ရေရှည်တည်မြဲသော စိုက်ပျိုးရေး (၂)

07/04/2020 17:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရေရှည်တည်မြဲသောစိုက်ပျိုးရေး၏ ရည်ရွယ်ချက်များ

    • ရနိုင်တဲ့ သယံဇာတတွေကို အကောင်းဆုံးအသုံးပြုစေရန်

    • အသစ်တစ်ဖန်ပြန်မရနိုင်တဲ့ သယံဇာတတွေကို အနည်းဆုံးအသုံးပြုရန်

    • လယ်ယာလုပ်သားတွေ၊ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေနဲ့ လူမှုအသိုင်းအဝိုင်းတို့ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို ကာကွယ်ရန်

    • ပတ်ဝန်းကျင်နဲ့ သဘာဝသယံဇတွေကို ကာကွယ်ပြီး တိုးတက်အောင်လုပ်ရန်

    • စိုက်ပျိုးရေးလုပ်ဆောင်ချက်တွေရဲ့ စီးပွားရေးအလားအလာကို ကာကွယ်ရန်

    • တောင်သူတွေ စိုက်ပျိုးရေးကို ဆက်လက်ထုတ်လုပ်နိုင်စေဖို့ လုံလောက်တဲ့ ငွေးကြေးဆုလာဘ်ကိုပေးရန်နဲ့  လူမှုအဖွဲ့အစည်းက လူသားတွေကို လှူဒါန်းရန်

    • အရည်အသွေးမြင့်မားပြီး ဘေးကင်းတဲ့ စားနပ်ရိက္ခာ အလုံအလောက်ထုတ်လုပ်ပေးရန်

    • ဒေသတွင်းအခြေအနေတွေ၊  စွမ်းရည်တွေနဲ့ လိုက်လျောညီထွေရှိတဲ့ရနိုင်တဲ့ နည်းပညာ၊ ဗဟုသုတနဲ့ ကျွမ်းကျင်မှုများကို တည်ဆောက်ရန်

ရေရှည်တည်မြဲသော စိုက်ပျိုးရေးရဲ့ အခြေခံပါဝင်သောအရာများ

    • စိုက်ပျိုးရေးနဲ့ လူမှုအသိုက်အဝန်း စီးပွားရေးအတွက် ရေရှည်တည်မြဲတဲ့စိုက်ပျိုးရေးရဲ့ အကျိုးကျေးဇူးတွေကို ကောင်းမွန်စွာအခြေကျပြီးဖြစ်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လေးခုနဲ့အခြေခံထားပြီး ပဥ္စမကတော့ လူမှုရေးရာကိစ္စအတွက် ဖြစ်ပါတယ်။

    • သွင်းအားစုကို မျှတအောင်ပြုလုပ်ခြင်း − ရေရှည်တည်မြဲတဲ့ စိုက်ပျိုးထုတ်လုပ်ရေး အလေ့အထတွေဟာ စိုက်ခင်းသယံဇာတတွေကို အများဆုံးဖြစ်စေပါတယ်။ မိသားစုလုပ်အား၊ ခိုင်မာတဲ့စားကျက်စနစ်များ၊ ပြန်လည်အသုံးပြုနိုင်တဲ့ နိုက်ထရိုဂျင်ဓါတ်၊ ပဲမျိုးစုံ နိုက်ထရိုဂျင်၊ သီးလှည့်စိုက်ပျိုးခြင်း၊ အသစ်တစ်ဖန် ပြန်လည်အသုံးပြုနိုင်တဲ့ နေရောင်ခြည်သုံးစွမ်းအင်အသုံးပြုမှု၊ ဖျက်ပိုးများ၊ မြေကြီးနဲ့ သစ်တောမြေများကို တိုးတက်အောင် စီမံခန့်ခွဲခြင်းတို့လို စိုက်ခင်းတွင်းကလာတဲ့ သွင်းအားစုတွေဟာ အစားထိုးနိုင်တဲ့ သယံဇာတများထဲက ဥပမာ အနည်းငယ်ဖြစ်ပါတယ်။ ဒီအစားထိုးမှုတွေဟာ အထွက်နှုန်းကိုထိန်းသိမ်းရင်း  အသားတင်စိုက်ပျိုးရေးဝင်ငွေတိုးလာကြောင်း လေ့လာမှုများက သက်သေပြပြီးဖြစ်ပါတယ်။ ဒီဝင်ငွေတွေဟာ ဒေသတွင်းလက်လီအရောင်းကို တိုးတက်စေခြင်းဖြင့် အကျိုးကျေးဇူးဖြစ်စေကာ ပိုမိုတောင့်တင်းတဲ့ အမြတ်ခွန်အခြေခံကို ဖြည့်ဆည်းပေးပါတယ်။  

