"ငါးခွေးလျှာငါး (Tongue Fishes)"

08/02/2021 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

        ငါးခွေးလျှာငါး ကို အင်္ဂလိပ်လို ' long tongue sole’(ခေါ်) textile tongue sole ဟုလည်း ခေါ်ကြသည်။ ထိုင်း၊ မလေးရှားကျွန်းဆွယ္်၊ ဖိလစ်ပိုင်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် ငါးခွေးလျှာငါးများကို တွေ့ရှိရပါသည်။ 

        ငါးခွေးလျှာငါးမျိုးကို 'ငါးပြားမျိုး'ဟုလည်း ခေါ်ကြသည်။ ငါးခွေးလျှာသည် များသောအားဖြင့် ရေအောက်ကြမ်းပြင်တွင် သွားလာကျက်စားတတ်သော (demersal fish)များ ဖြစ်ကြသည်။ ရေအောက်ရှိ ရွံ့နွံအရောင်နှင့် ဆင်တူသောကြောင့်ငါးခွေးလျှာကို အလွယ်တကူမြင်နိုင်ရန် ခဲယဥ်းလှသည်။ 

        ငါးခွေးလျှာငါး၏ ထူးခြားချက်မှာ ငါး၏ အရောင်သည် တစ်ချိန်နှင့် တစ်ချိန်အရောင်မတူကြဘဲ ပြောင်းလဲလျက်ရှိသ ည်။ ညိုမဲသော မြေပြင်ပေါ်တွင်မူ ညိုမဲသော အရောင်သို့ ပြောင်းလဲတတ်သော သဘောရှိသည်။ ငါးခွေးလျှာ၌ အထက်အောက်နှင့် ဘေးပတ်လည်ကို မြင်နိုင်သော မျက်စိရှိသည်။ 

        ငါးခွေးလျှာသည် မြေကြီးပေါ်၌ အပြားလိုက်နေနိုင်၍ ကိုယ်အပေါ်ဖက်ပိုင်းသာ ရွံ့နွံ၏အရောင်နှင့် တူကြသည်၊ 

        ထို့ကြောင့်လည်း ငါးခွေးလျှာအုပ်စုဝင် (Tongue Fish)များမှာ အပြားလိုက်နေထိုင်ကြသော (Flat Fish)များဖြစ်ကြပြီး ငါးခွေးလျှာဆိုသည့်အတိုင်း ' လျှာပုံသဏ္ဍာန်' နှင့် ဆင်တူကြပါသည်။ ငါးခွေးလျှာငါးများမှာ ကျောရိုးရှိ (chordata)တွင် ပါဝင်ပြီး ဆူးတောင်ရိုးပျော့ငါး (ray- finned fishes) အုပ်စုဝင်များဖြစ်ကြသည်။ ရေငန်ပိုင်းနှင့် ရေချိုရေငန်စပ်တို့တွင် ငါးခွေးလျှာငါးများကို ပိုမိုရမိတတ်ကြသည်။ 

        ကမ္ဘာတစ်ဝန်းလုံးတွင် ငါးခွေးလျှာမျိုးစေ့ပေါင်း(၆၃)ခု တွေ့ရသည်ဟု မှတ်တမ်းများအရ သိရပါသည်။ မြန်မာနိုင်ငံတွင်လည်း မျိုးစေ့သစ်(၂၁)ခုအား တွေ့ရှိထားသည်ဟု မှတ်သားရဖူးပါသည်။ 

        ငါးခွေးလျှာငါးမှာ ကိုယ်ထည်ရှည်လျားပြီး မျက်လုံးသည် သေးငယ်ပြီး လုံးဝန်းသည့် ပုံစံအနေဖြင့် တွေ့ရှိရပါသည်။ ငါးခွေးလျှာငါး၏ အကြေးခွံပမာဏသည် ကိုယ်ထည် အမျိုးအစားနှင့် နှိုင်းယှဥ်လျှင် ကြီးမားသည်ဟု ယူဆရသည်။ 

        ငါးခွေးလျှာငါး၏ ဇီဝတည်ဆောက်မှုကို လေ့လာကြည့်လျှင့် မျိုးပွားနိုင်သည့်အရွယ် (matural size)တွင် အဓိကအားဖြင့် ရွံ့နွံထူထပ်သော နေရာဖြစ်စေ၊ သဲထူသည့်နေရာတွင်ဖြစ်စေ နေထိုင်လေ့ရှိပြီး ရေတိမ်သည့် ကမ်းရိုးတန်းဒေသများတွင်လည်း နေထိုင်တတ်ကြပါသည်။ နေ့ဘက်တွင် သဲမြေနှင့်ရွံ့နွံအောက်ခြေကို တွင်းတူးနေထိုင်လေ့ရှိပြီး ညဘက်တွင် အစာရှာဖွေစားသောက်လေ့ရှိကြပါသည်။ ငါးခွေးလျှာငါးများမှာ သူတို့၏ အစာအဖြစ် benthic invertebrateဟုခေါ်သော ကျောရိုးမဲ့ ရေသတ္တဝါလေးများကို စားသုံးကြပါသည်။ ငါးခွေးလျှာငါးမှာလည်း မာကျူရီဓါတ်(ပြဒါးဓါတ်)နည်းပါးစွာ ပါဝင်သော ငါးအမျိုးအစားတွင် ပါဝင်သောကြောင့် ယေဘုယျအားဖြင့် အဆိုပါငါးများကို စားပေးခြင်းသည် ကျန်းမာရေးအတွက် ကောင်းကျိုးပြုသည်ဟု သိရပါသည်။ 

        ငါးခွေးလျှာငါးကို အခြောက်ခံ၍ ငါးခြောက်အဖြစ်၊ ဆားနယ်၍ ငါးဆားနယ်အဖြစ်သော်လည်းကောင်း ဈေးကွက်ဝင်အဖြစ်ရောင်းချကြပါသည်။ ဒေသခံများမှာ ငါးခွေးလျှာငါးကို အိုးကပ်၊ အကြွပ်ကြော်၊ ငါးသံပုရာပေါင်းပြုလုပ်စားသုံးကြပါသည်။ 

        ငါးခွေးလျှာငါး၏ အသေးစိတ်အချက်အလက် (Scientific classification) မှာ အောက်ပါအတိုင်းဖြစ်သည်။ 

မျိုးပေါင်းစု (Phylum) - Chordata

အမျိုးအစား (Class) - Actinopterygii

မျိုးစဉ် (Order) - Pleuronectiformes

မျိုးရင်း (Family) - Cynoglossidae

မျိုးစု (Genus) - Cynoglossus

မျိုးစိတ် (Species) - C. lingua တို့ဖြစ်ကြသည်။

ပင်လယ်ပြာ (ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်