ရေကိုချွေတာ သုံးစွဲပါ။

17/01/2020 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကောင်းသောနေ့လေးဖြစ်ကြပါစေ။

ဘယ်နိုင်ငံကပဲဖြစ်နေနေ စိုက်ရေးပျိုးရေးမှာ ရေချိုကိုတော့ ထုတ်သုံးရတဲ့သူတွေချည်းပါပဲ။ မြေအောက်က ရေကို ထုတ်ယူသုံးစွဲရတယ်ဆိုရင်တော့ မြေပြိုတာမျိုး မြေတိုက်စားခံရတာမျိုး စတဲ့ပြဿနာတွေကိုပါ ကြုံနိုင်ပါသေးတယ်။ ဘယ်နေရာမဆို လွန်တာကတော့ မကောင်းဘူးပေါ့။

ရေရှိနေတယ်ဆိုတာဟာ ကိုယ့်မှာ အရင်းအမြစ်တစ်ခုကြီး ရှိနေလိုက်တာပါပဲ။ အဲ့အရင်းအမြစ်ကြီးကို ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာကိုတော့ တွေးတောပြီးတော့ လိုက်လုပ်သင့်တာ သဘာဝပါပဲနော်။

ပထမဆုံးအချက် - အော်ဂဲနစ်စိုက်ပျိုးရေးကို ဖော်ဆောင်ပါ။

နှစ် (၃၀) ကြာ အော်ဂဲနစ် စိုက်ပျိုးရေးကို အစမ်းသဘောလုပ်ဆောင်ကြည့်ကြတဲ့အခါမှာ စိုက်ထားတဲ့ပြောင်းပင်တွေက ရေမရှိတဲ့အချိန်မှာတောင် ရိုးရိုးအခင်းထက် (၃၀)ရာခိုင်နှုန်း ပိုထွက်တာကို တွေ့ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အော်ဂဲနစ်စိုက်ပျိုးရေးမှာ မြေအစိုဓာတ်ကို ထိန်းထားပေးနိုင်တဲ့ နည်းလမ်းတွေပါဝင်ပြီးတော့ သုံးလို့ရတဲ့ ရေချိုတွေကို ညစ်ညမ်းစေတဲ့ ပိုးသတ်ဆေးတွေကိုလည်း ရှောင်ရှားနိုင်တဲ့နည်းလမ်းတွေ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။

ဒုတိယအချက် - ပိုကောင်းတဲ့ ရေပေးဝေ စနစ်ကို အသုံးချပါ။

စိုက်ပျိုးရေးမှာ နာမည်ကျော်တဲ့ အစ္စရေးနိုင်ငံ- ရေမရှိပါဘူး။ ဒါပေမဲ့ အပင်တွေဖြစ်ထွန်းအောင်မြင်နေကြတဲ့ အစက်ချရေသွင်းစနစ်ကို သုံးပြီးတော့ ရေကိုချွေတာပြီးတော့ စိုက်ပျိုးခဲ့ကြပါတယ်။ အမြစ်ကို တိုက်ရိုက်ပို့ဆောင်ပေးတဲ့ ဒီစနစ်ဟာ (၈၀)ရာခိုင်နှုန်းလောက်အထိကို ချွေတာပေးနိုင်တာ ဖြစ်ပါတယ်။

တတိယအချက် - ရေငတ်ခံနိုင်တဲ့ သီးနှံတွေကို ရွေးချယ်ပါ။

ဒေသနဲ့ ကိုက်ညီတဲ့မျိုးက အကောင်းဆုံးပါပဲ။ ရေငတ်တာကိုခံနိုင်တဲ့မျိုးတွေ စိုက်ပျိုးခြင်းအားဖြင့်တော့ ရေကိုလည်းချွေတာနိုင်တဲ့အပြင် စိုက်ပျိုးရေးလုပ်ငန်းအတွက်လည်း စိတ်ချရတဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

