သစ်သီးပင်များအတွက် ရေသွင်းရေပေးဝေရေးနည်းစနစ်များ

08/12/2017 22:29 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

         သစ်သီးပင်အများစု၏ ဖြစ်ထွန်းအောင်မြင်မှုသည် အပင်၏ ကြီးထွားမှုနှင့် အသီးများဖွံ့ဖြိုးမှုကာလအတွင်း ရေရရှိမှုပေါ် များစွာတည်မှီနေပါသည်။ ရေရရှိမှုသည် စိုက်ပျိုးမြေ၊ ရာသီဥတုအခြေအနေ၊ အမြစ်၏ ပျံ့နှံ့ဖွဲ့စည်းမှု စသည့် အကြောင်းအချက်များဖြင့် သက်ဆိုင်နေသည်။ သဲဆန်သောမြေများသည် မြေစီးများတွင် မကြာခဏ ရေပေးသွင်းမှုသည် သစ်သီးပင်အများစု၏ အမြစ်အဖွဲ့အစည်းနှင့် ပင်စည် ထိခိုက်ပျက်စီးစေနိုင်သည်။ သစ်သီးပင်များအား ရေပေးသွင်းခြင်းနှင့် ကာလရက်ခြားသည် သစ်သီးပင်၏ သက်တမ်း၊ မြေအမျိုးအစားနှင့် ရာသီဥတုအပေါ် မူတည်သည်။ သို့သော်လည်း ရေပေးသွင်းရမည့် ကာလရက်ခြားသည် သစ်သီးပင်များ အစိုဓာတ် မရရှိမှုဒဏ်နှင့် အပင်ကြီးထွားဖွံ့ဖြိုးမှု တန့်သွားအောင်အထိ မရှည် ကြာသင့်ပေ။ ဥပမာ၊ သရက်ကဲ့သို့ သစ်သီးခြံများအတွက်ဆိုလျှင် အသီးစတင်သော အချိန်နှင့် အသီးကြီးထွားနေသော ကာလအတွင်း ၁၀-၁၅ ရက်ခြားတစ်ကြိမ် ရေပေးသွင်းရန် လိုအပ်သည်။ ၎င်းမှ အသီးကြွေကျမှုကိုလည်း လျော့နည်းသက်သာစေသည်။ ထို့ကြောင့် အသီးများကြီးထွားဖွံ့ဖြိုးစဉ်နှင့် ရင့်မှည့်ချိန်အတွင်း ပုံမှန် ရေပေးသွင်းမှုသည် အသီးကြီးထွားဖွံ့ဖြိုးမှုသာမက အသီး၏ အရည်အသွေးကိုလည်း ကောင်းမွန်စေပါသည်။ အမြစ်၏ ကြီးထွားဖွံ့ဖြိုးမှုအောက်၌ မြေကျစ်လွှာ (ကျောက်ဖျာ) များခံနေသော အချို့သစ်သီးခြံများရှိ သစ်သီးပင်များသည် အပင်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုများ နှေးကွေးနေမည်ဖြစ်သည်။ ထို့သို့သော သစ်သီးခြံများအတွက် အရည်အသွေးကောင်းနှင့် အထွက်နှုန်းကောင်း သစ်သီးများရရှိရန် မကြာခဏ ရေပေးသွင်းမှု လိုအပ်ပါသည်။ ငှက်ပျောပင်သည် ၂ ပတ်ခန့် ရေပြတ်လျှင် အပင်အတွက် ဆိုးကျိုးရှိစေနိုင်သော်လည်း ရှောက်သံပရာ၊ လိမေ္မာ်မျိုးရင်းဝင် အပင်များအတွက်မူ ၂ လခန့် ခြောက်သွေ့ ရေပြတ်မှုဒဏ်ကို ခံနိုင်သည်။

        သစ်သီးပင်များအား ရေပေးသွင်းရာတွင် Basin နည်းစနစ်၊ Ring နည်းစနစ်၊ Furrow နည်းစနစ်၊ Flood နည်းစနစ်၊ Drip နည်းစနစ်၊ Sprinkler နည်းစနစ် စသည်ဖြင့် အသုံးပြုလေ့ရှိကြပါသည်။ နည်းစနစ်တစ်ခုသည် နေရာတစ်ခုတွင် သင့်တော်နိုင်သော်လည်း အခြားတစ်နေရာတွင် သင့်တော်ချင်မှ သင့်တော်ပေလိမ့်မည်။ နည်းစနစ်တိုင်းတွင် အားနည်းချက်၊ အားသာချက်များရှိပါသည်။ ထို့ကြောင့် မိမိစိုက်ပျိုးမည့်သစ်သီးခြံအတွက် သင့်တော်မှန်ကန်သော နည်းစနစ်ကိုရွေးချယ် အသုံးပြုရန် လွန်စွာမှ အရေးကြီးပါသည်။

