi.com/post/benefits-of-silicon-on-plant-growth
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026