သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် ယူနက်စကိုသို့ အမည်စာရင်းတင်သွင်းမည်

05/03/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့အဖြစ် နှစ်သက်စွာ လိမ်းခြယ်ခဲ့ကြသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် မတ်လအတွင်း၌ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) သို့ အမည်စာရင်း တင်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးရဲမြတ်အောင် က ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် ထိတွေ့ကိုင်တွယ်၍မရသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များစွာရှိသော်လည်း ကမ္ဘာဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရခြင်း မရှိသေးသည့်အတွက် လွန်ခဲ့သည့် နှစ်တစ်ထောင် ကျော်ကာလကတည်းက ရိုးရာ ယဉ်ကျေးမှုဓလေ့အဖြစ် လိမ်းခြယ်ခဲ့ကြပြီး ယနေ့တိုင် ဆက်လက်ရှင်သန်နေသည့်အပြင် တစ်မျိုးသားလုံး၏ ယဉ်ကျေးမှုလက္ခဏာအဖြစ် ကိုယ်စားပြုကာ တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် မြန်မာ့သနပ်ခါးကို UNESCO မှ ကမ္ဘာဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည့် စံနှုန်းငါးချက်နှင့်လည်း ကိုက်ညီမှုရှိနေသဖြင့် ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် အမည်စာရင်းတင်သွင်းနိုင်ရန် ၂၀၂ဝ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင် ရွက်ခဲ့ကြောင်း သိရ သည်။ 

သနပ်ခါးကို ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် တင်သွင်းနိုင်ဖို့ မြန်မာနိုင်ငံရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းကာကွယ် မြှင့်တင်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး တစ်နိုင်ငံလုံးက သနပ်ခါးသုံးစွဲမှုစာရင်းကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန Facebook မှာ စစ်တမ်းကောက်ယူခဲ့တယ်၊ သနပ်ခါးအသင်းတွေနဲ့ ပူးပေါင်းပြီးတော့လည်း လိုအပ်တဲ့ စာရင်းတွေကို ပြုစုခဲ့တယ်၊ လက်ရှိမှာ သနပ်ခါးနဲ့ပတ်သက်တဲ့ မှတ်တမ်းဗီဒီယိုဖိုင် ရိုက်ကူးနေပါတယ်၊ ဒီဖိုင်နဲ့အတူ ယူနက်စကိုက သတ်မှတ်ထားတဲ့ စံနှုန်းငါးချက်နဲ့ကိုက်ညီတဲ့ အချက်အလက်အပြည့်အစုံကို ပုံစံစာရွက်မှာ ဖြည့်သွင်းပြီး တင်သွင်းသွားမှာ ဖြစ်ပါတယ်

ဟု ၎င်းက ပြောသည်။

သနပ်ခါးကို ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းနိုင်ရန်အတွက် သနပ်ခါးသုံးစွဲခြင်း၏ နောက်ကြောင်း ရာဇဝင်များကို စစ်တမ်းကောက်ယူမှုများပြုလုပ်ခဲ့ပြီး ယူနက်စကိုသို့ တင်ပြရန်အတွက် ဗီဒီယိုဖိုင် အချက်အလက်များလည်း လုပ်ဆောင်ပြီးဖြစ်သောကြောင့် ၂၀၂ဝ ပြည့်နှစ် မတ်လကုန်ပိုင်းတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ သနပ်ခါးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကောက်ယူပြီး ဖြစ်ပါတယ်၊ ကမ္ဘာဒြပ်မဲ့ ယဉ်ကျေးမှု စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာနေပြီလို့ ခန့်မှန်းပါတယ်၊ ပိုပြီး သေချာသွားအောင် လိုအပ်တာတွေ အားလုံးကို ပြင်ဆင်နေပါတယ်၊ သက်ဆိုင်ရာဌာနတွေနဲ့ ကျွန်တော်တို့ အသင်းတွေ ပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ ယူနက်စကိုရဲ့ သတ်မှတ်ခြင်းခံရရင် မြန်မာနိုင်ငံမှာ ပထမဆုံး ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဖြစ်လာမှာပါ

ဟု မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့သူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းနှစ်ရာကျော်တွင် ယူနက်စကိုအဖွဲ့ဝင် နိုင်ငံပေါင်းမှာ ၁၉၈ နိုင်ငံရှိပြီး ၎င်းတို့အနက် နိုင်ငံပေါင်း ၁၂၂ နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပေါင်း ၅၀၈ ခုမှာ ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် တင်သွင်းသတ်မှတ်ခြင်း ခံထားရသည့်အပြင် အိမ်နီးချင်း အာဆီယံနိုင်ငံများတွင်လည်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ၃၃ ခုကို ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ပေးထားပြီး ဖြစ်သည့်အတွက် သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံးကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

သနပ်ခါးကို ပုဂံခေတ် အေဒီ ၁၁ ရာစု ကုန်ခါနီးတွင် ကျန်းစစ်မင်း၏သားတော် ရာဇကုမာရ်မင်းသား လှူဒါန်းခဲ့သည့် ဂူပြောက်ကြီး ဘုရားတွင် သနပ်ခါးသွေးနေသည့် နံရံဆေးရေးပန်းချီများကို အစောဆုံးတွေ့ရှိခဲ့ရသည့်အတွက် အဆိုပါကာလ မတိုင်ခင် အနော်ရထာမင်းလက်ထက်ကတည်းက သနပ်ခါးကိုသုံးစွဲခဲ့သည့်ဟု သုံးသပ်၍ရကြောင်းနှင့် လက်ရှိတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် သနပ်ခါးအပါအဝင် နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနိုင်စေရန် တိုင်းဒေသကြီး ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်း ကာကွယ်မြင့်တင်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းကာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ ဦးဆောင်မှုဖြင့် စာရင်းများ ကောက်ယူနေပြီး လက်ရှိအချိန်အထိ ကောက်ယူရရှိသည့် စာရင်းများအရ မြန်မာနိုင်ငံအတွင်း၌ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပေါင်း ၂၅ဝဝ ကျော်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

Source-Ministry Of Information


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်