“ငါးသင်ဝါ (Yellow Croaker)”

18/01/2021 11:45 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

       ငါးသင်ဝါငါးသည် ငါးပုတ်သင် (ခေါ်) ငါးပျက်အုပ်စုဝင် (Sciaenid fish) များ ဖြစ်ကြသည်။ ငါးပုတ်သင် (ခေါ်) ငါးပျက်အုပ်စုဝင်ငါးများသည် အရိုးမာငါး (Bony fish) များဖြစ်ကြပြီး ကမ်းရိုးတန်းရေပြင်၊ ပင်လယ်အော်၊ မြစ်ဝနှင့် ကမ်းဦးရေတိမ်ပိုင်တို့တွင်လည်း နေထိုင်လေ့ရှိကြသည်။

       ငါးသင်ဝါငါးအပါအဝင် Sciaenid fish များ၏ ထူးခြားမှုမှာ ငါးစီဖောင်း (swimbladder (or) fishmaw) မှ တစ်ဆင့် ကြွက်သားကိုအသုံးပြုကာ အသံထုတ်လုပ်ပေးလေ့ရှိကြပါသည်။ ထို့ကြောင့် ငါးပုတ်သင်/ငါးပျက် အုပ်စုဝင် ငါးများကို “croakers or drums” ဟု တင်စားခေါ်ဝေါ်ကြပါသည်။ ၎င်းအပြင် “meagres or weak fishes” ငါးများဟူ၍လည်း အမည်တွင် ပြန်ပါသေးသည်။

       ငါးပုတ်သင်/ငါးပျက်အုပ်စုတွင် ငါးသင်ဝါ၊ ငါးသင်ဖြူ၊ နတ်ကတော်ငါး၊ ငါးခေါင်းပွငါး စသည်တို့ ပါဝင်ကြပါသည်။ ငါးသင်ဝါဆိုသည့်အတိုင်း ငါးအရောင်မှာ အဝါရောင်သန်းနေပြီး အကြေးခွံပါးလွှာကြသည်။ ဦးခေါင်း လုံးသယောင်ရှိသည်။

       ငါးသင်ဝါငါးမှာ ရေအောက်ကြမ်းပြင်နေ ငါး (demersal fish) များဖြစ်ကြပြီး ရေချိုရေငန်စပ်၊ ရေငန်ပိုင်းတွင် အများဆုံးတွေ့ရပြီး ကမ်းရိုးတန်းရေပြင်၊ ကမ်းခြေအနီးမှာလည်း တွေ့ရတတ်သည်။ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမပင်လယ်ကွေ့တို့တွင် ငါးပုတ်သင် (ခေါ်) ငါးပျက်အုပ်စုဝင် ငါးများကို ပိုမို တွေ့ရတတ်သည်။ အသားစား(carnivorous) များဖြစ်ကြပြီး ငါးငယ်နှင့် ကျောရိုးမဲ့ ရေသတ္တဝါတို့ကို သူတို့၏ အစာအဖြစ် စားလေ့ရှိကြသည်။

        ငါးသင်ဝါအပါအဝင် ငါးပုတ်သင်(ခေါ်) ငါးပျက်များမှာ ငါးစီဖောင်းပါရှိကြပါသည်။ ၎င်းတို့၏ ငါးစီဖောင်း ပုံသဏ္ဍာန်မှာ မုန်လာဥပုံ (carrot shaped) နှင့် တူပုံစံ (hammer shaped) တို့ရှိကြသည်။ ငါးသင်ဝါစီဖောင်းခြောက်များလည်း စျေးကောင်းပြီး စီးပွားရေးအရ အရေးပါလှပါသည်။

      ငါးသင်ဝါအပါအဝင် ငါးပုတ်သင်မျိုးစိတ်၏ ဦးခေါင်းတစ်ဖက်တစ်ချက်တွင် အဖြူရောင်ကျောက်လေးတစ်လုံးစီ ပါရှိတတ်ကြသည်။ ထိုကျောက်ကို ထုတ်ယူပြီး ဆီးကျောက်တည်ရောဂါရှိသူများ သံပုရာရည်နှင့်စိမ်ထားပြီး သောက်ပေးပါက ကျောက်များပျော်ကျနိုင်သည်ဟု သိရသည်။

      ငါးသင်ဝါငါးကို ငါးစိုရော၊ ငါးခြောက်ပါ စျေးတွင် အလွယ်တကူဝယ်ယူရရှိနိုင်ပြီး မြန်မာနိုင်ငံတွင် စားသုံးမှုများသော ငါးများတွင် ပါဝင်ပါသည်။ ငါးစိုထက် ငါးခြောက်မှာ ပိုမိုအရသာရှိပြီး အရသာပေါ့သဖြင့် သွေးတိုးသမားများ စားသုံးရန်သင့်သည်။ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ (၄) လ တွင် ငါးသင်ဝါငါးကို အများဆုံး ဖမ်းယူရရှိကြပါသည်။

      အကြောအဆစ်ရောင်ရောဂါရှိသူများ၊ လေးဘက်နာရောဂါရှိသူများလည်း စားသုံးနိုင်သော ငါးတစ်မျိုးဖြစ်သည်။ အကြောတက်ခြင်း၊ သွေးတက်ခြင်းတို့ မဖြစ်စေသောကြောင့် စားသုံးသင့်သော ငါးတစ်မျိုးဖြစ်ပါသည်။

       ဒေသခံများမှာ ငါးသင်ဝါငါးကို ကြော်ချက်၊ အကြွပ်ကြော်၊ ဆီပြန်ဟင်းချက်စားကြပြီး ငါးအစိုသာမက ငါးခြောက်ကိုလည်း လူကြိုက်များပြီး ငါးစီဖောင်းမှာလည်း စျေးကောင်းလှပါသည်။ ငါးသင်ဝါငါး၏ အသေးစိတ် ဖော်ပြချက် (Specification) မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မျိုးပေါင်းစု (Phylum) - Chordata

အမျိုးအစား (Class) - Actinopterygii

မျိုးစဉ် (Order) - Perciformes

မျိုးရင်း (Family) - Sciaenidae

မျိုးစု (Genus) – Chrysochir

မျိုးစိတ် (Species) –C. aureus ဟူ၍ ဖြစ်ကြပါသည်။ 

ပင်လယ်ပြာ (ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်