ဝက်စာတွင်ပါဝင်ရမည့် အာဟာရဓာတ်များနှင့် အချိုးအစားများ အပိုင်း(၁)

16/09/2022 10:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဝက်မွေးမြူသူများအနေဖြင့် ဝက်များ၏ကြီးထွားနှုန်းနှင့် သားပေါက်နှုန်းကောင်းမွန်ရန် ၊ ကျန်းမာသန်စွမ်းစေရန် အတွက် အာဟာရဓာတ် စုံလင်စွာပါရှိသော အစားအစာများကို ကျွေးမွေးပေးရန် လိုအပ်ပါသည်။ 

ဝက်များသည် ကြီးထွားနှုန်းမြန်သည့် တိရစ္ဆာန်ဖြစ်သည့်အတွက် ၎င်းတို့၏ ကြီးထွားနှုန်းပုံမှန်ရှိစေရန် လုံလောက်သောအာဟာရပါဝင်သည့် အစားအစာများကို ကျွေးမွေးပေးရမည် ဖြစ်သည်။

ဝက်များအတွက် အဓိကလိုအပ်သော အာဟာရများမှာ -

  • (၁) အာဟာရစွမ်းအင် (Energy) အသားဓာတ်( Protein) နှင့်
  • (၂) အမိုင်နိုအက်စစ်တစ်မျိုးဖြစ်သည့် လိုင်စင်း(Lysine) အာဟာရဓာတ်များဖြစ်ပြီး

လုံလောက်စွာကျွေးမွေးရန် လိုအပ်ပါသည်။

အာဟာရစွမ်းအင်သည် ဝက်များရှင်သန်နိုင်ရန်နှင့် ကြီးထွားရန်အတွက်သာမက သားပေါက်နှုန်းကောင်းမွန်ရန်အတွက်လည်း လိုအပ်လှပေသည်။

အသားဓာတ်(Protein) နှင့် အမိုင်နိုအက်စစ်(Amino acid) 

အသားဓာတ်(Protein) သည် ဝက်များကြီးထွားမှုနှင့် အသားဖြစ်ပေါ်စေမှုအတွက် လိုအပ်ပါသည်။ အသားဓာတ်၏ အခြေခံအုတ်မြစ်များမှာ အမိုင်နိုအက်စစ်(Amino acid) ဖြစ်သည်။ ဝက်စာထဲတွင် အမိုင်နိုအက်စစ်တစ်မျိုးချင်းအလိုက်  ပါဝင်မှုနှုန်းသည် ဝက်အာဟာရအတွက် အလွန်ပင်အရေးကြီးပါသည်။

အစာခွက် 

အစားအစာသည် အရေးကြီးသကဲ့သို့ အစာခွက်လုံလောက်မှုရှိရန်မှာလည်း အရေးကြီးလှပါသည်။ အစာခွက်လုံ လောက်မှုမရှိပါက ဝက်များကြီးထွားနှုန်း မညီတော့ဘဲ အရည်အသွေးညံ့သော ဝက်များစွာ တွေ့ရမည်ဖြစ်ပါသည်။ 

၈ ပတ်သားအရွယ် ဝက် ၁ ကောင်အတွက် အစာခွက် အလျား(၁.၅)ပေ၊ အသားတိုးဝက်အတွက်(၂) ပေနှင့် ဝက်ကြီးများအတွက် (၃) ပေ စသဖြင့် ထားပေးမှသာ ဝက်များတစ်ပြိုင်နက် အစာစားနိုင်မည်ဖြစ်ပြီး ကြီးထွားနှုန်းညီမည်ဖြစ်ပါသည်။

ဝက်စာရောစပ်ခြင်း

ဝက်အစာရောစပ်ရာတွင် ဝက်များ၏ အသက်အရွယ်ကိုလိုက်ပြီး အာဟာရပါဝင်မှုအချိုးကို ထည့်သွင်းစဉ်းစားရ မည် ဖြစ်ပါသည်။ 

ဝက်များအသက်အရွယ်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်တွင်း အဆီပါဝင်မှု တိုးမြင့်လာပါသည်။ အလေးချိန် နည်းသော ဝက်ငယ်များသည် အချိန်စီးသော ဝက်ကြီးများနှင့် နှိုင်းယှဉ်ပါက အဆီပါဝင်မှုနည်းပြီး အသားပါဝင်နှုန်း ပိုပါသည်။

ထို့ကြောင့် ဝက်ငယ်များ၏အစာတွင် ခန္ဓာကိုယ်၏ အာဟာရလိုအပ်ချက်အရ အမိုင်နိုအက်စစ် ပိုမိုလိုအပ်ပါသည်။

(အပိုင်း-၂ တွင် ဝက်စာတွင်ပါဝင်ရမည့် အစာအမျိုးအမည်များနှင့် အချိုးအစားများကို ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်