စတော်ဘယ်ရီသီး အထွက်နှုန်းကျလာပြီး ဈေးကွက်ပျောက်နေသဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချ

22/04/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
ဒီနှစ် စတော်ဘယ်ရီစိုက် တောင်သူတွေ ဖေဖော်ဝါရီလပိုင်းအထိ အထွက်နည်းပြီး အရင်နှစ်တွေလို ဈေးကောင်းမရဘူး။ မတ်လပိုင်း အစမှာ ဒေသသီး ရာသီဥတု ကောင်းလာလို့ အထွက်များလာတယ်။ နယ်တွေလည်း ရောင်းအားတက်၊ ဈေးလေးလည်း ကောင်းလာမယ် ရှိသေးတယ်၊ ကိုဗစ်ကြောင့် အခုဆိုရင် အရောင်းအဝယ် ပျက်သွားပါတယ်။ တောင်သူတွေအနေနဲ့ စိုက်ခင်းထဲမှာ ခြောက်လလုံး မျှော်လင့်ချက်တွေနဲ့ အလုပ်လုပ်ခဲ့တာပါ။ အခု သုံးလပိုင်း၊လေးလပိုင်းမှာ ဈေးပြန်တက် အသီး ရောင်းကောင်းချိန်မှာပဲ ရာသီဥတု ပူလာလို့ အသီးထွက်ပြန်ကျသွားတယ်။ ဒီနှစ်တော့ ပြည်တွင်းဝယ်လက်ပါ ပျက်သွားလို့ စတော်ဘယ်ရီစိုက်ခင်းတွေ မခူးတော့ဘဲ ပစ်ထားတဲ့အထိ ရှိနေတယ်

ဟု ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာဒိုးရွာမှ စတော်ဘယ်ရီ စိုက်တောင်သူတစ်ဦးက ပြောသည်။ 

စတော်ဘယ်ရီစိုက်တောင်သူများ အနေဖြင့် အသီးထွက်ချိန် ဈေးအရ နည်းနေ၍ စိုက်ခင်းအစာကျွေးခြင်း၊ မြေဆီထည့်ခြင်း၊ ဆေးဖျန်းခြင်းမပြုလုပ်နိုင်ကြတော့ဘဲ တချို့တောင်သူများမှာ စိုက်ခင်းရေလောင်းခြင်းပင် မပြုကြတော့သလို အသီးမလှသဖြင့် အခင်းမပျက်ရုံလောက်သာ လတ်ချောသီးရအောင် ရှာဖွေခူးနေရကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန်

 ယခုသတင်းက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်