ငါးတွေရဲ့သွားများကိုလေ့လာခြင်း

10/01/2020 17:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 

ငါးတွေသဘာဝကိုလေ့လာချင်ရင် ငါးတွေရဲ့သွားတည်ဆောက်မူကိုလည်း လေ့လာနိုင်ပါတယ်။ ငါး‌‌တွေရဲ့သွားတည်ဆောက်မူသည် နှစ်ပေါင်းများစွာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သည်ထိ မပြောင်းလဲတဲ့ထင်ရှားစွာလေ့လာနိုင်တာရယ်၊ အစာစားသုံးမူပုံစံအမျိုးမျိုးရှိတဲ့အတွက် အရေးကြီးပါတယ်။

ဥပမာအသားစားငါးကို အလှမွေးနူးညံ့တဲ့ငါးနဲ့ တွဲမမွေးသင့်ပါဘူး။ ဒါ့ပြင် ငါး‌တွေရဲ့ သွားတည်ဆောက်မူကို လေ့လာထားရင်ဘယ်လိုအစာမျိုးဟာ သင့်တော်တယ်ဆိုတာသိပြီး မွေးပါက ငါးကြီးထွားနှုန်းများမှာ အ‌ထောက်အကူဖြစ်ပါတယ်။ သွားတွေကိုလေ့လာရင် မြက်စားငါး၊ အသားစားငါး၊ အစုံစားငါးအနေနဲ့ လေ့လာနိုင်ပါတယ်။ လေ့လာတဲ့အခါမှာလည်း ပါးစပ်ကနေ နှစ်ခြမ်းခြမ်းပြီးလေ့လာနိုင်ပါတယ်။

သွားတွေသည်ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သည်အထိ ခိုင်မာတဲ့အထောက်အထားဖြစ်သဖြင့် မျိုးစေ့ခွဲတဲ့အခါ ၎င်းresearcherအတွက် အရေးကြီးပြီး တန်ဖိုးမဖြတ်နိုင်တဲ့ တိကျတဲ့အဖြေကို ရရှိနိုင်ပါတယ်။ ငါးတွေရဲ့အစာစားသုံးနိုင်တဲ့ပုံစံကိုသိရတော့ မွေးတဲ့အခါ ကြီးထွားနှုန်း မြန်မြန်တိုးတက်စေတယ်။ အသားစား၊ အစုံစား၊ အသီးအရွက်စားဆိုပြီး အဆင့်အတန်းခွဲခြားမွေးမြူတော့ အသေအပျောက်မရှိတဲ့ အကျိုးသက်ရောက်မူလက်တွေ့ရရှိပါတယ်။

ငါးသွားတွေ တွေ့နိုင်တဲ့နေရာကတော့ မေးရိုးနေရာခံတွင်း အပေါ်အောက်လျှာလည်ပင်းထိပ်ပိုင်း အပေါ်အောက်ပါသွားအမျိုးအစားမှာ cannieနဲ့ villiform လိုအရမ်းချွန်တဲ့ ပုံစံပါရင် အသားကိုအရမ်းကိုက်ဖြတ်နိုင်လို့ အခြားငါးတွေနဲ့ မရောထွေးပဲ သီးသန့်မွေးပါလို့ ငါးမွေးသူတွေကို သတိပေးချင်ပါတယ်။ မွေးမြူတဲ့အခါ အရေးကြီးတဲ့ အသားစားငါးရဲ့ သွားတည်ဆောက်မူကိုကြည့်ရင် စီပြီးလှတဲ့ cardiform နဲ့ minutecariform ပုံစံရယ်၊ ထိုးဖောက်နိုင်တဲ့ cannine ရယ်၊ ပိုမိုချွန်ထက်တဲ့ villiform ရယ်၊ ကြိတ်ဝါးနိုင်တဲ့ molariform ရယ် စတဲ့အမျိုးအစားတွေ တွေ့နိုင်ပါတယ်။ ဒီသွားအမျိုးအစားတွေက ဆုပ်ကိုင်ဖို့၊ ထိုးဖောက်ဖို့၊ ကြိတ်ဝါးဖို့ လုပ်ဆောင်ပြီး ဒီသွားအမျိုးအစားပါတဲ့ငါးတွေ့ပြီဆို မွေးတဲ့အခါ သတိထားကြပါလို့ အကြံပြုအပ်ပါတယ်။

Source- AQUADAPT Myanmar


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်