မြေချဉ် မြေငန် ဘာကြောင့်အရေးကြီးတယ်..
၁။ မြေဆီလွှာချဉ်ငန်ကိန်း

မြေဆီလွှာအတွင်းရှိ ဟိုက်ဒြိုရိုဂျင်အိုင်ယွန် (H+ ion) ပြင်းအား တိုင်းတာခြင်းကို မြေဆီလွှာ ချဉ်ငန်ဓာတ်ကိန်းဟုခေါ်သည်။ ယင်းချဉ်ငန်ကိန်းကို ၁ မှ ၁၄ အထိခွဲခြား သတ်မှတ်ထားပါသည်။
ချဉ်ငန်ကိန်း ၇ အောက်တွင်ရှိ မြေများကိုမြေချဉ်များ၊ ချဉ်ငန်ကိန်း ၇ အထက်တွင်ရှိ မြေများကိုတော့ မြေငန်များဟု သတ်မှတ်ပါသည်။ ချဉ်ငန်ကိန်း ၇ ရှိမြေများကိုတော့ ချဉ်ငန်ဓာတ်ပြယ် သမဂုဏ်ရှိသောမြေဟူ၍ သတ်မှတ်ပါသည်။
မြေချဉ်ခြင်း၊ ငန်ခြင်းဖြစ်ရခြင်းမှာ မြေဆီလွှာ၏ ဓာတ်သဘာဝအခြေအနေမတူညီမှုနှင့် တစ်ဆင့်မှတစ်ဆင့် ပြောင်းလဲနေမှုများကြောင့် ဖြစ်ပါသည်။ ချဉ်ငန်ကိန်း တစ်ဆင့်မှတစ်ဆင့်ပြောင်းလဲခြင်းသည် စိုက်ပျိုးထားသော သီးနှံပင်များ၏ အာဟာရဓာတ်ရရှိမှုအပေါ် တစ်နည်းတဖုံအားဖြင့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။
ဥပမာ - မြေချဉ်ငန်ဓာတ် ပြောင်းလဲမှုကြောင့် မြေတွင်းရှိ အပင်အာဟာရဓာတ်များ၏ ပျော်၀င်နိုင်စွမ်းအားကို လျော့နည်းသွားစေခြင်း (သို့မဟုတ်) တိုးတက်ကောင်းမွန်စေခြင်းတို့ ဖြစ်ပေါ်စေပါ သည်။ ထို့ကြောင့် အချို့သောချဉ်ငန်ဓာတ် အခြေအနေများသည် သီးနှံဖြစ်ထွန်းမှုကို အားပေး၍ အချို့သော အခြေအနေများမှာမူ သီးနှံဖြစ်ထွန်းမှုကို လျော့ကျစေပါသည်။
ထို့ကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် မြေအသုံးချရေးပညာရပ်များတွင် မြေဆီလွှာ၏ချဉ်ခြင်း၊ ငန်ခြင်းသဘာဝကို နားလည်သဘောပါက်ရန် အရေးကြီးပါသည်။ ၎င်းအပြင် မြေဆီလွှာ၏ချဉ်ငန်ကိန်းကို သိရှိလျှင်လည်း မြေဆီဩဇာထက်သန်မှုအခြေအနေကို ယေဘုယျခန့်မှန်းဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။
စွတ်စို၍မိုးများသော ဒေသများရှိ မြေဆီလွှာများသည် သဘာ၀အလျောက် အချဉ်ဓာတ်များ တိုးပွားလျက်ရှိသည်။ ဤကဲ့သို့အချဉ်ဓာတ်တိုးပွားမှုသည် သီးနှံစိုက်ပျိုးသော မြေများတွင် ပို၍ လျင်မြန်ပါသည်။ သီးနှံပင်အများစုသည် အချဉ်ဓာတ်ပါသော မြေများတွင် အထွက်နှုန်း လျော့နည်းသွားလေ့ရှိပါသည်။ အထူးသဖြင့် ပဲမျိုးရင်းဝင် အပင်များသည် မြေဆီလွှာ အချဉ်ဓာတ်များခြင်းကို ခံနိုင်ရည် မရှိကြပါ။ ထို့ကြောင့် အဆိုပါ မြေအမျိုးအစားများတွင် အချဉ်ဓာတ် လျော့နည်းသွားစေရန် ထုံးထည့်၍ ပြုပြင်ရသည်။
မြေများတွင် အချဉ်ဓာတ်ပေါက်ရခြင်းမှာ မြေဆီလွှာအတွင်း၌ ဟိုက်ဒြိုရိုဂျင်နှင့် အလူမီနီယမ် သတ္တုဓာတ်များ လွန်ကဲခြင်းကြောင့် ဖြစ်ပါသည်။ မြေဆီလွှာအတွင်းရှိ ရွှံ့စေးမှုန့်များသည် လျှပ်စစ်အမသတ္တိဆောင်ပြီး ယင်းတို့ကို ကိုလွိုက်များဟုလည်း ခေါ်ပါသည်။