စတုတ္ထအချက် - ရေလောင်းဖို့ အဓိကအချက်တွေကို စုဆောင်းထားပါ။

အပင်တွေမှာ ရေအဓိကလိုအပ်တဲ့အချိန်မှာ ရေပေးနိုင်ဖို့က အရေးကြီးပါတယ်။ အဲ့လိုအချိန်တွေကို သိထားခြင်းအားဖြင့်လည်း စမ်းတဝါးဝါးသွင်းနေ ပေးနေရတဲ့အဆင့်ကနေ ရေကို ချွေတာနိုင်မှာဖြစ်ပါတယ်။

ပဉ္စမအချက် - မြေသားအရည်အသွေးကို ထိန်းသိမ်းပေးပါ။

မြေသားအရည်အသွေးကောင်းတယ် ဆိုတဲ့အချက်တွေထဲမှာ ရေအစိုဓာတ်ကို ထိန်းသိမ်းနိုင်တာလည်း ပါဝင်ပါတယ်။ မြေကောင်းတစ်ခုက အစိုဓာတ်နဲ့ အောက်စီဂျင်ကို ကောင်းကောင်းထောက်ပံ့ပေးနိုင်ပါတယ်။ မြေကောင်းကောင်းရထားတယ်ဆိုရင်တော့ ရေကို အများကြီးလောင်းစရာ မလိုအပ်တော့ဘူးပေါ့။ နွားချေး၊ မြေဆွေး၊ သဘာဝမြေသြဇာတွေကို ထည့်ပေးပြီးတော့ မြေသား အရည်အသွေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။

ဆဌမအချက် - သီးလှည့်စိုက်ပါ။

သီးနှံတစ်ခုတည်းကို စိုက်ပျိုးတယ်ဆိုရင် မြေကြီးက အစိုဓာတ်စုပ်ယူမှုနဲ့ အာဟာရစုပ်ယူမှုတွေ တစ်သမှတ်တည်းဖြစ်နေတာမျိုးတွေ ကြုံရပါလိမ့်မယ်။ အဲ့လိုမဟုတ်ပဲ သီးနှံတွေကို လှည့်ပြီးတော့စိုက်ပျိုးမယ်ဆိုရင် အလှည့်ကျထုတ်သုံးသလိုဖြစ်ပြီးတော့ ပြန်လည်ဖြည့်တင်းရတာလည် လွယ်ကူပါလိမ့်မယ်။

သတ္တမအချက် - မိုးရေကို သိုလှောင်ပါ။

မိုးရေကိုလှောင်ပြီးတော့ အောင်မြင်နေကြတယ်ဆိုတာ ဥပမာ ပြရရင် မိုးကောင်းသောက်ဆည်တွေပဲပေါ့။ ရသလောက် သိုလှောင်ပြီးတော့ ပြန်သုံးတာကလည်း မြေအောက်ရေကို ထုတ်ယူရတာကို လျှော့ချနိုင်ပြီးတော့ ရေအရင်းအမြစ်ကို ထိန်းသိမ်းရာရောက်ပါတယ်။

စိုက်ပျိုးရေးမှာ ရေဆိုတာကလည်း တကယ့်ကို အရေးကြီးတဲ့ သွင်းအားစုတစ်ခုဖြစ်ပါတယ်။ အဲ့လိုသွင်းအားစု ရှိတဲ့ ရေအရင်းအမြစ်ကို ထိန်းသိမ်းမယ်။ ချွေတာမယ် ဆိုရင်တော့ နောင်လာနောက်သားတွေအတွက် သုံးလို့ရဦးမယ် လို့ ယုံကြည်ပါတယ်။ တောင်သူဦးကြီးများ စီးပွားအထွက်တိုး နိုင်ကြပါစေ။

ထွန်းဝင်းကျော်

References-https://www.sigfox.com/en/news/8-tips-agricultural-water-conservation

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်