ကင်းမွန်အစာသွပ်ပြုလုပ်နည်း
ကင်းမွန်(squid) တွေက ကျောရိုးမဲ့ရေနေသတ္တဝါ(marine invertebrate)များဖြစ်ကြပြီး ပြည်ကြီးငါး၊ ရေဘဝဲတို့နဲ့ မျိုးနွယ်တူကြပါတယ်။ကင်းမွန်ဟာ အဆီပါဝင်မှုနည်းပြီး အသား ဓာတ် (protein) ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ပင်လယ်စာတစ်မျိုးပါ။
ကင်းမွန်ကို ချက်စား၊ ကြော်စား၊ ပေါင်းစား၊ ထောင်းစား၊ ကင်စား၊ သုပ်စားကြပါတယ်။
ဒီထဲမှာမှ အရသာထူးခြားကောင်းမွန်လှပြီး ကျန်းမာရေးအတွက်ကောင်းကျိုးပြုတဲ့ “ကင်းမွန် အစာသွပ် “ဟင်းလျာကို အိမ်မှာပဲအလွယ်တကူလုပ်စားလို့ရအောင် လုပ်နည်းလေး ပြောပြပေးပါမယ်။
ကင်းမွန်အစာသွပ်ပြုလုပ်ဖို့ လိုအပ်တာတွေက ..
- ကင်းမွန်အကောင်ကြီးကြီး - ၄၊ ၅၊ ၆ ကောင်
- ကြက်၊ ဝက်၊ ပုစွန်(တစ်မျိုးမျိုး) အနည်းငယ်
- ကောက်ညှင်းပေါင်း- အနည်းငယ်
- မုန်လာဥနီ- အနည်းငယ်
- ဆီ၊ဆား - အနည်းငယ်
- ခရုဆီ - အနည်းငယ်
- ငရုတ်ကောင်း - အနည်းငယ်
- အသားမှုန့်- အနည်းငယ် နဲ့
- ဆော့စ် (အချဉ်) တစ်မျိုးမျိုးတို့ လိုအပ်ပါတယ်။
ပြုလုပ်နည်းကတော့..
(၁) ကင်းမွန် ( လတ်လတ်ဆတ်ဆတ်) တွေကို ရေဆေးသန့်စင်ထားပါ။
(၂) အတွင်းမှာ အဆာပလာအဖြစ်သွတ်မယ့် အသား(ကြက်၊ ၀က်၊ ပုစွန်)ကြိုက်နှစ်သက်ရာ အသားတစ်မျိုးမျိုးကို ကြိတ်ထားပါ။
(၃) ပြီးရင် မီးဖိုပေါ်ဒယ်အိုးတင် ဆီလေးထည့်ပြီး ကြိတ်ထားသောအသားကို ကျက်အောင် နည်းနည်းလှော်ပါ။
(၄) ပြီးရင်အသားလှော်အိုးထဲ ဥနီ၊ ဆား၊ ခရုဆီ၊ အသားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ကို အပေါ့အငန် အနေတော်လေး ထည့်မွှေထားပါ။
(၅) အသားကျက်ရင် အဲ့ဒီအိုးထဲကောက်ညှင်းပေါင်းပါထည့်၊ သမအောင်မွှေ၊ ရေနည်းနည်းထည့်ပြီး ရေခန်းအောင် ပြန်တည်ထားပါ။
(၆) ရေခန်းပြီဆိုရင် ကောက်ညင်း + အသားကို ရေဆေးထားတဲ့ ကင်းမွန်အကောင်ကြီးထဲထည့်ပါ။ (ပြည့်ကျပ်အောင်မထည့်ရပါ။ ကွဲထွက်တတ်လို့ပါ)
(၇) ပြီးရင်အစာသွပ်ထားတဲ့အပေါက်ကို သွားကြားထိုးတံနဲ့ ပြန်ပိတ်ပြီး ပေါင်းအိုးဖြင့် ၈ မိနစ်ခန့် ပေါင်းပါ။
(၈) ပေါင်းပြီးရင်တော့ ဆီအိုးတည်ပြီး အစာသွပ်ထားတဲ့ ကင်းမွန်ကို ဆီပူပူနဲ့ နည်းနည်းတင်းလာအောင်ကြော်ပြီးပါက ဓားလေးဖြင့်အဝိုင်းပြားလေးလှီးကာ ဆော့စ်ရည်လေးဆမ်းပြီး အရသာရှိရှိ သုံးဆောင်လို့ရပါပြီ။
ရေးသားသူ -ပင်လယ်ပြာ(ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
C thu
လွန်ခဲ့သော ၄ နှစ် ကthank
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
ဆက်စပ်မေးခွန်းများ
စပါးနီမတုပ်ရောဂါဘာဆေးအသုံးပြုရမလည်းခင်ဗျာ
UTHATNINGOO • ဖြေကြားချက် 0 ခု
ဆရာတို့ခင်ဗျာ အောက်ကပုံက အရင်နေ့ကမှိုကျလို့မေးထားတဲ့ပုံပါခင်ဗျာ ဆရာတို့ပြောသလို မှိုဆေးသုံးထားပြီးပါပြီ မြေဩဇာအနေနဲ့ ပိုတက်သုံးရမလား ဘာမြေဩဇာသုံးရပါမလဲခင်ဗျာ ဘယ်နှစ်ရက်လောက်ကြာရင်သုံးရမလဲနဲ့ တစ်ဧကကိုဘယ်လောက်နှုန်းနဲ့ သုံးရပါမလဲ ဖြေပေးပါအုံးခင်ဗျာ
U San • ဖြေကြားချက် 3 ခု
စပါးဆစ်ပိုးကိုဘယ်လိုကာကွယ်ရမလဲ နောက်ပြီးဖလံဥမြုံနဲ့ဖလံကောင်များကိုအထိရောက်ဆုံးနိမ်နင်းပေးနိုင်မဲ့ဆေးတေကိုညွန်ပေးပါအုံး
Htun Aung Zaw • ဖြေကြားချက် 1 ခု
ပုံပါ ပိုးက ဒူးရင်းပင် ပင်စည် အပြင်ခွံတွေ ကိုက်စားနေလို့ပါ ကာကွယ်နှိမ်နင်း နိုင်မည့် ဆေးညွန်းပေးပါဦးခင်ဗျ
ချိုကြီး • ဖြေကြားချက် 3 ခု
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026