တောင်သူများ နည်းပညာထက် စိုက်စရိတ်နဲ့ရာသီဥတုကိုသာ ပူပန်နေရ

13/05/2020 17:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နှမ်းနက်စိုက်ပျိုးရာတွင် စိုက်ပျိုးရေးနည်းပညာထက် စိုက်စရိတ်၊ ရာသီဥတုကိုသာ ပူပန်နေရကြောင်း တောင်သူများက ပြောသည်။

နှမ်းနက်စိုက်ပျိုးရာမှာ အခက်အခဲကတော့ အစုံပေါ့။ ငွေလိုတဲ့အခါ၊ ပိုက်ဆံမရှိတဲ့အခါ ရေကလည်းတင်ရတော့မယ်၊ မြေဆီကလည်း ကြဲရတော့မယ်ဆိုရင် ပြာယာခတ်နေအောင် ငွေရှာရတာပေါ့။ စိုက်ပျိုးတဲ့အချိန် ရာသီဥတု ဖောက်ပြန်တာနဲ့ကြုံရင် နှမ်းက မလှတော့ဘူး။ အဲ့ဒိအခါ စျေးကျတာပေါ့။ မနှစ်ကဆို နှမ်းရိတ်ခါနီးမှ မိုးများလို့ အခင်း ပျက်သွားပြီး၊ နှမ်းပင်တွေ သေကုန်တယ်။ အကုန်လုံးကို ဆုံးရှုံးသွားတာမျိုး ကြုံတွေ့ရဖူးပါတယ်။

ဟု ရွှေဘိုခရိုင်မှ နှမ်းစိုက်တောင်သူ ဦးလှဝင်းအောင်က ပြောသည်။

စိုက်ပျိုးနည်းသိရှိသော်လည်း စိုက်ပျိုးချိန်တွင် ထွန်ခုံငှားခ၊ နှမ်းမျိုးဖိုး၊ အလုပ်သမားခများ မလုံလောက်ပါက တောင်သူများ အခက်ကြုံကြရခြင်း ဖြစ်သည်။

ထွန်ခုံငှားရတယ်။ နှမ်းမျိုးက တစ်ပြည်ကို ၇ဝဝဝ ကျပ် ပေးရတယ်။ အလုပ်သမားခက တစ်နေ့ ၆ဝဝဝ ကျပ် ပေးရတယ်။ ထမင်းကျွေးရတယ်။ စုစုပေါင်းစိုက်ပျိုးစရိတ် တစ်ဧကကို (၂၅ဝဝဝဝ)လောက် ကုန်ပါတယ်။

ဟု ဦးလှဝင်းအောင်က ဆက်လက် ပြောသည်။

နှမ်းမစိုက်ခင် မြေကို ထွန်ခုတ်မောင်းပြီး၊ ရေသွင်းကြသည်။ မြေပြင်ချိန်တွင် တစ်ဧကကို (၁၅) ပတ်လည် တစ်လုံးနှုန်း ကြဲပေးရသည်။ ထို့နောက် နှမ်းမျိုးကို ပက်ရသည်။ နှမ်းပက်ပြီးချိန်တွင် လက်တွန်း ထွန်ခုံနဲ့ ထွန်ခုတ်မောင်းရသည်။ (၃)ရက်အကြာမှာ ရေထပ်ပေးရသည်။ ဤသို့ဖြင် (၁၅) ရက်၊ ရက် (၂ဝ) သားတွင် ပိုးသတ်ဆေး၊ မြေဆီ တစ်ခါပေး၊ ရေတစ်ခါ ထပ်ပေးရင်း ရေတစ်ခါပေးတိုင်း မြေဆီတစ်ခါ ကျွေးပေးရကြောင်း တောင်သူများထံမှ သိရသည်။

နန်းထက်ထက်ချစ်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်