အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
"ငါးခွေးလျှာငါး (Tongue Fishes)"

"ငါးခွေးလျှာငါး (Tongue Fishes)"

        ငါးခွေးလျှာငါး ကို အင်္ဂလိပ်လို ' long tongue sole’(ခေါ်) textile tongue sole ဟုလည်း ခေါ်ကြသည်။ ထိုင်း၊ မလေးရှားကျွန်းဆွယ္်၊ ဖိလစ်ပိုင်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် ငါးခွေးလျှာငါးများကို တွေ့ရှိရပါသည်။ 

        ငါးခွေးလျှာငါးမျိုးကို 'ငါးပြားမျိုး'ဟုလည်း ခေါ်ကြသည်။ ငါးခွေးလျှာသည် များသောအားဖြင့် ရေအောက်ကြမ်းပြင်တွင် သွားလာကျက်စားတတ်သော (demersal fish)များ ဖြစ်ကြသည်။ ရေအောက်ရှိ ရွံ့နွံအရောင်နှင့် ဆင်တူသောကြောင့်ငါးခွေးလျှာကို အလွယ်တကူမြင်နိုင်ရန် ခဲယဥ်းလှသည်။ 

        ငါးခွေးလျှာငါး၏ ထူးခြားချက်မှာ ငါး၏ အရောင်သည် တစ်ချိန်နှင့် တစ်ချိန်အရောင်မတူကြဘဲ ပြောင်းလဲလျက်ရှိသ ည်။ ညိုမဲသော မြေပြင်ပေါ်တွင်မူ ညိုမဲသော အရောင်သို့ ပြောင်းလဲတတ်သော သဘောရှိသည်။ ငါးခွေးလျှာ၌ အထက်အောက်နှင့် ဘေးပတ်လည်ကို မြင်နိုင်သော မျက်စိရှိသည်။ 

        ငါးခွေးလျှာသည် မြေကြီးပေါ်၌ အပြားလိုက်နေနိုင်၍ ကိုယ်အပေါ်ဖက်ပိုင်းသာ ရွံ့နွံ၏အရောင်နှင့် တူကြသည်၊ 

        ထို့ကြောင့်လည်း ငါးခွေးလျှာအုပ်စုဝင် (Tongue Fish)များမှာ အပြားလိုက်နေထိုင်ကြသော (Flat Fish)များဖြစ်ကြပြီး ငါးခွေးလျှာဆိုသည့်အတိုင်း ' လျှာပုံသဏ္ဍာန်' နှင့် ဆင်တူကြပါသည်။ ငါးခွေးလျှာငါးများမှာ ကျောရိုးရှိ (chordata)တွင် ပါဝင်ပြီး ဆူးတောင်ရိုးပျော့ငါး (ray- finned fishes) အုပ်စုဝင်များဖြစ်ကြသည်။ ရေငန်ပိုင်းနှင့် ရေချိုရေငန်စပ်တို့တွင် ငါးခွေးလျှာငါးများကို ပိုမိုရမိတတ်ကြသည်။ 

        ကမ္ဘာတစ်ဝန်းလုံးတွင် ငါးခွေးလျှာမျိုးစေ့ပေါင်း(၆၃)ခု တွေ့ရသည်ဟု မှတ်တမ်းများအရ သိရပါသည်။ မြန်မာနိုင်ငံတွင်လည်း မျိုးစေ့သစ်(၂၁)ခုအား တွေ့ရှိထားသည်ဟု မှတ်သားရဖူးပါသည်။ 

        ငါးခွေးလျှာငါးမှာ ကိုယ်ထည်ရှည်လျားပြီး မျက်လုံးသည် သေးငယ်ပြီး လုံးဝန်းသည့် ပုံစံအနေဖြင့် တွေ့ရှိရပါသည်။ ငါးခွေးလျှာငါး၏ အကြေးခွံပမာဏသည် ကိုယ်ထည် အမျိုးအစားနှင့် နှိုင်းယှဥ်လျှင် ကြီးမားသည်ဟု ယူဆရသည်။ 

        ငါးခွေးလျှာငါး၏ ဇီဝတည်ဆောက်မှုကို လေ့လာကြည့်လျှင့် မျိုးပွားနိုင်သည့်အရွယ် (matural size)တွင် အဓိကအားဖြင့် ရွံ့နွံထူထပ်သော နေရာဖြစ်စေ၊ သဲထူသည့်နေရာတွင်ဖြစ်စေ နေထိုင်လေ့ရှိပြီး ရေတိမ်သည့် ကမ်းရိုးတန်းဒေသများတွင်လည်း နေထိုင်တတ်ကြပါသည်။ နေ့ဘက်တွင် သဲမြေနှင့်ရွံ့နွံအောက်ခြေကို တွင်းတူးနေထိုင်လေ့ရှိပြီး ညဘက်တွင် အစာရှာဖွေစားသောက်လေ့ရှိကြပါသည်။ ငါးခွေးလျှာငါးများမှာ သူတို့၏ အစာအဖြစ် benthic invertebrateဟုခေါ်သော ကျောရိုးမဲ့ ရေသတ္တဝါလေးများကို စားသုံးကြပါသည်။ ငါးခွေးလျှာငါးမှာလည်း မာကျူရီဓါတ်(ပြဒါးဓါတ်)နည်းပါးစွာ ပါဝင်သော ငါးအမျိုးအစားတွင် ပါဝင်သောကြောင့် ယေဘုယျအားဖြင့် အဆိုပါငါးများကို စားပေးခြင်းသည် ကျန်းမာရေးအတွက် ကောင်းကျိုးပြုသည်ဟု သိရပါသည်။ 

        ငါးခွေးလျှာငါးကို အခြောက်ခံ၍ ငါးခြောက်အဖြစ်၊ ဆားနယ်၍ ငါးဆားနယ်အဖြစ်သော်လည်းကောင်း ဈေးကွက်ဝင်အဖြစ်ရောင်းချကြပါသည်။ ဒေသခံများမှာ ငါးခွေးလျှာငါးကို အိုးကပ်၊ အကြွပ်ကြော်၊ ငါးသံပုရာပေါင်းပြုလုပ်စားသုံးကြပါသည်။ 

        ငါးခွေးလျှာငါး၏ အသေးစိတ်အချက်အလက် (Scientific classification) မှာ အောက်ပါအတိုင်းဖြစ်သည်။ 

မျိုးပေါင်းစု (Phylum) - Chordata

အမျိုးအစား (Class) - Actinopterygii

မျိုးစဉ် (Order) - Pleuronectiformes

မျိုးရင်း (Family) - Cynoglossidae

မျိုးစု (Genus) - Cynoglossus

မျိုးစိတ် (Species) - C. lingua တို့ဖြစ်ကြသည်။

ပင်လယ်ပြာ (ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 0 ခု

ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်

Zaw Than Oo • ဖြေကြားချက် 1 ခု

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 1 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။