လက်ဖက်လှေးပိုးနှင့် မွှားပင့်ကူများ ကာကွယ်နှိမ်နင်းနည်း
လှေးပိုးနှင့် မွှားပင့်ကူများသည် လက်ဖက်ပင်သစ်ရည်များကို စုပ်ယူခြင်းဖြင့် ဖျက်ဆီးကြသည်။
၎င်းတို့သည် နွေးထွေးစိုထိုင်းသော အခြေအနေများတွင် အများဆုံးပေါက်ဖွားကြပြီး ကောင်းစွာမပျံသန်းနိုင် သောကြောင့် လေနှင့်အတူ ပျံ့နှံ့တတ်ကြသည်။
လှေးပိုးနှင့် မွှားပင့်ကူများ ကျရောက်ဖျက်ဆီးပါက အရွက်အနားများဝါလာသည့်အပြင် အရွက်မျက်နှာပြင်မညီခြင်း၊ တွန့်ခြင်း၊ မှိန်ခြင်းတို့ ဖြစ်လာမည်။

ပုံစာ - လှေးပိုးများကျရောက်နေသောလက်ဖက်ရွက်
ကာကွယ်နှိမ်နင်းနည်းများ
- လှေးပိုးကျနေသော လက်ဖက်အရွက်တစ်ရွက်ချင်းစီကို ပင်စည်ဖြတ်ကတ်ကြေးဖြင့် ဖြတ်ပေးပါ။ ဖြတ်ပြီးပါက ပလပ်စတစ်အိတ်ထဲထည့်၍ သေချာစွန့်ပစ်ရမည်။
- လှေးပိုးကျသောကိုင်းကို တကိုင်းလုံး ဖြတ်ရမည်ဆိုပါက ကိုင်းခွဆုံနေရာမှ ကိုင်းဖြတ်သည့်ညှပ် သို့မဟုတ် လွှဖြင့် ဖြတ်ပါ။
- ပိုးကျသည့်အပင်များကို ရေဖျန်းပိုက်ဖြင့် အားပြင်းစွာ ရေဖြန်းပေးပါက ပိုးမွှားများရေမွန်းပြီး ပြုတ်ကျ သွားမည်။ ပင့်ကူကျရောက်သောအရွက်များတွင် အောက်ဘက်အခြမ်းကို အဓိကထား၍ ဖြန်းပေးရမည်။ အမြစ်ပြတ်နှိမ်နှင်းရန် သုံးရက်ဆက်တိုက်ရေဖြန်းပေးရန်လိုသည်။
- ထို့ပြင် ၂ ရာခိုင်နှုန်း ပြင်းအားရှိသည့် အင်းဆက်သတ်ဆေးဆပ်ပြာပျော်ရည်ကို ပိုးကျသည့်အပင်မှ ဆေးရည်စက်များကျသည်အထိ ဖျန်းပေးခြင်းအားဖြင့်လည်း နှိမ်နင်းနိုင်သည်။ အင်းဆက်သတ်ဆေးဆပ်ပြာကို သုံးရက်တစ်ကြိမ် နှစ်ပတ်ထိဖြန်းပေးပါက လှေးပိုးမျာကို အထိရောက်ဆုံး ထိန်းချုပ်နိုင်မည်။
- မိုက်ခရုပ်အခြေပြု Spinosad ဖျန်းဆေးကိုလည်း ဖျန်းပေးနိုင်သည်။ မနက်အစော သို့မဟုတ် နေဝင်ပြီးအချိန်တွင် ဖြန်းပေးရမည်။ အရွက်တစ်ရှူးတွင် တွယ်နေသောဥများမှ ပိုးလောက်လန်းများ မရှိတော့သည်အထိ ဖြန်းပေးရမည်။ လှေးပိုးများသည် Spinosad ဆေးကို ထိတွေ့မိပါက သို့မဟုတ် စားသုံးမိပါက သေသွားမည်ဖြစ်သည်။
(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' လက်ဖက်စိုက်ပျိုးမှုဆိုင်ရာနည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U NYUNT NGWE
လွန်ခဲ့သော ၃ နှစ် ကငရုပ်ပင်လည်းလှေးပိုးကျတာတွေ့ရပါတယ်..ဘာဆေးသုံးရမလဲခင်ဗျား
ဆက်စပ်မေးခွန်းများ
ကြွက်တေကိုက်တယ်ဗျာဘာဆေးသုံးရမလဲပြောကြပါအုန်း
naymyo • ဖြေကြားချက် 2 ခု
ဆရာတို့ခဗျာ စပါးပင်က အရွက်ဝါပြီး အဖျားခြောက်နေလို့ ပုံကို ကြည့်ပြီး မခွဲခြားတတ်လို့ပါခင်ဗျာ ဘယ်လိုဆေးမျိုးသုံးရပါမလဲခင်ဗျာ
U San • ဖြေကြားချက် 2 ခု
အိမ်စားဖို့ ကန်စွန်းရိုးတံလေးတွေ ရေစိမ် အမြစ်ဖောက်ပြီးမှ မြေဆီလွှာဖြည့်ထားတဲ့အိုးထဲစိုက်တာ။ ၈ ရက်ကြာတော့ ပုံထဲကလိုဖြစ်ပြီး တစ်အိုးလုံးနှုတ်ပစ်လိုက်ရတယ်။ဘာဖြစ်တာလဲဗျ။ အဲလိုမဖြစ်အောင် ဘယ်လိုစိုက်ရမလဲ ပြောပြပေးပါခင်ဗျ။
ကို ငယ် • ဖြေကြားချက် 2 ခု
မှိုသတ်ဆေး Copper Oxychloride. 45 % Kasugamycin. 2 % ဖျန်းထားတာ ၂ ရက်ရှိပြီ။ ပေါင်းသတ်ဆေး 2/4 D သုံးချင်လို့ ရက် ဘယ်လောက်ခြားရမလဲဗျ။
Ye Naing • ဖြေကြားချက် 3 ခု
စပါးအရွက်ခြောက်နေတယ် ဘာကြောင့်လဲ ဖြေကြားပေးပါ။ 🌾🌾🌾🌾
bominthu • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026