ကြက်သွန်နီကို အကျိုးရှိရှိ အသုံးချနိုင်မယ့် နည်းလမ်းကောင်းများ
ဟင်းချက်စားတဲ့အခါပဲဖြစ်ဖြစ်၊ အသုပ် သုပ်စားတဲ့အခါပဲဖြစ်ဖြစ်၊ အချဉ်ရည် ဆော့စ် ပြုလုပ်တဲ့အခါမှာပဲဖြစ်ဖြစ် မရှိမဖြစ်အရေးကြီးတဲ့အရာကတော့ ကြက်သွန်နီပဲ ဖြစ်ပါတယ်။ ကြက်သွန်နီမှာ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ဈေး သက်သက်သာသာနဲ့ အလွယ်တကူဝယ်ယူနိုင်တဲ့ အစားအစာဖြစ်တဲ့အတွက်ကြောင့် စူပါအစားအစာလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ထိုစူပါအစားအစာကို ဟင်းချက်ရာတွင်သာမက မီးဖိုချောင်သန့်ရှင်းရေးပြုလုပ်တဲ့အခါပဲဖြစ်ဖြစ်၊ အနံ့အသက်ဆိုးများ ဖယ်ရှားချင်တဲ့အခါပဲဖြစ်ဖြစ် နည်းလမ်းပေါင်းစုံနဲ့ အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။
ကြက်သွန်နီကို အသုံးပြုပြီး အကင်မီးဖိုကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပါ

ဓာတုနည်းနဲ့ ထုတ်လုပ်ထားတဲ့ ဆပ်ပြာတွေကို အသုံးပြုမယ့်အစား ကြက်သွန်နီတစ်ခြမ်းကို အသုံးပြုနိုင်ပါတယ်။
အရင်ဦးဆုံး ကြက်သွန်နီကို ထက်ခြမ်း ခြမ်းပါ။ အကင်မီးဖိုကို အပူရှိန်ပြင်းပြင်း ပေးပြီးနောက်မှာတော့ ကြက်သွန်နီဖြင့် မီးဖိုကို ပွတ်တိုက်ပေးလိုက်ပါ။ ကြက်သွန်နီရဲ့အရည်ဓာတ်က သင့်ရဲ့အကင်မီးဖိုကို သန့်ရှင်းစင်ကြယ်စေတဲ့အပြင် အကင် ထပ်ကင်တဲ့အခါမှာလည်း အနံ့မွှေးမွှေးလေး သင်းပျံ့နေပါလိမ့်မယ်။
အနံ့အသက်ဆိုးများကို ဖယ်ရှားပေးခြင်း
အနံ့အသက်ဆိုးများကို ကြက်သွန်နီကို စုပ်ယူပေးနိုင်တဲ့ ဂုဏ်သတ္တိများ ပိုင်ဆိုင်ထားပါတယ်။ ခြေဆီထွက်လို့ ဖိနပ်တွေက နံ့နေတဲ့အခါ ဖိနပ်စင် (သို့) ဖိနပ်ဘီဒိုထဲမှာ ထက်ခြမ်း ခြမ်းထားသော ကြက်သွန်နီ ထည့်ထားလိုက်ပါ။ ကြက်သွန်နီရဲ့အနံ့ ပျောက်သွားတဲ့အခါ အနံ့အသက်ဆိုးလည်း တစ်ခါတည်း ပျောက်သွားပါလိမ့်မယ်။
ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ရင်ပူခြင်းတို့ ခံစားနေရပါက ကြက်သွန်နီ အသုံးပြုပါ
ကြက်သွန်နီထဲမှာ Quercetin လို့ခေါ်တဲ့ ဓာတုဓာတ်တစ်မျိုး ပါရှိပြီး ထိုဓာတုဓာတ်က ရောင်ရမ်းမှုကို လျော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်လက်မအီမသာဖြစ်ပြီး နာမကျန်းဖြစ်တဲ့အခါ ကြက်သွန်နီများများ စားသုံးပေးနိုင်ပါတယ်။ စွပ်ပြုတ် ပြုတ်သောက်တဲ့အခါ ကြက်သွန်နီ များများ ထည့်ပြုတ်ပေးလိုက်ပါ။ ဒါ့အပြင် ကြက်သွန်နီက နားကိုက်ခြင်း၊ အရေပြား ယားယံခြင်းတို့ကိုပါ သက်သာပျောက်ကင်းစေပါတယ်။
ကြက်သွန်ကွင်း အသုံးပြုပြီး ကြက်ဥကြော်ပါ

ကြက်ဥ Half-Fried ကြော်တဲ့အခါ အနားသတ်များကို ဝိုင်းဝိုင်းတိတိလေး ဖြစ်ချင်တယ်ဆိုရင်တော့ ကြက်သွန်ကွင်းအသုံးပြုပြီး ကြော်ပေးလိုက်ပါ။
ထောပတ်သီး ကြာရှည်ခံဖို့အတွက် ကြက်သွန်နီအသုံးပြုပါ

လှီးဖြတ်ပြီးသား ထောပတ်သီးက လေနဲ့ထိတွေ့တဲ့အခါ ဓာတ်တိုးမှုကြောင့် အပုပ်မြန်တတ်ပါတယ်။ ဒါ့ကြောင့် ထောပတ်သီး တစ်ခြမ်းပဲ အသုံးပြုပြီး ကျန်တစ်ခြမ်းကို တာရှည်ခံစေချင်တယ်ဆိုရင်တော့ ကြက်သွန်နီနဲ့အတူတူ သိမ်းထားပေးလိုက်ပါ။ ကြက်သွန်နီက ထုတ်လွှတ်တဲ့ ဆာလဖာဓာတ်ငွေ့က ဓာတ်တိုးမှုဖြစ်စဉ်ကို ရပ်တန့်သွားစေပြီး ထောပတ်သီး ပုပ်မသွားအောင် ကူညီပေးပါတယ်။
MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Mg Pyae Sone Kyaw
လွန်ခဲ့သော ၃ နှစ် ကအဆုတ် ကောင်းစေလားဗျ
မောင်ဖုန်းမြင့်အောင်
လွန်ခဲ့သော ၆ နှစ် ကအရမ်းကောငိးတယ်ဗျာ ကြက်သွန်နီ အစိမ်းလိုက်စားများရင်ကောင်းပါသလား
ဦးထိန်ဝင်းထွန်း
လွန်ခဲ့သော ၆ နှစ် ကကျေးဇူးပါ
U Khin Sein
လွန်ခဲ့သော ၆ နှစ် ကအသိပညာ တိုးပွားပါသည်
ရဲထက်
လွန်ခဲ့သော ၆ နှစ် ကေက်းဇူးတင္ပါသည္
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ
Aung Myo Oo • ဖြေကြားချက် 0 ခု
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 0 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား
Sawsamson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....