စွန့်စားခန်းနဲ့ မရေရာမှုတွေ
ကြီးကြီးကျယ်ကျယ်လို့တော့ မထင်ပါနဲ့ လူတိုင်းလူတိုင်းမှာ ဘယ်အရွယ်ပဲဖြစ်ဖြစ် သူတို့စွန့်စားခန်းတွေ ရှိကိုရှိကြတယ်။ စွန့်စားခန်းလေးတွေပေါ့။ တစ်ဦးတစ်ယောက်ချင်းစီမှာတောင်ရှိနေခဲ့တာမျိုးကနေ လုပ်ငန်းကြီးတစ်ခုလုပ်မယ်ဆိုရင် ရှိသလား မရှိသလားက မေးစရာကိုမှ မလိုအပ်တော့တာ...
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို စီးပွားရေးလုပ်ငန်းကြီး တစ်ခုအနေနဲ့ လုပ်ဆောင်နေကြတဲ့ တောင်သူလယ်သမား လုပ်ငန်းရှင်ကြီးများအနေနဲ့ ဘာတွေ ကြုံတွေ့နိုင်သလဲဆိုတာကို စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်အနေနဲ့ သုံးသပ်ဆင်ခြင်ကြည့်ကြရအောင်ပါ။
မသေချာမှု မရေရာမှုတွေ
မရေရာတာကိုတောင် ရေရေရာရာခွဲမယ်ဆိုရင် (၅)မျိုးတောင်ရှိပါတယ်တဲ့။
(၁) စီးပွားရေးအရ မသေချာမရေရာမှု
ဒါက စိုက်ပျိုးရေးလောကမှာ ဖြစ်တတ်တဲ့အကြီးဆုံး မရေရာမှုပါ။ စပါးဈေးဆိုပြီး တစ်သမတ်တည်း မှတ်ထားလို့မရပါဘူး။ ပေါ်တဲ့အချိန်မှာတောင် ပြောင်းလဲနေပြီး မသေချာတာမျိုးပါ။ စီးပွားရေးအရ သေချာမှုရှိလား မရှိဘူးလားဆိုရင်တော့ တောင်သူလုပ်ငန်းရှင်တွေ အကုန်သိပါတယ်။
(၂) ဇီဝဆိုင်ရာ မရေရာ မသေချာမှုတွေ
ဖြစ်နေကျ ဖြစ်တတ်တဲ့ အရာတွေပါပဲ။ ရေကြီးလို့ အပင်တွေ ရေမြုပ်သွားတာ။ မုန်တိုင်းဝင်သွားတာ၊ ရိတ်ချိန်မှာ မိုးရွာသွားတာမျိုး စတဲ့ဖြစ်ရပ်တွေက အားလုံးလိုလိုကြုံဖူးကြတဲ့ ဖြစ်စဉ်တွေပါနော်။ အပင်တွေမှာ ရောဂါကျတာမျိုးကလည်း ဒီလိုမသေချာမှုတွေထဲမှာ ပါဝင်ပါတယ်။ တိုက်ရိုက်ကြုံတွေရတဲ့ အရာတွေအပြင်ကိုမှ မိုးရွာတာများပြီး စိုထိုင်းထိုင်းဖြစ်နေလို့ အပင်တွေမှာ ရောဂါကျသွားတာလိုမျိုး သွယ်ဝိုက်သောနည်းအားဖြင့် ထိခိုက်တဲ့ မရေရာမှုတွေလည်း ပါဝင်ပါတယ်။ အဲ့လို မရေရာမှုတွေကိုလည်း ကြောက်ရပါတယ်။
(၃) နည်းပညာရပ်ဆိုင်ရာ မသေချာမှုတွေ
စိုက်ရေးပျိုးရေး မွေးမြူရေးနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်အသစ်တွေ နည်းပညာအသစ်တွေနဲ ထုတ်ကုန်အသစ်တွေဆိုရင် အများကြီး အများကြီးထွက်တယ်။ တီထွင်လာကြတယ်။ အဲ့လို နည်းလမ်းသစ်တွေက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကြတဲ့ လုပ်ငန်းရှင်တွေအတွက် တကယ်ကောင်းတာလည်းဖြစ်နိုင်တယ်၊ မကောင်းတာလည်း ဖြစ်နိုင်တယ်။ အကုန်လုံးထဲမှာ(၁၀၀) ရာခိုင်နှုန်း အကုန်လုံးနဲ့ သင့်တော်တယ်ဆိုတာ လုံးဝမရှိတာ သေချာတယ်ဆိုတော့ မရေရာမှုတွေကလည်း ရှိနေတုန်းဆိုတာ ပြောဖို့မလို။
(၄) အဖွဲ့အစည်းဆိုင်ရာ မသေချာမှုတွေ