Basin နည်းစနစ်

       ဤစနစ်တွင် သေးငယ်သော ရေခွက်ကျင်းများအား သစ်သီးပင်များ ပင်ခြေတွင် ပြုလုပ်ရသည်။ ၎င်းရေခွက်ကျင်း တစ်ခုနှင့် တစ်ခုကို ရေသွင်းမြောင်းအဖြောင့်ဖြင့် ဆက်သွယ်ထားသည်။ သွင်းရေများသည် ရေသွင်းမြောင်းတစ်လျှောက် အပင်ခြေများကို တိုက်ရိုက်ထိကာ စီးဆင်းသွားသည်။

       ၏ဤနည်းစနစ်တွင် အပင်တစ်ပင်နှင့် တစ်ပင်ထိခိုက်မှုများ ရှိနိုင်သည်။ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများသည် ရေစီးကြောင်းနှင့်အတူ မျှောပါသွားပြီး ရေသွင်းမြောင်း၏ အဆုံးတွင် သွားရောက် စုနေနိုင်သည်။ အကယ်၍ အပင်တစ်ပင်တွင် ရောဂါရှိနေပါက အခြားတစ်ပင်ကို အလွယ်တကူ ကူးစက်သွားနိုင်သည်။ ထို့အပြင် အမြစ်များအားလုံးကို ထိထိရောက်ရောက် ရေမရရှိနိုင်ပေ။ ထို့ကြောင့် ဤနည်းစနစ်အား အားနည်းချက်ရှိသော နည်းတစ်နည်းအဖြစ် ယူဆလျှင် ရနိုင်သည်။

Modified Basin နည်းစနစ်

        ဤနည်းစနစ်သည် ရေခွက်ကျင်းများအား လေးထောင့်ပုံသဏ္ဌာန်ပြောင်း၍ အရွယ်အစားကြီးကြီး လုပ်ထားသည်မှ လွဲ၍ အထက်ဖော်ပြပါ Basinနည်းစနစ်အတိုင်းပင် ဖြစ်ပါသည်။ ဤစနစ်အားလည်း ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးဆောင်ရွက်ရန် မသင့်တော်ပေ။

Ring နည်းစနစ်

         ဤစနစ်တွင် ရေသွင်းမြောင်းအား သစ်သီးပင်တန်းနှစ်ခု၏ ကြားတွင် ပြုလုပ်ထားသည်။ ရေခွက်ကျင်းများသည် သေး၍ အဝိုင်းပုံသဏ္ဌာန်ပင် ဖြစ်ပါသည်။ ရေခွက်ကျင်းတစ်ခုစီကို မြောင်းခွဲများဖြင့် ဆက်သွယ်ပေးထားသည်။ ဤစနစ်၏ အားနည်းချက်မှာ ရေခွက်ကျင်းအရွယ်အစားများ သေးငယ်သောကြောင့် သစ်သီးပင်များအတွက် လုံလောက်သော ရေပမာဏကို မရနိုင်ခြင်းဖြစ်သည်။

Modified Ring နည်းစနစ်

       ဤနည်းစနစ်သည် ရေခွက်ကျင်းအရွယ်အစား ကြီးလာသည်မျှလွဲ၍ Ring နည်းစနစ်နှင့် ထပ်တူထပ်မျှ အတူတူ ပင်ဖြစ်သည်။ ရေခွက်ကျင်းများကို အပင်၏ မွန်းတည့်ရိပ်အဝန်းဝိုင်း (Canopy) အထိ ပြုလုပ်ထားသောကြောင့် သစ်သီးပင်၏ အမြစ်များ လိုအပ်သောရေပမာဏကို ပေးဝေနိုင်သည်။ ကောင်းသောနည်းစနစ် တစ်ခုဖြစ်သည်။

