မွေးမြူရေးတွင် အရေးပါသည့် ……...တိုင်းရင်းငါးကျည်းငါး

18/05/2020 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မြန်မာ့တိုင်းရင်းငါးများတွင် ငါးကျည်းငါးသည်လည်း ပါဝင်ပါသည်။ ငါးကျည်းငါးမှာ ရေချိုတွင်သာ ဘဝတစ်လျှောက်လုံးနေထိုင်ကြသည့် (Potadromous) မျိုးစိတ်များ ဖြစ်ကြပါသည်။ ငါးကျည်းသည် ငါးထွေ(catfish)မျိုးနွယ်တွင် ပါဝင်ပါသည်။

    ငါးကျည်းသည် ငါးခူငါးနှင့်လည်း ဆင်တူပြီး ငါးခူငါးထက် အကောင်သေးပါသည်။ အကြေးခွံမပါဘဲ ချောမွေ့နေပြီး သူ့ခန္ဓာကိုယ်ကို အကျိအချွဲများဖြင့် ဖုံးလွှမ်းထားတတ်ပါသည်။ အရောင်မှာ အမဲရောင်သန်းပါသည်။ ငါးကျည်းမှာ ငါးနှုတ်ခမ်းမွှေးပါပြီး ဆူးချွန်လည်းရှိသဖြင့် ဆူးမစူးအောင် သတိထားကိုင်တွယ်ရပါမည်။ အသားစား(Carnivorous)များဖြစ်ပြီး ငါးငယ်၊ အခွံမာရေသတ္တဝါ စသည်တို့ကို သူတို့၏ အစာအဖြစ် စားသုံးကြပါသည်။ ငါးကျည်းငါးကို ရေချို၊ မြစ်၊ ချောင်း၊ အင်းအိုင်၊ ကန်၊ လယ်ကွင်း စသည်တို့တွင် ရမိတတ်ကြပါသည်။

    မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းငါးများတွင် တစ်မျိုးအပါအဝင်ဖြစ်သော ငါးကျည်းငါးကို မြန်မာတွင် (၂၀၀၈)ခုနှစ်တည်းက အောင်မြင်စွာ သားဖောက်နိုင်ခဲ့ပါသည်။ ငါးကျည်းငါးကို မွေးမြူချင်သူများအနေဖြင့် သဘာဝငါးကျည်းသားဖောက်နှင့် ဆေးထိုးငါးကျည်းသားပေါက်များ ရှိနေပြီဖြစ်သဖြင့် လွယ်ကူစွာမွေးမြူနိုင်ကြပေသည်။ တိုင်းရင်းငါးများကို မွေးမြူခြင်းသည် တိုင်းရင်းငါးမျိုးများကို စောင့်ရှောက်ခြင်းဖြစ်ပေသည်။ ငါးကျည်းငါးမှာလည်း ဈေးကွက်တွင် ဈေးကောင်းရနေသော ငါးတစ်မျိုးလည်း ဖြစ်ပါသည်။

နာမည်ကြီး ငါးကျည်းဟင်းလျာများမှာ ငါးကျည်းခြောက်ကြော်၊ ငါးကျည်းအိုးကပ်ဆီပြန်၊ ငါးကျည်းကျပ်တိုက်၊ လက်ဖက်ငါးကျည်းကျပ်တိုက် ငါးခြောက်ထောင်း၊ ငါးကျည်းခြောက် ခရမ်းသီးချက်၊ ငါးကျည်းခြောက် ဘာလချောင်ကြော်တို့ဖြစ်ကြသည်။ ထို့ပြင် ငါးကျည်းငါးမှာ ချိုလှသဖြင့် မုန့်ဟင်းခါးပြုလုပ်ရာ၌လည်း အသုံးများပါသည်။ ငါးပိကောင်ပြုလုပ်ရာ၌လည်း ငါးကျည်းငါးကို အသုံးပြုကြပါသည်။ ငါးကျည်းငါးမှာ လူကို ဝဖြိုးစေတတ်ပြီး သလိပ်ကို ပျက်စေတတ်သည့် အာနိသင်လည်းရှိသည်။

ငါးကျည်းငါးကို -

Phylum (မျိုးပေါင်းစု) – Chordata

Class (အမျိုးအစား) – Actinopterygii

Order (မျိုးစဉ်) – Siluriformes

Family (မျိုးရင်း) –Heteropneustidae

Genus (မျိုးစု) – Heteropneustes

Species (မျိုးစိတ်) – Heteropneustes Fossilis

English Name (အင်္ဂလိပ်အမည်) - Small freshwater catfish

ဟူ၍ ဖြစ်ပါသည်။

ပင်လယ်ပြာ(ငါးဦးစီးဌာန)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်