ပြည်ပပို့ကုန် ကဏန်းပျော့မွေးမြူရေး အပိုင်း(၂)

02/11/2022 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကဏန်းပျော့၏ သဘာဝ

ကဏန်းပျော့တွင် သဘာဝကဏန်းပျော့နှင့် မွေးမြူရေးကဏန်းပျော့ဟူ၍ ရှိကြပါသည်။ ရေငန်ကဏန်းများမှာ ပုံမှန်အတိုင်းဆိုပါက ရက်ပေါင်း (၄၅) ရက်မှ ရက် (၉၀) အတွင်း အရေခွံလဲတတ်ကြပါသည်။

ယင်းအပြင် ကဏန်းများမှ မိမိခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတစ်ခုခု(ဥပမာ-လက်ချောင်းလေးများ တစ်နေရာရာတွင် ကျိုးပဲ့သွားပါက) လည်း အရေခွံလဲကြပြီး သူတို့ခန္ဓာကိုယ်ကလည်း မူလအတိုင်း အကောင်းပြန်ဖြစ်သွားတတ်ကြပါသည်။

သဘာဝကဏန်းပျော့တွင်မူ ကဏန်းအမ အရေခွံလဲပြီဆိုတာနှင့် ကဏန်းထီးက သူ့ခြေလက် ၅ စုံဖြင့် ကဏန်းမတစ်ကောင်လုံးကို ဖက်တွယ်ထားပြီး အချိန်ပြည့် အကာအကွယ်ပေးထားပါသည်။

ကဏန်းအမ အရေခွံမာလာပြီဆိုပါက ကဏန်းဖိုက အခွံမာကို ခွာချပေးပါသည်။ ယင်းရက်များတွင် ကဏန်းအထီးက အစာလုံးဝ မစားဘဲ ကဏန်းမကို စောင့်ရှောက်ပေးပါသည်။ သို့သော် ကဏန်းထီး အရေခွံလဲလျှင်မူတော့ ကဏန်းအမ ရောက်လာပြီး ကဏန်းထီးတစ်ကောင်လုံးကို သူ့လက်မဖြင့်ညှပ်ပြီးစားပစ်လေ့ ရှိကြပါသည်။ ထိုကား သဘာဝကဏန်းပျော့များ အရေခွံလဲခြင်း ဖြစ်ပါသည်။ 

မွေးမြူရေးကဏန်း အခွံလဲပြီးပါက ၈ နာရီ အတွင်း အခွံများက ပြန်မာသွားတတ်သလို အခွံလဲပြီးပြီးချင်း ရေချိုနဲ့စိမ်ခံရပါက အခွံကပျော့နေပြီး ရေငန်ပြန်စိမ်လိုက်လျှင်မူ အခွံပြန်မာသွားပါသည်။

ထို့ကြောင့် ကဏန်းပျော့မွေးမြူကြတဲ့သူများအနေဖြင့် အရေခွံလဲပြီး ပျော့နေသည့်ကဏန်းများ ပြန်ပြီး မမာသွားရအောင် အချိန်နှင့်တပြေးညီ စစ်ဆေးနေရပါသည်။ အများအားဖြင့် ကဏန်းပျော့ မွေးမြူရေးတွင် သဘာဝအတိုင်း အရေခွံလဲတာကိုပဲ စောင့်ဆိုင်းပြီး လုပ်ကိုင်ကြရပါသည်။ 

အိမ်နီးချင်းနိုင်ငံများက ကဏန်းပျော့မွေးမြူသူတွေကတော့ အချိန်တိုအတွင်းမှာ စီးပွားဖြစ် အများကြီး မွေးမြူလို့ရရှိနိုင်အောင် ခြေလက်တွေကို တမင်ချိုးဖဲ့ပြီးမှ လုပ်ဆောင်ကြပါသည်။  ကဏန်းပျော့အောင် မွေးမြူဖို့ဆိုပါက ပလတ်စတစ်ခြင်း တစ်ခုစီတွင် ကဏန်းတစ်ကောင်ပဲ ထည့်ရပါသည်။ ခြင်းတစ်လုံးထဲတွင် အထီး၊ အမ ရောမထည့်ရပါ။ အကြောင်းရင်းမှာ အစာအတွက် အထီးက အမ၏စားသောက်ခြင်းကို ခံရပြီးသေဆုံးနိုင်သောကြောင့်ဖြစ်သည်။