Furrow နည်းစနစ်

       ဤနည်းစနစ်တွင် ရေမြောင်းများအား သစ်သီးပင်အတန်းတစ်လျှောက် တစ်ဖက်တစ်ချက်စီတွင် ကြောင်းများ ၂-၃ ကြောင်းပေးကာ ပြုလုပ်သည်။ သစ်သီးပင်များအား ဘေးတိုက်ဖြင့် ရေပေးသွင်းခြင်းဖြစ်သည်။ ဤစနစ်သည် ရေ၏ စီးဆင်းမှုနှုန်းကိုနှေးနှေးဖြင့် ထိန်းချုပ်၍ရသော နေရာများတွင် သင့်တော်နိုင်သည်။ ဤစနစ်သည် ကောင်းသော်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် မသင့်တော်နိုင်ပေ။

Flood နည်းစနစ်

      ရေလွှမ်း၍ ပေးသွင်းသော ဤနည်းစနစ်ကို ရေဖောဖောသီသီရရှိသော သစ်သီးခြံများအတွက် အသုံးပြုနိုင်သည်။ သစ်သီးခြံတစ်ခုလုံး စိုစွက်သွားသဖြင့် သစ်သီးပင်များ၏ ရေလိုအပ်မှုကို အဆင်ပြေစေပြီး အမြစ်ဖွဲ့စည်းပုံကျယ်သော သစ်သီးပင်များအတွက် ဤနည်းသည် အသင့်တော်ဆုံးဖြစ်သည်။

Drip နည်းစနစ်

      ဤနည်းစနစ်သည် ရေရရှိမှုပမာဏများများစားစား မရရှိသောနေရာများနှင့် ရရှိသောရေကို ပို၍ ချင့်ချင့်ချိန်ချိန် အသုံးပြုလိုသောနေရာများရှိ သစ်သီးခြံများအတွက် အသုံးပြုသည်။ ရေပိုက်များဖြင့် ဆက်သွယ်၍ အပင်တစ်ပင်ချင်းစီကို အစက်ချ၍ ပေးဝေသောနည်းဖြစ်သည်။ သစ်သီးပင်၏ သက်တမ်းနှင့် ရေလိုအပ်မှု ပေါ်မူတည်ပြီး ပိုက်အနည်းအများအသုံးပြုသည်။ သစ်သီးပင်၏ လိုအပ်သော ရေပမာဏကို တွက်ချက်၍ ပေးဝေနိုင်သည်။ ဤစနစ်၏ အားသာချက်မှာ အပင်ကြီးထွားမှုနှုန်းမြန်ခြင်း၊ ရေသက်သာခြင်း၊ ပေါင်းသက်သာခြင်း၊ အလုပ်သမားသက်သာခြင်း၊ အပင်အတွက် လိုအပ်သော အာဟာရများကို သွင်းရေနှင့်အတူ တပါးတည်းကျွေးနိုင်ခြင်းနှင့် အသီး၏ အထွက်နှုန်းနှင့် အရည်အသွေးကို တိုးစေနိုင်ခြင်း တို့ဖြစ်ပါသည်။ အားနည်းချက်အနေဖြင့် ကနဦးပြင်ဆင်ကုန်ကျစရိတ်ကြီးမားခြင်းသာ ဖြစ်ပါသည်။

Sprinkler နည်းစနစ်

        ဤနည်းစနစ်သည် Drip နည်းစနစ်နှင့် ဆင်တူသည်။ ရေကို အကျိုးရှိရှိနဲ့ အပင်များအတွက် ညီညီညာညာ ပေးဝေနိုင်သည်။ ဤနည်းစနစ်၏ အားသားချက်မှာ တောင်စောင်းများတွင် စိုက်ပျိုးထားသော သစ်သီးခြံများနှင့် မြေမညီညာသောသစ်သီးခြံများတွင် အသုံးပြုရန် ပို၍သင့်တော်သည်။ အားနည်းချက်မှာ Drip နည်းစနစ်ကဲ့သို့ ကနဦးပြင်ဆင်ကုန်ကျစရိတ် ကြီးမားခြင်းပင်ဖြစ်သည်။

 

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

11-8-2015 (2:30 PM)

(ရေးထားခဲ့တာတော့ကြာပါပြီ။ အိန္ဒိယကရေးထားတဲ့ စာတမ်းတစ်ခုကို ဖတ်ပြီး ကိုးကားရေးခဲ့တာကိုတော့ မှတ်မိနေပါတယ်။ အခုအဲဒီအကြောင်းအရာကို ပြန်ရှာတာ မတွေ့တော့လို့ “ကျမ်းကိုး”မဖော်ပြနိုင်တာကို စာဖတ်သူများအား တောင်းပန်ပါတယ်။)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်