    • အမျိုးအစားများပြားစေခြင်း − မြေဆီသြဇာထက်သန်တဲ့ မြေကြီးကို ဖွံ့ဖြိုးစေဖို့နဲ့ ဝယ်ယူရတဲ့သွင်းအားစုတွေကို လျှော့ချဖို့ ရေရှည်တည်မြဲတဲ့စိုက်ပျိုးရေးဟာ အမျိုးအစားများပြားတဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းနဲ့ တိရစ္ဆာန်မွေးမြူရေးစနစ်များကို ဦးစားပေးလုပ်ဆောင်ပါတယ်။ အမျိုးအစားများပြားစေခြင်းဟာ ရာသီဥတု၊ ဖျက်ပိုးများနဲ့ အတက်အကျများတဲ့ စိုက်ပျိုးရေးဈေးကွက်ကြောင့်ဖြစ်တဲ့ စီးပွားရေးအန္တရာယ် လျော့ပါးစေခြင်းဖြင့် ပိုမိုတည်ငြိမ်တဲ့ စိုက်ပျိုးရေးဝင်ငွေကို ဖြစ်စေပါတယ်။ ဒီလိုလုပ်တာဟာ လယ်သမားတွေကို လယ်ယာမြေပေါ်မှာ ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ပစ္စည်း/လုပ်ငန်း တစ်ခုတည်းက အပြင်းအထန်ကျဆင်းမှုမှ ဒေသတွင်းစီးပွားရေးကို ခံနိုင်ရည်ရှိအောင်လုပ်ရာမှာ အကူအညီရစေပါတယ်။

    • သဘာ၀အရင်းအမြစ်ကို ထိန်းသိမ်းထားခြင် − ၄င်းဟာ အရင်းအမြစ် ရပိုင်ခွင့်တွေကို တန်ဖိုးလျော့ကျစေဖို့ စံစာရင်းရှင်းတမ်းအလေ့အထဖြစ်သည်။ ၄င်းဟာ သယံဇာတတွေကို မထိန်းသိမ်းတဲ့ စိုက်ပျိုးရေးနည်းလမ်းတွေနဲ့ ကုန်ခမ်းသွားတဲ့ သဘာဝအရင်းအမြစ်ကို တန်ဖိုးလျော့ကျစေတဲ့ လယ်သမားတွေအတွက် စံအလေ့အထေ မဖြစ်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဆုံးရှုံးမှုက အမှန်တကယ်ဖြစ်ပြီး နောက်ဆုံးမှာ အထွက်နှုန်း၊ စိုက်ခင်း အကျိုးအမြတ်ရနိုင်စွမ်းနဲ့ ရေရှည်တည်မြဲနိုင်စွမ်းတို့ကို ထိခိုက်စေပါတယ်။ ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးမှာ စီးပွားရေးတန်ဖိုးကို မြေနဲ့ ရေသယံဇာတများရဲ့ထုတ်လုပ်နိုင်စွမ်းကို ထိန်းသိမ်းထားရင်း လူ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို တိုးမြင့်စေရပါမယ်။ 

    • တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်ခြင်း − စိုက်ပျိုးထားတဲ့သီးနှံတွေနဲ့ ထုတ်ကုန်များကို စျေးကွက်ပို့ခြင်းဟာ အခုအချိန်ထိတော့ “စိုက်ခင်းမှ ထမင်းစားပွဲ” စားနပ်ရိက္ခာစနစ်မှာ လယ်သမားတွေနဲ့ အားအနည်းဆုံးချိတ်ဆက်မှုဖြစ်ပါတယ်။ အမှန်တကယ် ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးကို ဖန်တီးပြီး ထိန်းသိမ်းထားဖို့ လယ်သမားတွေဟာ စိုက်ခင်းမှာ တန်ဖိုးမြှင့်ထုတ်ကုန်တန်ဖိုးကို ပိုမိုမြင့်မားအောင်လုပ်ရပါမယ်။ လယ်သမား တစ်ယောက်ချင်းစီက သူတို့ရဲ့ ကိုယ်ပိုင်ထုတ်ကုန်တွေကို ဒီဇိုင်းဆွဲနိုင်၊ ပြုပြင်စီရင်နိုင်ပြီး တိုက်ရိုက်စျေးကွက်ကို ပို့ဆောင်နေတုန်းမှာ များစွာသော အခြားတန်ဖိုးမြှင့်နည်းဗျူဟာများကို လယ်သမားက ငွေကြေးအားဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်တာထက် သယံဇာတများ ပိုလိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီတန်ဖိုးမြှင့် နည်းဗျူဟာတွေဟာ ဒေသတွင်းလယ်သမားတွေရဲ့ ကွန်ယက်ဖွဲ့စည်းခြင်းနဲ့ ဒေသတွင်းအသိုက်အဝန်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ခြင်း လိုအပ်ပါတယ်။

    • လူမှုအသိုင်းအဝန်း − ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးမှာ ပါဝင်တဲ့အရာများဟာ လူမှုအသိုင်းအဝိုင်းအားလုံးအတွက် တစ်ခုချင်း ဖယ်ထုတ်လို့မရတဲ့ အရာတွေဖြစ်ပါတယ်။ ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးကို ကျွန်ုပ်တို့ ထောက်ပံ့ရမယ်ဆိုရင် ကျေးလက်/မြို့ပြ အပြန်အလှန်ကူးလူးဆက်နွယ်မှု၊ ပဋိပက္ခနဲ့ အံ့သြဖွယ် အခွင့်အလမ်းများကို သိရှိနားလည်ထားရပါမယ်။ ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးစနစ်ရဲ့ ကောင်းကျိုးတွေမှာ အကျိုးအမြတ်ရနိုင်စွမ်း၊ စားနပ်ရိက္ခာဖူလုံရေး၊ စားနပ်ရိက္ခာဘေးကင်းရေး၊ ရေပြန်လည်ဖြည့်တင်းဖို့အတွက် ဟင်းလင်းပြင်နေရာ၊ တောတောင်ရေမြေသဘာဝနဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အထောက်အကူပြု လူမှုရေးနဲ့ စီးပွားရေးအသိုင်းအဝန်း အခြေခံအဆောက်အအုံတွေကို အာမခံနိုင်ရပါမယ်။ များသောအားဖြင့် ကျွန်ုပ်တို့ရဲ့ မြို့ပြလူမှုအသိုင်းအဝန်းတွေကို အတွေးအခေါ်အားဖြင့်သာမက အပြန်အလှန်နားလည်မှု အထူးသဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရေးတစ်ခုလုံးနဲ့  ဖြန့်ချိရေးစနစ်တို့ကနေ သီးသန့် ခွဲခြားထားပါတယ်။ စိုက်ပျိုးရေးအခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဟာ ကျွန်ုပ်တို့ရဲ့ လူမှုအသိုင်းအဝန်းကို တည်ငြိမ်စေရာမှာ အရေးပါပါတယ်။ အဲလိုမှမဟုတ်ရင်တော့ ကျွန်ုပ်တို့ရဲ့ ကျေးလက် အဆောက်အအုံနဲ့ လူနေမှုအဆင့်အတန်းကို ဆက်လက်အားနည်းစေပါတယ်။ အခြားစကားနဲ့ ပြောရမယ်ဆိုရင် ကျေးလက်နဲ့ မြို့ပြလူမှုအသိုင်းအဝန်း အသက်ရှင်ဖို့ရန်အလို့ငှာ ကျွန်ုပ်တို့ရဲ့ နီးကပ်စွာနေကြသူများကောင်းကျိုးအတွက် ဂရုစိုက်တဲ့အသိနဲ့ ချိန်ညှိလုပ်ဆောင်ရပါမယ်။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်