ကိုလွိုက်များပေါ်ရှိလျှပ်စစ် အမဆောင်ရာနေရာများသည် ဓာတ်ဖိုသဘာဝရှိသော သတ္တုဓာတ်များကို ထိန်းထားနိုင်ပါသည်။ ယင်းသတ္တုဓာတ်များကို အခြားဓာတ်ဖို သဘာဝရှိသော သတ္တုဓာတ်များနှင့် ဖလှယ်နိုင်ပါသည်။ ယင်းကို ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားဟု ခေါ်ပါသည်။
မြေဆီလွှာချဉ်ငန်ကိန်း (pH)
- ၅.၅ နှင့် အောက် (အလွန်ချဉ်)
- ၅.၆ - ၆.၀ (အသင့်အတင့်ချဉ်)
- ၆.၁ - ၆.၉ (အနည်းငယ်ချဉ်)
- ၇.၀ (ချဉ်ငန်ဓာတ်ပြယ်)
- ၇.၁ - ၇.၇ (အနည်းငယ်ငန်)
- ၇.၈ - ၈.၃ (အသင့်အတင့်ငန်)
- ၈.၄ နှင့်အထက် (အလွန်ငန်)
မြေဆီလွှာအချဉ်ပေါက်ခြင်းလွန်ကဲနေပါက မြေဆီလွှာဓာတ်ဖိုဖလှယ်နိုင်စွမ်းအား၏ ၉၅ % တွင် ဟိုက်ဒြိုဂျင်နှင့် အလူမီနီယမ်များ လွှမ်းမိုးနိုင်ကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ချဉ်ငန်ဓာတ်ကိန်း နိမ့်ကျပါက အလူမီနီယမ်အဆိပ်သင့်ခြင်း လက္ခဏာများ တွေ့ရှိရသည့်အပြင် အခြားအာဟာရဓာတ်များ ချို့တဲ့မှုကိုလည်း တွေ့ရှိရပါသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စိုးမင်းအောင်
လွန်ခဲ့သော ၃ နှစ် ကပုသိမ်ဆိုရင်တော့တိုင်းစိုက်ပျိုးရေးဌာန၊မြက်တိုကနေဝင်သွားရင်ရောက်ပါတယ် အဲ့ဒီမှာစစ်လို့ရပါတယ် မြေတော့ယူသွားပါ
ဇင်ကို
လွန်ခဲ့သော ၃ နှစ် ကမြေတိုင်းစက်ကဘယ်မှာဝယ်ရမှာလည်း
ဆုမြတ်နိုး
လွန်ခဲ့သော ၃ နှစ် ကစိုက်ပျိုးရေးရုံးတွေနဲ့MILS လိုမျိုးprivate company တွေမှာ pH တိုင်းလို့ရပါတယ် စက်လည်းဝယ်လို့ရပါတယ် သောင်းကနေသိန်းအထိဈေးအစားစားပါ သင်တန်းတွေလည်းရှိပါတယ် ဖော်ပြပါလင့်ခ်မှာစုံစမ်းကြည့်ပါရှင့် https://m.facebook.com/story.php?story_fbid=pfbid027UTVCyf8swriicCiBFK9TNFx47kJnLPZSB9Yx531C7LmxB3e4Rk28M7vASLXAV37l&id=100064293835762&mibextid=Nif5oz
Aung Paing Phyo
လွန်ခဲ့သော ၃ နှစ် ကမိမိလယ်မြေရဲ့မြေဆီလွှာချဥ်ငန်ကိန်း(pH)ကိုသိချင်ရင် ဘယ်မှာတိုင်းတာလို့ရလဲ။ကုန်ကျစရိတ်ဘယ်လောက်ရှိနိုင်လဲ။သိရှိနားလည်လိုသူများအတွက်သင်တန်းပေးတဲ့နေရာရှိပါသလား။အစရှိတဲ့အချက်တွေသိချင်ပါတယ်ခင်ဗျ။
ဆက်စပ်မေးခွန်းများ
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
ဘာဆေးသုံးရင်ကောင်းမလည်း
အောင်သန်းဦး • ဖြေကြားချက် 1 ခု
အမေးကဏ္ဌတော့မဟုတ်ပါဘူးကျေးဇူးတင်ကြောင်းလေးပြောခြင်လို့ပါ..သိခြင်တာလေးတွေမေးပြီးပတ်တာအထွက်နုန်းသိသိသာသာတိုးလို့ပါ...မေးသမျှဖြေကြားပေးတဲ့စိုက်ပျိုးရေးအသိပညာရှင်များကိုကျေးဇူးအထူးတင်ပါတယ်ဗျာ....
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026