အထက်ဖော်ပြပါအချက်များမှာ ကဏန်းပျော့အရေခွံလဲခြင်းကို ဗဟုသုတအနေဖြင့် ပြောပြခြင်းဖြစ်ပါသည်။

ကဏန်းအသက်အရွယ်အလိုက် အခွံလဲနှုန်း

ကဏန်းပျော့ထုတ်လုပ်ရာတွင် ကဏန်းတိုင်းမရဟု ဆိုပါသည်။ ကဏန်းအရေခွံလဲရာတွင် ၄င်းတို့၏အရွယ်ပေါ် မူတည်ပါသည်။ ကဏန်းစျေးကွက်၌ အသက်အရွယ်ကို အလေးချိန်ဂရမ်ဖြင့် သတ်မှတ်ကြပါသည်။

ကဏန်းအသက်အရွယ်အလိုက် အခွံလဲနှုန်းမှာ အလေးချိန် ၇၀ ဂရမ်မှ ၁၀၀ ဂရမ်အတွင်းက ၁၅ ရာခိုင်နှုန်း၊ အလေးချိန် ၁၀၀ ဂရမ်မှ ၁၅၀ ဂရမ်အတွင်းက ၃၅ ရာခိုင်နှုန်း၊ အလေးချိန် ၁၅၀ ဂရမ်မှ ၂၀၀ ဂရမ်အတွင်းက ၁၅ ရာခိုင်နှုန်းသာ အခွံလဲတတ်ကြပါသည်။

ရေထရက်တွင် ကဏန်းပျော့အထွက်များကြောင်း သိရပါသည်။ အလေးချိန် ၂၀၀ ဂရမ်ကျော် ကဏန်းကြီးများမှာမူ အခွံလဲမှု နှေးကွေးသောကြောင့် ကဏန်းပျော့မွေးမြူရန် တွက်ခြေမကိုက်ကြတော့သဖြင့် အခွံမာအနေဖြင့်သာ ရောင်းဝယ်ကြပါသည်။

ကဏန်းကုန်ကြမ်းရရှိမှု

ကဏန်းပျော့မွေးမြူရန် အလေးချိန် ၁၀၀ မှ ၁၅၀  ဂရမ် (ကျောခွံအလျှား ၂ ဒသမ ၅ လက်မဝန်းကျင်) အရွယ်ကိုသာ ဝယ်ယူမွေးမြူရပါသည်။ ကဏန်းကုန်ကြမ်းကို လပွတ္တာ၊ ဖျာပုံ၊ ရခိုင်ကမ်းရိုးတန်းတို့မှ ဝယ်ယူစုဆောင်းကြရသည်ဟု သိရပါသည်။

ဤသို့ ပင်လယ်ကမ်းခြေလတာပြင်တွင် သဘာဝအလျောက် ပေါက်ဖွားနေသော ကဏန်းများကို ဖမ်းဆီးမွေးမြူထုတ်လုပ်နေရခြင်းကြောင့် ကြာလျှင် ကဏန်းသယံဇာတလျော့နည်းလာပေတော့မည်။

ထို့အတွက် ကဏန်းမျိုးထိန်းသိမ်းနိုင်ရန် ငါးလုပ်ငန်းဦးစီးဌာန၏ အကူအညီဖြင့် ဖျာပုံနှင့် လပွတ္တာမြို့နယ် ရေချိုရေငန်စပ်ကမ်းခြေတို့တွင် ပုဂ္ဂလိက ကဏန်းမွေးမြူရေးများ လုပ်ဆောင်လာကြပါသည်။

ထိုသို့မွေးမြူမှုများမှသာလျှင် ကဏန်းမျိုးဆက် မပြုန်းတီးဘဲ ကဏန်းမှ တန်ဖိုးမြင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ပြီး နိုင်ငံခြားဝင်ငွေလည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်းလေ့လာရေးသားလိုက်ရပါသည်။

အပိုင်း(၁) ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/Soft_shell-crab_Farming_1

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။    


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်