ငါးရှဥ့်ငါး (Swamp eel)

24/08/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     ငါးရှဥ့်၏ ခန္ဓာကိုယ်သည် ရှည်လျားချောမွေ့နေပြီး ကျဥ်းမြောင်းသောဦးခေါင်း၊ တိုသောမေးရိုးများ ပါရှိကြပါသည်။ ငါးရှဥ့်ကို အင်္ဂလိပ်လို Swamp eel (သို့) ricefield eel ဟုလည်း လူသိများကြပါသည်။

      ငါးရှဥ့်ကို ရုတ်တရက်ကြည့်လိုက်လျှင် ငါးနှင့်မတူဘဲ ရေမြွေတစ်မျိုးဟု ထင်ရပါသည်။ မြွေကဲ့သို့ အကြေးခွံများမပါရှိကြဘဲ သူ့ခန္ဓာကိုယ်က ထွက်သည့်အကျိအချွဲများဖြင့် ပြောင်ချောနေတတ်သည့် ငါးမျိုးစိတ်လည်းဖြစ်သည်။ တချို့မျိုးစိတ်များမှာ တွင်းတူး၍ နေလေ့ရှိကြသည်။

      ငါးရှဥ့်သည် ရေချိုငါးဖြစ်ပြီး ချောင်း၊ မြောင်း၊ အင်းအိုင်၊ စမ်းချောင်း၊ စပါးခင်းတို့တွင် နေထိုင်ကြသည်။ ငါးရှဥ့်အမမှာ ဥတစ်ကြိမ် ဥလျှင် ဥပေါင်း(၁၀၀၀)ခန့် ဥဥနိုင်ကြပြီး ငါးရှဥ့်အထီးမှာ ငါးရှဥ့်အမကိုယ်ဝန်ဆောင်ချိန်တွင် ရေမြုံအသိုက်ဆောက်ခြင်း၊ အမအား အစာရှာဖွေကျွေးမွေးခြင်းများ ပြုရသည်။ ငါးရှဥ့်အမများမှာ ကိုယ်ဝန်ဆောင်ချိန်မှစ၍ အသိုက်တွင်ကျင်းအောင်းပြီး နေလေ့ရှိကြပြီး အကောင်ပေါက်ပြီးပါက အသိုက်ကို စွန့်ခွာတတ်ကြသည်။ ငါးရှဥ့်ဥလေးများကို ငါးရှဥ့်လားမြောက်သည်အထိ ငါးရှဥ့်အထီးက ဆက်လက်စောင့်ရှောက်ရသည်။

 ငါးရှဥ့်ငါးကို -

  Phylum (မျိုးပေါင်းစု) - Chordata

 Class(အမျိုးအစား) - Actinopterygii

 Order(မျိုးစဥ်) - Synbranchidae

 Family(မျိုးရင်း) - Synbranchiformes

 Genus(မျိုးစု) - Monopterus

 Species(မျိုးစိတ်) - Monopterus albus ဟူ၍ သိရပါသည်။

     Monopterus albus ငါးရှဥ့်မျိုးစိတ်ကို မြန်မာတွင်လည်း တွေ့ရှိရပြီး ထိုငါးရှဥ့်မျိုးစိတ်များမှာ လယ်ကွင်းထဲတွင် နေထိုင်ကျက်စားသောသဖြင့် လယ်ကွင်းထဲတွင်ရှိသော စပါးဖျက်ခရုများကို ငါးရှဥ့်များက စားပစ်လိုက်ကြသောကြောင့် လယ်ကွင်းအတွင်းခရုများ ပျံ့ပွားမှုနှုန်းကို လျော့နည်းစေသည့်အပြင် ငါးများအတွက် သဘာဝအစာလည်း ဖြစ်နေသည်ကို အချို့လယ်သမားကြီးများက သတိပြုမိခဲ့ကြသည်။ ငါးရှဥ့်များကို စပါးခင်းထဲသို့ ထည့်သွင်းခြင်းအားဖြင့် စပါးဖျက်ခရုများကို လျော့နည်းစေနိုင်ပြီး စပါးကွင်းနှင့် အနီးအနားရှိ နုန်းများနှင့် နီးစေသော ဇီဝမျိုးစုံ၊ မျိုးကွဲတို့အား တန်ဖိုးမြှင့် စေမည်ဖြစ်ကြောင်းသိရသည်။

