တောဆီးနွယ် ခေါ် ဘောင်ဘဲ့ဇီးသီးကို စားဖူးပြီလား

20/01/2022 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘောင်ဘဲ့ ဇီးသီးလေးတွေက ပုံမှန်ဇီးသီးတွေနဲ့မတူတာက အသီးမှည့်ရင် အနက်ရောင် ပြောင်းသွားတာပါ၊ အသီးအနက်လေးတွေသီးနေရင် ရိုးရိုးဇီးသီး Ziziphus mauritiana (Ziziphus jujuba L) မဟုတ်တာသေချာပါတယ်။ ဒီအပင်လေးတွေကို တောဆီးနွယ်ခေါ်ကြတယ်၊ အညာကတော့ ဒီအပင်ကို ဘောင်မဲ့ ခေါ်ကြတယ်၊ အပင်က ဆူးပါသော ခြုံပင်ကြီးတွေဖြစ်ရုံမက ချိတ်နွယ်ပင် hook-climbers လည်းဖြစ်တယ်၊ အကိုင်းငယ်တွေက zig-zag ထွက်ကြတယ်၊ ရွက်စွယ်တွေက ဆူးအဖြစ်ထူးကဲနေကြတယ် တစ်ခုက အဖြောင့် တစ်ခုကအကောက်ပုံစံပါ၊ ဆူးတွေက အရွက်စားသတ္တဝါတွေရန်ကကာကွယ်ဖို့ဖြစ်သလို ချိတ်ကောက်သဏ္ဍန်ဆူးတွေကတော့ အပင်တွက်တက်ဖို့ အသုံးဝင်တယ်၊

တောဇီးရွက်တွေက ဘဲဥပုံဖြစ်ပြီး လှံသွားလိုအဖျားရှူးနေတယ်၊ စိုက်ပျိုးဇီးပင်တွေက ဝိုင်းသောပုံစံရှိတာမို့ အလွယ်တကူ ခွဲခြားနိုင်တယ်၊ သိသာတဲ့အချက်ကတော့ အရွက်အရင်းဖက်ဟာ မညီဘဲ ရွဲ့နေတာပါဘဲ၊ အစေ့တစ်စေ့သာ ပါလေ့ရှိတယ်၊ ရင့်မှည့်ရင်အနက်ရောင်ပြောင်းတတ်ပါတယ်၊ 

ဆေးဝင်သောအပင်

အပင်က တောနေလူတန်းစားတွေအတွက် ထင်းရနိုင်တယ်၊ အခေါက်ကနေ တယ်နင် ရနိုင်တယ်၊ မြန်မာပြည်မှာ အခေါက်ကို ပြင်းထန်စွာချောင်းဆိုးခြင်းကုသရာမှာ သုံးသလို ၊ ဝမ်းကိုက်ရောဂါကုသရာမှာလည်းသုံးကြတယ်၊ ဒါ့ပြင် သားအိမ်ရောင်ရမ်းခြင်းကိုလည်းကုသနိုင်တယ်၊ အိန္ဒိယအာယုဗေဒဆေးပညာမှာလည်း ဒီအပင်ရဲ့ အမြစ်က အသုံးဝင်ကြောင်း ဖော်ပြထားတယ်။

ဘောင်မဲ့ အသီးမှည့်လေးတွေတွေ့ရင် ခူးစားကြည့်ပါ ..ချဉ်ဖြုံးဖြုံး ချိုချိုနဲ့ ဗီတာမင် စီအပြည့်ပါသော သဘာဝ အော်ဂဲနစ်စစ်စစ်လေးဖြစ်ပါတယ်...

ကိုသက်နိုင်ဦး

ဟုမ္မလင်း

 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်