ဂျင်းတွေရမယ် ဂျင်းတွေရမယ်

10/09/2019 19:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   Genetically Modified Organism - GMO ဆိုတာ ဂျင်န်း (Gene) ဆိုတဲ့ မျိုးရိုးဗီဇကို ကိုယ်လိုချင်တဲ့အတိုင်းဖြစ်အောင်လို့ ပြောင်းလဲထားတဲ့ သက်ရှိတွေ အားလုံးကို ဆိုလိုပါတယ်။ ဘယ်လိုတွေပြောင်းထားတာလဲဆိုတော့ မျိုးရိုးဗီဇနည်းပညာနဲ့ ဓာတ်ခွဲခန်းတွေထဲမှာ အသေအချာ အကျအနကို မျိုးစပ်ဖော်ထုတ်ထားတာဖြစ်ပါတယ်။ အဲလို မျိုးရိုးဗီဇပြောင်းလဲထားတဲ့ သက်ရှိတွေမှာ အပင်တွေ၊ တိရိစ္ဆာန်တွေ၊ အင်ဇိုင်းတွေပါပါတယ်။ 

မျိုးရိုးဗီဇပြုပြင်ထားတဲ့ သက်ရှိတွေ ကို ဘာကြောင့်လုပ်ချင်ရတာလဲ။

(၁) ဖျက်ပိုးတွေခံနိုင်ရည်ရှိဖို့

   ရည်ရွယ်ချက်ကတော့ ကောင်းလိုက်တာ။ BT Cotton လို့ နာမည်ကြီးသွားတဲ့မျိုးဆို Bacillus thuringiensis ဆိုတဲ့ အကျိုးပြုဘက်တီးရီးယားကို မျိုးဗီဇထဲမှာ တစ်ခါတည်းထည့်ထားပေးလိုက်တာဖြစ်ပါတယ်။ အဲ့လိုထည့်ထားပေးတာကြောင့် သူတို့ဝါပင်မှာကျရောက်ဖျက်ဆီးတဲ့ သီးလုံးဖောက်ပိုးကို အပင်ကိုစားတာနဲ့ သူတို့ကို အဆိပ်ပြန်သင့်စေပါတယ်။ အဲ့တော့ အပင်တွေမှာ ပိုးတွေမကျနိုင်တော့ဘူးပေါ့။

(၂) ဗိုင်းရပ်စ်ပိုးတွေကို ခံနိုင်ရည်ရှိဖို့

   စီးပွားဖြစ်စိုက်ကြပျိုးကြတဲ့အခါ ကြိုမသိရပဲ အချိန်နှောင်းမှ သိလာရတဲ့ ရောဂါတွေက ဗိုင်းရပ်စ်ကြောင့်ဖြစ်လာတဲ့ ရောဂါတွေပါပဲ။ ဟာဝိုင်အီတက္ကသိုလ်ကနေ ထုတ်လုပ်ထားတဲ့ သင်္ဘောမျိုးမှာဆိုရင် ပျပိုးကနေဝင်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါကို ကာကွယ်နိုင်ဖို့အတွက် မျိုးဗီဇကို ပြောင်းလဲထားပါတယ်။ သူတို့ကတော့ သူတို့မျိုးကို သက်တန့်လို့ နာမည်ပေးထားတာပါ။

(၃) ပေါင်းသတ်ဆေးတွေကို ခံနိုင်ရည်ရှိဖို့

   ဥပမာပေးရရင် ပဲပုပ်။ သူတို့ကဆိုရင် ပေါင်းသတ်ဆေးကို လုံးဝမခံနိုင်ဘူး။ ပေါင်းနဲ့ယှဉ်ပြိုင်မယ်ဆိုတော့လည်း သူတို့က မနိုင်ဘူးဆိုတော့ ခုလို ရွေးချယ်ပေါင်းသတ်ဆေးတွေကလည်း မရှိဆိုတော့ သူတို့က မျိုးဗီဇကို ပေါင်းသတ်ဆေးတွေ ခံနိုင်တဲ့မျိုးဖြစ်အောင် ပြောင်းလဲပေးလိုက်တာဆိုတော့ ပေါင်းသတ်ဆေး ဖျန်းလိုက်တယ်။ ကိုယ်စိုက်ထားတဲ့အပင်လေးတွေက ကျန်ခဲ့တယ်ဆိုတော့ အဆင်ပြေတာပေါ့။

(၄) ရွှေစပါးတွေကို ဥပမာကြည့်ကြတာပေါ့။ 

   ဘီတာကယ်ရိုတင်းကို သဘာဝနည်းနဲ့ ထုတ်လုပ်ပေးနိုင်တဲ့ မျိုးဗီဇကို ထည့်ပေးလိုက်တယ်။ အဲ့စပါးမှာ ဗီတာမင်-အေ ပါသွားရော။ ကမ္ဘာတစ်ဝှမ်းမှာ ဗီတာမင်အေချို့တဲ့နေတဲ့ နေရာဒေသတွေမှာ ဆေးအစားထိုးအနေနဲ့ လုပ်ပေးလိုက်နိုင်တာကလည်း ကောင်းကျိုးတစ်ချက်ပေါ့။ 

(၅) အလှအပရေးရာ

   အမေရိကန်နဲ့ ကနေဒါမှာ အလှအပနောက်လိုက်ပြီးတော့ ပန်းသီးစားရင် လှမယ်ဆိုတာမျိုး လုပ်လိုက်ကြပါသေးတယ်။

(၆) ကြီးထွားမှု မြန်စေဖို့

   ဒါတွေကတော့ အကောင်တွေအတွက်ပိုများပါတယ်။ ဆော်မွန်ငါးမျိုးတစ်ချို့မှာ အဲ့လို မျိုးဗီဇကို ပြောင်းလဲထားလိုက်တာကြောင့် အကြီးမြန်ပြီး စားနပ်ရိက္ခာဖူလုံစေပါတယ်။ 

   သိကြတဲ့အတိုင်း အစတုန်းကတော့ ကောင်းဖို့ထွင်ကြတာပဲ။ နောက်ကျတော့မှ ဘာတွေဆက်ဖြစ်လာလဲဆိုတာကို လေ့လာကြည့်ဦးစို့ရဲ့။

ထွန်းဝင်းကျော်

References; Center for ecogenetics & environmental health


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်