      ငါးရှဥ့်သဘာဝသည် တစ်ကောင်နှင့်တစ်ကောင်လုံးလုံးထွေးထွေး အစုလိုက်အပြုံလိုက်ရှိနေတတ်၍ အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိရန်လည်း လွယ်ကူပါသည်။ ငါးရှဥ့်များမှာ ပုံမှန်အားဖြင့် အလျား(၂ – ၃)ပေ အထိ အရှည်ရှိကြသည်။ ပင်လယ်ထဲ၌နေသော တချို့ငါးရှဥ့်ကြီးများမှာ ()ပေကျော်အထိ ရှည်လျားကြပါသည်။ ငါးရှဥ့်များမှာ လူတို့၏ အစာအဖြစ် ငါး၊ အခွံမာရေသတ္တဝါ၊ တုပ်ပြားကောင်နှင့် အခြားရေနေအကောင်လေးများကို ညဘက်တွင် ရှာဖွေစားကြသည်။

     မြန်မာနိုင်ငံတွင် တွေ့ရသော ငါးရှဥ့်မျိုးများမှာ ငါးရှဥ့်၊ ငါးရှဥ့်ပါးနီ(ပနီ)၊ ငါးရှဥ့်ပါးမဲ(ပမဲ)၊ ငါးရှဥ့်ပုန်း၊ ငါးရှဥ့်မြီးဓား၊ ငါးရှဥ့်သွေးရောင် စသဖြင့်ရှိကြပါသည်။ 

      ငါးရှဥ့်အသားမှာ အလွန်အရသာရှိလှသဖြင့် မြန်မာတို့သည် ငါးရှဥ့်ကို ကင်၍လည်းကောင်း၊ ချက်၍လည်းကောင်း စားကြသည်။ ထို့ပြင် ငါးရှဥ့်သွေးကိုလည်း သောက်ကြသည်။ ငါးရှဥ့်သည် ငါးအမျိုးအစားများတွင်မှ အခြားငါးများထက် စားရသည်မှာ လေးလေးပင်ပင်ရှိပြီး အရသာထူးခြားသည်။ ငါးရှဥ့်ပါးနီမှာ ငါးရှဥ့်ပါးမဲထက် ပို၍ စားကောင်းသည်ဟု သိရပါသည်။ ထူးခြားချက်မှာ ငါးရှဥ့်သွေးကို အရက်ထဲထည့်သောက်လျှင် အမျိုးသားများအတွက် အင်အားတိုးပွားသည်ဟု တရုတ်များက ယူဆကြသည်။

      ထိုသာမက ငါးရှဥ့်အသားသည် သည်းခြေကိုနိုင်ပြီး ဝမ်းမီးတောက်ခြင်းကို ပြု၏။ ပိုးနာကို ပျောက်ကင်းစေနိုင်သည်ဟု ဖတ်မှတ်ရဖူးပါသည်။

 လူကြိုက်များသည့် နာမည်ကြီး ငါးရှဥ့်ဟင်းလျာများမှာ-

      ငါးရှဥ့်ခြောက်စပ်၊ ငါးရှဥ့်ချဥ်စပ်၊ ငါးရှဥ့်မြေအိုး၊ ငါးရှဥ့်ပင်စိမ်းချက်၊ ငါးရှဥ့်ဖက်ကဖောင်း၊ ငါးရှဥ့်ဆူရှီ၊ ငါးရှဥ့်တန်ပူရာကြော်တို့ ဖြစ်ကြသည်။

      ငါးရှဥ့်ငါးမှာ အရသာထူးခြားလှပြီး စီးပွားရေးအရ အရေးပါသော ငါးတစ်မျိုးဖြစ်သည်။ ငါးရှဥ့်မွေးမြူရေးလည်း လုပ်ကိုင်အောင်မြင်နေကြပြီ' ဈေးကွက်ဝင်ငါးတစ်မျိုးဖြစ်ပါကြောင်းကို ငါးရှဥ့်ငါးနှင့်ပတ်သက်၍ လေ့လာထားသမျှ ရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

 ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်