ဖျက်ပိုးများကာကွယ်နှိန်နင်းရာ၌ တောင်သူများကို အကျိုးပြုသော ပိုးမွှားများ

16/08/2019 21:30 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

   အင်းဆက်ပိုးကောင်များနှင့် ပင့်ကူများသည် စိုက်ခင်းထဲရှိ သီးနှံဖျက်ပိုးများကို ဖမ်းဆီးခြင်း၊ သတ်စားခြင်းဖြင့် တောင်သူများကို အကျိုးပြုကူညီပေးကြသည်။ ဤမိတ်ဖက်အကောင်များကို အကျိုးပြုပိုးမွှားများ (အင်းဆက်များ) ဟုခေါ်ပါသည်။ ၎င်းတို့သည် ဖျက်ပိုးများ၏ ရန်သူများဖြစ်ပြီး သဘာဝနည်းအားဖြင့် ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းပါသည်။ အောက်တွင်ဖော်ပြထားသော ပိုးမွှားများသည် စိုက်ခင်းများအတွင်းရှိ အများဆုံးတွေ့ရှိရသော အကျိုးပြုအင်းဆက်ပိုးမွှားများဖြစ်ပါသည်။ ၎င်းတို့ကို ကာကွယ်ခြင်းဖြင့် သီးနှံများကို ဖျက်ပိုးရန်မှကာကွယ်ရန် ၎င်းတို့က အကျိုးပြုမည် ဖြစ်ပါသည်။

(က) ပင့်ကူများ

   ပင့်ကူများအားလုံးသည် ဖျက်ပိုးများကို သတ်ဖြတ်စားသောက်သည့်အတွက် တောင်သူများ၏မိတ်ဆွေများဖြစ်ကြပါသည်။

(ခ) ရှိခိုးကောင်များ

   ရှိခိုးကောင်များသည် ဖြည်းညင်းစွာ ဖျက်ပိုးများထံချဥ်းကပ်ပြီးနောက် ပေါ့ပါးသောအရှိန်ဖြင့် ခုန်ဟပ်၍ ဖမ်းဆီးသည်။

(ဂ) ခုန်အုပ်သောပင့်ကူများ

   ခုန်အုပ်သောပင့်ကူများသည် ဖျက်ပိုးများကို ရှာဖွေကိုက်ဖြတ်စားသောက်သည်။ ပင့်ကူသည် လဲလျောင်းစောင့်ဆိုင်းနေပြီး အနီးကပ်ဖြတ်သွားသော ဖျက်ပိုးများကို ပင့်ကူအိမ်ထဲ၌ ဖမ်းဆီးစားသောက်သည်။

(ဃ) ပျစားယင်များ

   ပျစားယင်များသည် ပန်းပွင့်များပတ်လည်၌ ရစ်သီဝဲပျံနေလေ့ရှိပြီး အရွယ်ရောက်ယင်ကောင်များသည် ဝတ်မှုန်နှင့် ဝတ်ရည်များကို အဓိက စားသုံးကြသည်။ လောက်ကောင်များသည် ပျကဲ့သို့သော စုပ်စားအင်းဆက်များကို စားသောက်လေ့ရှိ ကြသည်။

(င) ဓားပြယင် 

   ဓားပြယင်သည် အင်းဆက်အမျိုးအစားများစွာကို ဖမ်းယူကြသည်။

(စ) လိပ်ခုံးကျိုင်းများ

   လိပ်ခုံးကျိုင်းများနှင့် ၎င်းတို့၏လောက်ကောင်များသည် ဟင်းသီးဟင်းရွက်များ၌ ကျရောက်သော ပျ၊ ယင်ဖြူ၊ မွှားပင့်ကူနီ၊ အကြေးပိုး၊ ကြမ်းပိုးစသည့်ဖျက်ပိုးများကို စားသောက်ဖျက်ဆီးကြသည်။

(ဆ) ပုစဥ်းအမျိုးအစား

   ပုစဥ်းအမျိုးအစားအားလုံးသည် ဖျက်ပိုးများကို စားသောက်ကြသည်။

(ဇ) ဇာတောင်ပိုး

   ဇာတောင်ပိုးနှင့် ၎င်းတို့၏ လောက်ကောင်များသည် ပျများ၊ ဓားခုတ်ကောင်များနှင့် အခြားကိုယ်ထည်ပျော့ပြောင်းသည့် အင်းဆက်များ၊ ခူကောင်များနှင့် ခြများကို စားသောက်ကြသည်။

(ဈ) နဖားချေးပိုး

   နဖားချေးပိုးများသည် ဖျက်ပိုးများကို ဖမ်းယူစားသောက်သည့်အပြင် မြေထဲတွင် အော်ဂဲနစ်ပစ္စည်းများကို ဆွေးမြေ့စေပါသည်။

(ည) နကျယ်ကောင် 

   အမျိုးမျိုးသော နကျယ်ကောင်ကြီးများသည် ဖျက်ပိုးများကို တိုက်ခိုက်ပြီး အကောင်ငယ်အများစုသည် ဖျက်ပိုး၏ ကိုယ်ထည်အတွင်းတွင် ဥအုပြီးနောက် နကျယ်လောက်ကောင်သည် ဖျက်ပိုးကို သေစေခြင်းဖြစ်သည်။

အကျိုးပြုပိုးမွှားများ ထိန်းသိမ်းစောင့်ရှောက်ခြင်း

   အကျိုးပြုပိုးမွှားများကို နည်းလမ်းနှစ်သွယ်ဖြင့် အသက်ရှင်ရပ်တည်နိုင်ပြီး တိုးပွားလာစေရန် ကူညီစောင့်ရှောက်နိုင်ပါသည်။

(၁) ဓာတုပိုးသတ်ဆေးများသည် အကျိုးပြုပိုးမွှားများကို သေစေသဖြင့် အသုံးမပြုသင့်ပါ။ ၎င်းအစား သမရိုးကျ ပိုးသတ်ဆေးများနှင့် ဇီဝပိုးသတ်ဆေးများကို အသုံးပြုပါ။ ပိုးသတ်ဆေးများကို သင့်လျော်အောင် မည်ကဲ့သို့ အသုံးပြုသင့်ကြောင်း လေ့လာပါ။

(၂) စိုက်ပျိုးထားသည့် သီးနှံအနီးရှိ ပန်းပွင့်နိုင်သည့် အပင်များကို စိုက်ပျိုးပြီး ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ၎င်းပန်းပွင့်များမှရရှိသော ဝတ်မှုန်နှင့် ဝတ်ရည်များသည် အကျိုးပြုပိုးမွှားများအသက်ရှင်သန်ရန်နှင့် မျိုးပွားစေရန် အထောက်အကူပြုပါသည်။ ပန်းပွင့်နေသော အပင်များသည် အကျိုးပြုပိုးတစ်မျိုးဖြစ်သော ပျားတူယင်အား မျိုးပွားနိုင်ရန် အထောက်အပံ့ဖြစ်စေသည်။

Source - AERDDC : စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်