ရေထိန်းဆေး

08/12/2017 22:29 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

        နှစ်ရှည်ပင်တွေဖြစ်တဲ့ သရက် ထောပတ် ရော်ဘာ စတဲ့ နှစ်ရှည်ခံ အပင်တွေ စိုက်ပျိုးရာမှာ ဧကကျယ်ခြံတွေမှာ အသုံးပြုနိုင်ရန် ရည်ရွယ်ပါတယ်။ ဧက ကျယ်ကျယ်ခြံတွေမှာ အပင်တွေ ရှင်သန်ဖို့ ရေပေးရာမှာ အလွန် အခက်အခဲ ရှိပါတယ်။ မိုးရွာမှ အပင်ရေရတတ်ပြီး ကျန်တဲ့ နွေနဲ့ ဆောင်းမှာ အပင်တွေ အစိုဓာတ်လိုအပ်ချိန်မှာ ခြံသမားတွေအတွက် အရမ်းခက်ခဲတတ်ပါတယ်။ မြစ်ဘေး၊ ချောင်းဘေးခြံက လွဲပြီး တခြား ရေအခက်အခဲရှိတဲ့ ခြံတွေမှာ ကုန်ကျစရိတ်ကအစ ကြီးမားတတ်ပါသေးတယ်။ ရေအစိုပမာဏ လုံလောက်မှုမရှိလို့ သေကြေပျက်စီးတတ်တဲ့ စိုက်ခင်းတွေလည်း အများအပြားပါ။

        ဒီအတွက် ကျနော် သိသလောက် ရေထိန်းနည်း အစိုဓာတ် ဖမ်းနည်းလေးတွေ ပြောပြချင်ပါတယ်။ အညာဒေသတွေမှာ စိုက်ခင်းအတွင်း အစိုဓာတ်ကို ဖမ်းဖို့အတွက် ညီညာတဲ့ ကွင်းပြင် ဖြစ်ရပါမယ်။ မိုးရေ ညီညီညာညာ ကျရောက်ပြီးနောက် အပေါ်ယံ အစိုဓာတ် ကျဆင်းသွားချိန် အထက်အောက် ထွန်တိုက် ထယ်လှန်ပြီး အစိုဓာတ်ဖမ်းပါတယ်။

        နောက်တနည်းက မိုးကုန်ခါနီး ကာလ နောက်ဆုံးမိုး မလာခင် ပေါင်းမြက်များကို ဖြတ်ပြီး အပင်ခြေ ဖုံးအုပ်ပြီး အစိုဓာတ် ထိန်းနိုင်ပါတယ်။ နည်းလမ်းကတော့ အသွယ်သွယ်ရှိမှာပါ။

        ကျနော် နောက်ဆုံးပြောချင်တဲ့ နည်းလမ်းက ကျောက်ကျောမှုန့်ကနေ စပါမယ်။ ကျောက်ကျောမှုန့် ၂၅၀ ဂရမ် တထုပ်ကို ရေနွေး ပွက်ပွက်ဆူ ၅လီတာတွင်ဖျော်ရန် လိုပါတယ်။ အဲဒီဖျော်ရည်မှာ ရေညှိပြား (ဂျပန် ထမင်းလိပ် လုပ်ရာမှာသုံးတဲ့ ရေညှိပြား) တထုပ်ကို အပိုင်းအသေးလေးများဖြစ်အောင် ပိုင်းဖြတ်ပြီး ရောဖျော်နိုင်ပါတယ်။ အဲဒီ ကျောက်ကျောတုံး တကီလိုကို ရေနွေးနဲ့ ပြန်ဖျော်ပြီး ရေ တဂါလံမှာ ပျော်ဝင်အောင် ပြုလုပ်ကာ အပင်ခြေမှာ လောင်းပေးခြင်းဖြင့် ရေအစိုဓာတ် တလကျော်အထိ ထိန်းနိုင်ပါလိမ့်မယ်။ တပင်ကို ကျောက်ကျောရည် တလီတာခန့် လောင်းထည့်ပြီး အပင်ရေဝအောင် သွင်းပေးပြီး အစိုဓာတ် ထိန်းပေးပါလိမ့်မယ်။ ကျောက်ကျောနဲ့ ရေငြိ အပိုင်းအစများဟာလည်း ကြာရင်ဆွေးမြေ့ပြီး ပျောက်ပျက်ကာ မြေဆွေး ဖြစ်သွားပါလိမ့်မယ်။ ရာသီ သီးနှံတွေ အတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။

 

ခန့်ဇော်ထက်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်