တစ်ဦးတစ်ယောက်ချင်းစီ လုပ်ကိုင်နေကြတဲ့ စိုက်ပျိုးစီးပွားလုပ်ငန်းရှင်တွေအတွက်ကတော့ အဖွဲ့အစည်းတစ်ခုဖြစ်ဖို့နဲ့ အဖွဲ့အစည်းတွေဆီက အကူအညီရဖို့ဆိုတာ မရေရာတဲ့ သေချာမှုကြီးပါပဲ။ ချေးငွေအတွက်လား။ အာမခံအတွက်လား။ စုစည်းရောင်းချဖို့အတွက် လိုအပ်တာလား၊ စတဲ့အချက်တွေကလည်း ခုထိ စိုက်ပျိုးကြတဲ့ လုပ်ငန်းရှင်တွေကြားမှာ မရေရာမှုအဖြစ် ရှိနေဆဲပါ။
(၅) နောက်ဆုံးတစ်ချက်ကတော့ ပုဂ္ဂလိကဆိုင်ရာ မသေချာမှုတွေပါတဲ့
အမြဲတမ်း အလုပ်သမားတွေ မရနိုင်တာလိုမျိုး၊ အိမ်တွင်းရေးမှာ ကံမကောင်းမှုတွေ ရှိတာလိုမျိုး၊ ပညာရည်မပြည့်ဝတာမျိုး၊ စီမံခန့်ခွဲမှု မနိုင်တာလိုမျိုး စတဲ့တစ်ကိုယ်ရေဆိုင်ရာ မရေရာမှုတွေဖြစ်ပါတယ်။
အဲ့လို မရေရာမှုတွေ ရှိတယ်ဆိုရင်တော့ ပြန်ပြင်ဆင်ဖို့ လိုအပ်ပါတယ်၊ ပြင်ဆင်လို့မရဘူးဆိုရင်တောင် ဘယ်လောက်အထိ သေချာအောင်လုပ်မလဲဆိုတဲ့ စီမံချက်တွေလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။
ကဲ အခုပဲ လုပ်ငန်းတစ်ခုလုံးကို ချုံငုံပြီးသုံးသပ်ကြည့်ပါ။ ဘာတွေမှာ အားနည်းချက်တွေ ရှိမလဲ။ မရေရာတာတွေ ရှိမလဲဆိုတာကို ပြန်ကြည့်ပြီးတော့ ဆင်ခြင်ကြပါဦးစို့နော်။ နောက်တစ်ခေါက်မှာတော့ အဲ့လိုမရေရာမှုတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို တင်ဆက်ပေးမှာမို့ စောင့်ကြည့်ပေးပါဦး။
ထွန်းဝင်းကျော်
Reference
‘Production Economics and Farm Management’, Virender Kumar Professor (Agricultural Economics) Department of Agricultural Economics, Extension Education & Rural Sociology, COA, CSKHPAU, Palampur-176 062 (HP), India
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
15ရက်သားပါမှိုဆေးနှင့်ဂျာပေါင်းသတ်ဆေးဘာအရင်ဖြန်းသင့်လဲး
ဝင်းဇော် • ဖြေကြားချက် 1 ခု
ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl )မက်တယ်လက်စီ ကိုအခြားမည်သည့်ဆေးနဲ့မှ မရောစပ်ဘဲ တစ်မျိုးထဲ အသုံးပြုမယ်ဆိုရင် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ကုသနိုင်စွမ်းရှိမရှိသိချင်ပါတယ်ဗျာ။ နားလည်သိကျွမ်းတဲ့ ဆရာကြီးများ ကျေးဇူးပြုပြီး ကျနော့ကိုပြောပြပေးကြပါဗျာ ။
Kyaw Soe Naing • ဖြေကြားချက် 2 ခု
မြေပဲမစိုက်ခင် ဂျစ်ပဆင်ကိုဘယ်အချိန်ထည့်ရတာလည်းရှင့် မြေပဲစိုက်ပြီးမှထည့်ရင်အစိုဓာတ်မလုံလောက်မှာစိုးလို့ပါရှင့် ကျွန်မတို့ဒေသမှာမြေပဲကိုရေသွင်းလေ့မရှိလို့ပါ
Hnin Nu Wai • ဖြေကြားချက် 2 ခု
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 4 ခု
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026